Myanmar stock 6step

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၆

#စတော့ထဲမဝင်ခင်လေး (သို့မဟုတ်)
#ကျွန်တော်စီးပွားရေးနှပ်တွဲလဲ

ကျွန်တော် အစက How ဘယ်လိုဆိုတာ ရေးမလို့ပါပဲ ။ သို့သော် မရေးမဖြစ်အခြေအနေမို့လို့ပါ။ မြန်မာနိုင်ငံအတွက်လည်းတော်တော် အန္တရာယ်များနေလို့ပါ။ ကျွန်တော်ပြောတာဟုတ်မဟုတ် ဖတ်ပြီးတဲ့အခါ စာဖတ်ပရိတ်သတ်တို့ မိမိကိုယ်မိမိ ဝေဖန်စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများက လွယ်လွယ်ကူကူဆိုတာလေး သက်သက်သာသာလေးဆိုတာလေး အသေသဘောကျပါတယ်။ အရင်ခေတ် ၁၀စုနှစ်တစ်ခုနှစ်ခုလောက်ကစပြီး ချဲထီတွေထိုးကြတယ်။ နောက်ဖဲရိုက်ကြတယ်။ နောက်ဘောလုံးပွဲတွေမောင်းတွေထိုးကြပြန်ရော 

အမြတ်ကဘယ်နှယ်ဆ ချကြတာပဲ ဒိုင်ကမလျောနိုင်ပြေးပြန်တော့လည်း တိုင်စရာမရှိနတ်ထိ ဆိုသလိုပါပဲ။ အခုလည်း ကျွန်တော့်ဆီကို လာလာမေးကြလွန်းလို့ Plan A တွေ Plan B တွေ Plan C တွေနဲ့ ကျွန်တော်စိတ်မသက်သာလွန်းလို့ မြန်မာတွေဒီလိုဖြစ်နေတာ မကြည့်ရက်လွန်းလို့ကို "HYIP များနှင့် တစ်ထောင့်တစ်ည" ဆိုပြီး ဆောင်းပါးလေး အခု ဒီ "သူ့စိတ်ကူး" page လေးကနေတစ်ဆင့်ရေးခဲ့ပါတယ်။(မဖတ်ရသေးတဲ့သူများအတွက် အောက်မှာ link လေးချပေးထားပါတယ်) အတိုင်းအတာတစ်ခုထိတော့ ထိရောက်ခဲ့နိုင်သောငြားလည်း ဖတ်ပြီးသူများက Share ပေးကြတာနည်းတယ်။ ဘာကြောင့်လည်းသော်မသိ။ ကျွန်တော်တို့တစ်ခြားမပြောပါနဲ့ ။ ကျွန်တော်တစ်ယောက်တည်း စတော့တတ်ပြီး စတော့ exchange မှာ သာ တစ်ယောက်တည်း ရောင်းဝယ်နေရင် ဘယ်သူဝယ်မလဲ ဈေးတွေ ဘယ်သူက သတ်မှတ်ကြမလဲလေ။ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်ပေါ်တစ်ယောက်မှီခိုနေကြရတယ်။ ဆိုးတာက HYIP ဆိုတဲ့ အမြတ်မတ်လုံးပေး လိမ်လည်မှုတွေကို အများအားဖြင့် ငွေကြေးရှိပြီး ငွေကြေးရှာနိုင်သူများက ဒါကို လိမ်လည်မှူ မှန်းသိကြပါတယ်။ (လောကမှာဘယ်အရာမှ အလကားမရဘူးဆိုတာလေး တော့သိထားစေချင်ပါတယ်) တကယ်လိမ်ခံနေရနေတဲ့သူတွေက ဝန်ထမ်းတွေ ရုံးအလုပ်လုပ်နေသူတွေ အခုမှ Wolf Of The Wallstreet လို ကားတွေကြည့်ပြီး ချမ်းသာတာများကွာ ဆိုတဲ့ OC(over confidence) သမားတွေ အများဆုံးခံကြရပါတယ်။ ကျွန်တော်ကိုယ်၌လည်း ဒီစီးပွားရေးလောက ထဲ စတင်အခြေချစဉ်က OC ခဲ့ပါသေးတယ်။ တကယ်တော့ စီးပွားရေးပညာဟာ ပိုပြီးတော့ နက်နဲတယ်ခက်ခဲတယ် ကျယ်ပြောလွန်းတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ အခု ကျွန်တော်သင်နေရတဲ့ ဆေးပညာလိုပါပဲ။
တစ်နေ့က အစ်ကိုတစ်ယောက်စကားလာပြောပါတယ်။ ဒါဘယ်လိုမြင်သလဲ သူစုထားတာလေးအားလုံးထည့်လိုက်တယ်တဲ့ ကျွန်တော်လည်း (ကျွန်တော့်အသက်က မနေ့တစ်နေ့က ၁၉ နှစ်ပြည့်တာဆိုတော့) အစ်ကိုပဲဖြစ်မှာပါ။ အဲ့အစ်ကိုလိုပဲ ရိုးရိုးလေးပဲတွေးခဲ့ပါတယ်။ ၄ ၅ ၆ လဆိုတာတောင် အရင်းကြေနေပြီ အတိုင်းထက်လွန်ပေါ့။ (မျိုးကြီးလားမသိပါဘူး) xD ငါကွဆိုပြီးတော့ပေါ့ဗျာ။ ကျွန်တော်ကံကောင်းတာလား ကံဆိုးတာလားမသိပါဘူး ။ ကျွန်တော်လည်း HYIP အမြတ်မတ်လုံးပေးလုပ်ငန်းတွေကို လေ့လာရင်း အစ်ကိုတစ်ယောက်နဲ့ခင်ပါတယ်။ လေ့လာကြတယ်။ ဆွေးနွေးကြတယ်။ ညအစ်ကိုလိုပဲ ယုံကြည်ခဲ့ပါတယ်။ သို့သော် တစ်နေ့ သူ့ရဲ့ profile လေးအမှတ်မထင် တွေ့လိုက်မိတယ်။
My Investment သင့်ငွေပေါ့လေ' ($0)
Commissions ပွဲခ ($659) တဲ့
ဘုရားဘုရား ကျွန်တော့်ကို ထည့်ဖို့တိုက်တွန်းနေခဲ့တဲ့ သူ။ ကျွန်တော် တစ်ပတ်မကဘူး အပတ် ၁၀၀ လောက်ကို အရိုက်ခံလိုက်ရပါတယ်။ သူကိုယ်တိုင် မမြှုပ်နှံပဲ, သိသွားပြီ။ သိသွားပြီ။ HYIP ဆိုတာ ကျွန်တော့်လို စီးပွားရေးနှပ်ချီးတွဲလဲလေးတွေကို အချဉ်သိပ်တဲ့ ကင်ချီတစ်ဘူးဆိုတာကို သိလိုက်ရပါပြီ။သို့သော် ကျွန်တော်မကယ်နိုင်။ ကျွန်တော့်လိုလူ ၁၀၀ ကျော်ရှိသေးသည်။ သူလမ်းညွှန်ပေးနေတုန်းပါ။ကျွန်တော် စိတ်မကောင်းမိ။ ခလုပ်လေးတစ်ချက်နှိပ်ဖို့အလို။ အဲ့အချိန်ကနေစပြီး သူတို့ပြောပြောနေသော forexတွေ လေ့လာသည်။ တကယ်တမ်း ဘယ်လောက်ခက်ခဲ မရေရာမှန်း forex လုပ်နေသူများသိလိမ့်မည်။ အခုမှသာ ကျွန်တော်ပြောချင်တဲ့နေရာလေးရောက်လာပြီ။
ကျွန်တော်ငယ်လွန်းပြီး မသိဘဲ ရမ်းသမ်းပြောနေမိမှာလဲစိုးမိသည်။ စာဖတ်သူကိုယ်တိုင်ပဲတွေးကြည့်စေချင်သည်။

  1. ဘယ်သူတာဝန်ခံလဲ
  2. ဘာလုပ်လဲ
  3. ဘယ်လိုငွေရလဲ
  4. ဘာလောက်ဒီလောက်လွယ်ရလဲ
  5. ဘာလို့ကျွန်တော်တို့လာခေါ်ရတာလဲ
  6. ဘဏ်မှာချေးပြီး လုပ်လို့မရဘူးလား?
    အစရှိသဖြင့်ပေါ့
    ဘယ်အစိုးရကခွင့်ပြုထားပါတယ်ဆိုတဲ့ စာရွက်စာတမ်းအတုတွေ စားသောက်ဆိုင်ဟိုတယ်တွေရဲ့ လိပ်စာတွေကို ရုံးလိပ်စာလို့ပေးတာတွေ မော်ဒယ်ပုံတွေ ဖြတ်ညှပ်ကပ် ဗီဒီရို အတုတွေ ပြပါလိမ့်မည်။ စတော့ exchange အပေါ်မကြာခင်တင်တော့မယ်ဆိုတာကပါသေး။
    စတော့exchange ပေါ်ကို ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ဘယ်လိုခုံရုံးတွေ အစစ်ဆေးခံပြီးမှ ရောက်လာတယ်ဆိုတာသိချင်ရင် တခြားမပြောပါနဲ့ အိမ်က ဘာပဲလိုလိုရန်ကုန်လမ်းညွှန်က လုပ်ငန်းတွေ company တွေ ရေတွက်ကြည့်ပါ။ အခု စတော့ exchange ပေါ်ရောက်နေတဲ့ company အရေအတွက်ကို စုံစမ်းပါ။ စတော့ ဘယ်လိုလုပ်ရလဲဆိုတာ မသိခင် စတော့ဆိုတာ ငွေတွေလှိမ့်ထုတ်ပေးနေတယ် စက်ကြီးမဟုတ်ဘူးဆိုတာရယ် (ဘယ် company ကမှ အမြတ် ၁၅ ၁၆ ၁၇ ၁၈ ရာခိုင်နှုန်းထက်ပိုမပေးနိုင်ပါ။ ၁၀၀% ၃၀၀ % ၇၀၀ % ဆိုတာမျိုးကြီးကတော့ သိကြားမင်းထံသွားဆုတောင်းရင်တောင် ဟိုက ပြန်ပြီးဆုတောင်းခိုင်းရမယ့်သဘောပါ။) စတေ
H2
H3
H4
3 columns
2 columns
1 column
Join the conversation now