အမှတ်တရ(သို့)အတွေ့အကြုံ

လွန်ခဲ့သော ၉ နှစ်လောက်က ကျွန်တော် ဆယ်တန်းဖြေပြီး အမှတ်စာရင်းများမထွက်မီ အဖေတာဝန်ကျရာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ရွာလေးတစ်ရွာသို့ အလည်လိုက်သွားစဉ်က အမှတ်ရစရာတစ်ခု(သို့)အတွေ့အကြုံ တစ်ခု ရှိခဲ့ပါသည်။ထိုအမှတ်ရစရာအကြောင်းကြောင့် ဘဝ တွင်တော်ရုံတန်ရုံ အခက်အခဲ ဒုက္ခတွေနဲ့ရင်ဆိုင်ရချိန်တွင် စိတ်မညစ် စိတ်မပျက်တတ်တော့ပါ။
ထိုအချိန်က ယင်းဒေသများသည် ယခုအချိန်လောက် တည်ငြိမ်အေးချမ်းမှုမရှိသေးပေ။ထို့ကြောင့် အဲ့အချိန်က တွေ့ကြုံရသည်များမှာ ဘဝအတွက် သင်ခန်းစာများပင် ဖြစ်ပေသည်။တစ်နေ့တော့ အဖေဖြစ်သူ၏တပည့်တစ်ယောက်က "သူ့ရွာကိုလိုက်ခဲ့ပါလား " ဟုအလည်ခေါ်သဖြင့် လိုက်သွားခဲ့သည်။လမ်းခရီးအကွာအဝေးကတော့ လေး ငါး မိုင်လောက်သာရှိသော်လည်း လမ်းအနေအထားကဖြင့် ဆိုင်ကယ်ဘီးတစ်ဘီးစာသာသာ လောက်သာပဲ ရှိသည်။ဒါ့အပြင် လမ်းက ထွန်စက်များသွားသောလမ်းများဖြစ်သဖြင့် တစ်ဖြောင့်တည်းမဟုတ်ဘဲ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့ တွန့်လိမ်ကောက်ကွေးနေသည်။ကျွန်တော်တို့သွားသောအချိန်က ညနေ ၃နာရီလောက်ဖြစ်ပြီး ခရီးကြာချိန်မှာ ၁နာရီခွဲ ၂နာရီ လောက် ကြာသည်။
ရွာကို ရောက်ပြီး သူ့အိမ်မှာ ခဏ နားပြီး ခေါင်ရည် တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး ပြန်ဖို့ထိုင်စောင့်နေသည်။ဒီကြားထဲ ကွမ်းယာ စားချင်လာသဖြင့် ရွာထဲတစ်ပတ်လောက်ပတ်ပြီး ဆိုင်လိုက်ရှာရာ ဆိုင်ရောက်တော့ "92နဲ့ ၂၀၀ဖိုးလောက် " လို့ပြောရာ ဆိုင်ပိုင်ရှင်မှ "မရှိဘူး ကောင်လေးရ "လို့ပြန်ပြောသဖြင့် ကျွန်တော်လည်း "ဒါဖြင့် ရှိတာနဲ့သာပေးတော့ " ဆိုပြီး မှာလိုက်သည်။သိပ်မကြာခင် ကွမ်းယာထုပ် ရပြီး တစ်ယာလောက် ထုတ်ဝါးလိုက်တော့ ကွမ်းယာထဲမှာ ထုံးနဲ့ အုန်းသီးစိတ် သာပါသည်ကို ခံစားလိုက်ရသည်။
ဒါနဲ့ကျွန်တော်လည်း ဟိုအကိုကို ဆက်စောင့်နပြီး သိပ်မကြာခင် သူပြန်ရောက်လာသည်။သူပြန်လပြီး " ညီလေး ပြန်ရအောင် "ဟုပြောသောအချိန်တွင် နာရီတစ်ချက် ကြည့်လိုက်ရာ ၅:၄၅ မိနစ်ဖြစ်နေသည်။ဒါနဲ့ ပြန်မယ်ဆိုပြန်လာရာ ရွာကနေအထွက် သိပ်မကြာခင် ရာသီဥတုအခြေအနေ သိပ်မကောင်းပြီး မှောင်လဲမှောင်လာသဖြင့် " အကို မီးထွန်းလိုက်လေ "ဟုပြောရာ ကျွန်တော်ကို ဆိုင်ကယ်ရပ်ပြီး ဓာတ်မီး တစ်လက် ပေးသည်။ဓာတ်မီး သာဆိုသည် တကယ်တမ်းတော့ ခေါင်းတွင်ပတ်ပီး ခလုပ်နှိပ်သော ဓာတ်ခဲဓာတ်မီး သာဖြစ်နေသည်။ဒါ့အပြင် ဓာတ်ခဲက လည်း အားမရှိ ခလုပ်နှိပ်ထွန်းလိုက်တော့ မှိန်ပြပြ လောက်သာ လင်းတော့သည်။အဲ့ဒီလိုနဲ့ ကျွန်တော်က နောက်ကနေ မီးထိုးပြီးလာရာ လမ်းခုလတ်ရောက်တော့ " ညီလေး အကို ခဏနားဦးမယ် " ဟုပြောလာသဖြင့် " အကို ဘာဖြစ်လို့လဲ "ဟုပြန်မေးရာ "မမြင်ရတော့လို့" ဟုပြောသဖြင့်
" ဒါဆို ကျွန်တော်မောင်းပေးမယ်" ဆိုပြီး ဆိုင်ကယ်ပေါ်တက် မောင်းမလို့ လုပ်စဉ် ခြေနင်း နောက်ဘရိတ် နင်းကြည့်လိုက်ရာ ဘာမှ ထိတွေ့မှုမရှိသဖြင့် မီးထိုးကြည့်လိုက်ရာ ခြေနင်းနောက်ဘရိတ်မပါ သည်ကို သိရှိလိုက်ရသည်။ကျွန်တော်လည်း ကြာပါတယ်ကွာ ဆိုပြီး မထူးဇာတ်ခင်းကာ မောင်းခဲ့သည်။ဝါးတစ်ပြန် လောက်လဲရောက်ရော " အကို ကျွန်တော် မမောင်းရဲဘူး ဗျာ့ " ဟုဆိုကာ သူ့ကိုသာ ပြန်မောင်းခိုင်းခဲ့သည်။လမ်းကလည်း မကောင်း
မီးကလည်း မမြင် နေရာဒေသကလည်း မငြိမ်းချမ်း ဆိုတော့ကာ ကျွန်တော် တော်တော် စိတ်ဓာတ်ကျသွားသည်။ဒါပေမယ့် ခုအချိန်မှာ ဘာမှလုပ်လို့မရတော့ဘူး ဖြစ်သမျှ အကောင်းချည်းပဲ ဟု စိတ်သွင်းကာ ပြန်လာခဲ့သည်။တဖြည်းဖြည်း ဒီလိုနဲ့ ည ၁၀:၃၀ လောက်ရောက်တော့ ပြန်ရောက်လာခဲ့သည်။နောက်နေ့ ရောက်တော့ ဟိုအကို က ကျွန်တော့ကို "ညီလေး မနေ့ကစိတ်မညစ်ဘူးလား " ဟုမေးရာ "အကိုရာ စိတ်ညစ်တော့ရော အဲ့အချိန်က လုပ်လို့ရမှာလဲ ဒီလိုပဲ သွားရမှာပေါ့ " ဟုပြောခဲ့သည်။ဒါနဲ့ သူ့ကို "ဘာလို့ ဆိုင်ကယ် က ဘာလို့နောက်ဘရိတ် မပါတာလဲ "ဟုမေးရာ " ဒီမှာ ငါ့ညီ နောက်ခြေနင်းဘရိတ်မပါတာ မပြောနဲ့ ဒီမှာကြည့်" ဟု သူ့ဆိုင်ကယ် ရှေ့ဘီးကို ပြရာ ဘီးတစ်ဘီးလုံးကို သံကြိုးဖြင့်ပတ်ထားသည်ကို တွေ့ခဲ့ရသည်။ဒါ့အပြင် သူက "ငါ့ညီ နောက်ဆို မှတ်ထား ကယန်း ဘီး ကယန်းပစ္စည်းဆို ဘာမှ ဝယ်ဖို့မစဉ်းစားနဲ့ အကုန် ဒီလိုမျိုးတွေချည်းပဲ " ဟုကျွန်တော့်ကို ပြောပြခဲ့သည်။ဒီလိုနဲ့နောက်ပိုင်း ပြဿ နာလေးတွေ တက်ချိန် (ဥပမာ ဆိုင်ကယ်ဘီးပေါက်သော် မြို့တွင်း ( သို့ ) ဆိုင်ကယ်ပြင်ဆိုင် ဘီးဖာဆိုင်နဲ့ မနီးသောနေရာ )မျိုးတွင်လည်း သိပ်ပြီး စိတ်မပျက်တတ်တော့ပေ။ကျွန်တော် ကတော့ အဲ့ဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း ဖြစ်ပြီးတဲ့ ကိစ္စမှန်သမျှ စိတ်တို စိတ်ညစ် စိတ်ပျက် နေရင်လည်း ဘာမှထူးမလာမယ့်အတူတူ နောက်လုပ်ရမယ့်ကိစ္စ မှန်သမျှကို ကောင်းတဲ့ရှုထောင့်ကနေပဲ တွေးတော့သည်။
Written by
Kyaw Win Htet
MSC No - 183

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center