အိမ်လွမ်းသူ

အိမ်လွမ်းသူ
image
ကျွန်ုပ်သည် ငယ်စဉ် ကလေးဘဝအရွယ်တွင်ပင်
အိမ်နှင့်ချစ်ရသောမိသားစုကိုခွဲကွာကာ မြို့ကျောင်းသို့
ပညာသင်ရန်အလို့ငှာ ရောက်လာခဲ့ရ၏။မြို့ကျောင်း
တက်ရမှာဆိုသဖြင့် မြို့ကိုအထင်ကြီးစိတ်ရှိသောကျွန်ုပ်
အလွန်ပျော်၏။ငယ်စဉ်က ဘာမှရေရေရာရာ နားမလည်
သောအရွယ်မို့ သူငယ်ချင်းများအားကြွားရလျှင် ပျော်၏။
မြို့ကျောင်းသို့ပြောင်းရွှေ့ရာတွင် အဖေ အမေ ညီကိုမောင်နှမတို့ လိုက်ပါပို့ဆောင်၏။မိသားစု စုံစုံလင်လင်ဖြင့်
မြို့တက်ရသည်မို့ ပျော်မဆုံးပေ။ကျွန်ုပ် သွားတက်ရသည်ကား ဘ.က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်
လေသည်။ကျောင်းနေ ကျောင်းစား သဖွယ် နေရ၏။
မိဘများနှင့်အတူ လာစဉ်က ပျော်ရသော်ငြား ဆရာတော်တွင် အပ်နှံပြီး ပြန်သွားသည့်အခါတွင် ကျွန်ုပ်သည်
တစ်ခါမှမခံစားဖူးသော ဝမ်းနည်းမှုရှည် ဆို့အက်မှုကြီးကို
ခံစားရလေသည်။မျက်ရည်စက်လက်ဖြင့် တစ်ညတာကို
အိပ်စက်ခြင်းမပြုနိုင်ဘဲဖြတ်ကျော်ခဲ့ရသည်။
image
ထိုအချိန်မှစကျွန်ုပ်သည် အိမ်ကိုလွမ်းဆွတ်ခြင်းဝေဒနာကို အလူးအလဲခံစားရလေသည်။ငယ်စဉ်အရွယ်မို့
တစ်ခုခုကြုံတွေ့ရတိုင်း အလွန်ပင်ဝမ်းနည်း၏။ထိုအချိန်
များတွင် အတမ်းတမိဆုံးသည် အိမ်ပင်ဖြစ်ချေသည်။ဘုန်းကြီးကျောင်းတွင် နေရသည်မို့ ကျောင်းသားဟောင်းများ၏အနိုင်ကျင့်မှုကို ခံရသည့် အခါတွင်လည်း အားကိုး
ရာ အဖေနဲ့အမေရှိရာ အိမ်ကိုပင် တောင့်တမိ၏။ညအိပ်
သည့်အခါလည်း အိမ်တွင်ပင် နှစ်ခြိုက်စွာအိပ်ပျော်သည်ဟုထင်၏။နွေဥတုနေပူသည့်အခါ အိမ်သည်ပင်အရိပ်
ပိုရ၏။မိုးဥတုမိုးရွာသည့်အခါ အိမ်သည်ပင်လုံခြုံ၏။ဆောင်းဥတုချမ်းအေးလှသည့်အခါ အိမ်တွင်လည်း သည်စောင် သည်ခြင်ထောင် သည်အနွေးထည် ဤတွင်လည်း သည်လိုပင်အိပ်ရငြား အိမ်သည်သာ ပို၍နွေးထွေးလုံခြုံမှုရှိလှသည်ဟုထင်ချေ၏။ဟင်းကောင်းကောင်း
စားရငြားလည်း အချဉ်ဟင်းတစ်ခွက်နဲ့ အိမ်သည်သာပို၍
ထမင်းမြိန်လှသည်။ဤကားအိမ်လွမ်းသူကျွန်ုပ်အတွေးများပင်ဖြစ်လေသည်။
image
မြို့ကြီးပြကြီးတွင် ဟင်းကောင်းထမင်းကောင်းပင်
စားရသော်ငြား အိမ်တွင် ဘာမှမရှိသော်လည်း မိသားစု
စုံစုံလင်လင်နှင့်စားရသော အရသာသည်ဘာနဲ့မျှမလှဲနိုင်
ပေ။ထိုသို့သောအရသာ ကျွန်ုပ်မရရှိတော့သည်မှာ ၉နှစ်
ခန့်ပင်ရှိလေပြီ။ကျောင်းပိတ်ရက်များတွင် အိမ်ပြန်ရ
သော်လည်း ညီကိုမောင်နှမများ မစုံလင်တော့သောကြောင့် ထိုအရသာကင်းမဲ့ရလေသည်။သို့ပေမဲ့ အဖေနှင့်အမေအိမ် အမေ့လက်ရာသည် ကား ထာဝရမမေ့နိုင်သောနေရာ ထာဝရစွဲစေသော အရသာများဖြစ်ချေသည်။
ယခုအချိန်များတွင် အဘယ်မျှပျော်စေသောအရာများတွေ့ရှိကာမူ လွန်ခဲ့သော၉နှစ်က အချိန်များထက် ကျွန်ုပ်
အား မပျော်ရွှင်စေနိုင်ခဲ့ပေ။ညီအစ်ကိုမောင်နှမ စုံစုံလင်
လင် မိသားစုစုံစုံလင်လင်ဖြင့်ရှိခဲ့သောအချိန်များသည်
ကျွန်ုပ်အတွက် မေ့မရသော အခိုက်အခန့်များပင်။ထိုသို့
သော အချိန်များရှိသည့် အိမ်လေးကို ပြန်လိုချင်မိတမ်းတမိပါ၏။
image
မြို့ပြမှာ လူကြီးတစ်ယောက်သဖွယ် နေရ ပြုရ
ရသော်လည်း အိမ်သို့ပြန်ရောက်သည့်အခါ ၅နှစ်ကလေး
တစ်ယောက်ကဲ့သို့ဖြစ်သွားချေ၏။ဤအဖြစ်ကား အိမ်ဝေးသူတိုင်း ခံစားဖူးကြမည်သာ။အဖေနှင့်အမေအိမ်လေး
သည်ထာဝရအေးချမ်း၏။အပူကင်းစင်၏။ပြန်လည်နုပျို
မှုကိုပေးစွမ်းနိုင်၏။ခွန်အားသစ်ကိုပေး၏။လိုချင်သည့်အရာဝတ္တု တိုင်းသာ မရှိနိုင်သော်ငြား အကြင်နာမေတ္တာ
အကြင်နာ ဂရုဏာ မုဒိတာ နွေးထွေးမှု လုံခြုံမှု စသည့်
အရာတို့ကား ယူငင်၍မကုန်ရှိချေလေသည်။ဤကား
ကျွန်ုပ်၏ အမြဲလွမ်းဆွတ်တမ်းတနေရသော အိမ်လေးဖြစ်လေသည်။
မြို့ပြကြီးမှာ အနေကြာလှသော်လည်း အိမ်ကိုလွမ်းသောစိတ်သည် ယနေ့တိုင် မပြေပျောက်နိုင်။အဖေ့ကို
လွမ်းသည်။အမေ့ကိုလွမ်းသည်။ညီအစ်ကိုမောင်နှမများ
စုံလင်မှုကိုလွမ်းသည်။အဖေနှင့်အမေရှိသောအိမ်လေးကိုလွမ်းသည်။ရာသီအလီလီ နှစ်အလီလီပြောင်းသော်
ငြား ကျွန်ုပ်သည် အိမ်လွမ်းသူတစ်ယောက်အဖြစ် အိမ်
လွမ်းသူအတွေး အိမ်လွမ်းသူအဆွေးဖြင့် အစဉ်ရှိနေချေသည်တကား။
image

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now