ဘ၀၀တ်စုံသုံးမျိုး

ဘွဲ့ဝတ်စုံ
အလုပ်ယူနီဖောင်းဝတ်စုံ
ဝတ်ကောင်းစားလှဝတ်စုံ
636002910335971734-ThinkstockPhotos-462114095.jpg
ကျွန်တော်တို့ အားလုံးရဲ့ဘ၀မှာ ဘွဲ့ဝတ်စုံလေးဝတ်ရဖို့အတွက် နှစ်ပေါင်းများစွာ ကျောင်းစာတွေ သင်ကြားခဲ့ရပါတယ်။ ဒီကနေ့ (၁၀)တန်းဖြေဆိုနေကြတဲ့ ကလေးတွေဟာလည်း ထိုဘွဲ့ဝတ်စုံလေးဝတ်ရဖို့အတွက်ပါပဲ။ အဲ ကျောင်းပြီးလို့ ဘွဲ့ရ၊ ဘွဲ့ဝတ်စုံလေးဝတ်ပြီးသွားရင် အများစုဟာ အလုပ်ယူနီဖောင်းဝတ်စုံလေးကို ဆက်လက်ဝတ်ဆင်ကြပါတယ်။ ဒီဝတ်စုံကိုတော်တော်နဲ့ မပြောင်းကြပါဘူး။
b84c5756f6a889fa332015e4458021f9_L.jpg
အလုပ်သွားလိုက်၊ အိမ်ပြန်လိုက်၊ အလုပ်လုပ်လိုက်၊ လစာထုတ်လိုက်၊ သုံးစွဲလိုက်၊ ကုန်သွားလိုက်၊ အလုပ်ပြန်လုပ်လိုက်နဲ့ ဒီသံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေကြပါတယ်။ ဒီလိုတ၀ဲလည်လည် လျှောက်လှမ်းနေတဲ့ လူသားတွေ တနေ့ထက်တနေ့ အလုပ်စာရင်းတွေ အလုပ်တာဝန်တွေပိလာတော့ မျက်နှာကလည်း တက်ကြွလန်းဆန်းမှုတွေပျောက် စိတ်ဖိစီးမှုတွေများလာကာ မပျော်ရွှင်နိုင်ဖြစ်လာရပါတယ်။ အချိန်တန်လို့အိမ်ထောင်ပြုပြီး သားသမီးတွေ ရရှိလာတော့ ၀င်ငွေပိုမိုလိုအပ်လာပြန်တယ်။ ဒီအတွက် အလုပ်တွေဖိလုပ်ရာကနေ လူဟာ ခြေကုန်လက်ပမ်းကျတဲ့အထိ ဖြစ်လာကာ ကျမ်းမာရေးထိခိုက်လာတယ်။ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကြာလာတော့ ဒီဘ၀စက်ဝိုင်းထဲကြီးမှာ ရုန်းကန်လှုပ်ရှားနေရတာကို မောပန်းငြီးငွေ့ပြီး လက်မှိုင်ချလိုက်ရတယ်။ အလုပ်ယူနီဖောင်းဝတ်စုံလေးကို တော်တော်နဲ့ မပြောင်းလဲနိုင်ကြဘူး။
2015-04-09-22-29-09-782916696.jpeg
တချို့ဆိုရင် ပင်စင်ယူတဲ့အထိ ၀တ်ဆင်ထားကြတယ်။ အသက်(၆၀)ပြည့်သွားတော့မှသာ အလုပ်ယူနီဖောင်းဝတ်စုံကို မဖြစ်မနေ ချွတ်ရပါတယ်။ ဒါပေမေ့ ပြောင်းလဲဝတ်ဆင်လိုက်ရတဲ့ အ၀တ်လေးကတော့ ၀တ်ကောင်းစားလှလေးတွေမဟုတ်ပဲ သာမန်အ၀တ်လေးပဲဖြစ်နေတတ်ကြပါတယ်။
သာမန်အားဖြင့်တော့ လူအများစုဟာ တစ်သက်လုံး အလုပ်ခွင်ဝင် အလုပ်လုပ်ဖို့အတွက်သာ စဉ်းစားကြတယ်။ ချမ်းသာကြွယ်ဝတဲ့ဘ၀ကိုရောက်ဖို့အတွက် မစဉ်းစားကြပါဘူး။
0a00419.jpg
သင်ဟာ အခုလောလောဆယ် ဘွဲ့ဝတ်စုံလေးဝတ်ဖို့အတွက် ပညာရေးမှာ ကြိုးစားနေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အလုပ်ယူနီဖောင်းဝတ်စုံလေးဝတ်ရဖို့အတွက် အလုပ်ရှာနေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လက်ရှိမှာ ယူနီဖောင်းလေးဝတ်ဆင်ထားသူလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ၀တ်ကောင်းစားလှဝတ်စုံလေးတွေ ၀တ်နိုင်ဖို့အတွက်လည်း စဉ်းစားရဦးမှာဖြစ်ပါတယ်။
10-Specific-Things-Leaders-Need-to-Do-to-Stay-Successful-1.jpg
ဘ၀ရဲ့ ၀တ်စုံသုံးစုံပေါ်မှာမူတည်ပြီး ပညာရေးသုံးမျိုးရှိကြောင်း ခွဲခြားသိထားသင့်ပါတယ်။
၁။ကျောင်းသင်ပညာရေး
ဒါကတော့ အားလုံးသိပြီးဖြစ်တဲ့ အခြေခံပညာနဲ့ အရေး၊ အဖတ်၊ အတွက် စတဲ့ "အ" သုံးလုံးကျေပညာတွေကို သင်ကြားခြင်း ဖြစ်ပါတယ်။ မြန်မာသဒ္ဒါ၊ အင်္ဂလိပ်စာ၊ စာစီစာကုံး၊ ကဗျာအလင်္ကာ၊ အထွေထွေသိပ္ပံ၊ သင်္ချာ၊ ဇီဝ၊ ဓာတု၊ ရူပဘေဒဘာသာရပ်တွေစတဲ့ ကျောင်းပညာရေးတွေ ဖြစ်ပါတယ်။
၂။ အသက်မွေးဝမ်းကျောင်းပညာရေး
ဒီပညာရေးကတော့ အသက်မွေးဝမ်းကျောင်းအတွက် ငွေရအောင် ရှာဖွယ်နိုင်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာတွေဖြစ်ပါတယ်။ ဥပမာ စာရင်းအင်းပညာ၊ ပန်းချီအနုပညာ၊ အလှပြုပြင်ရေးပညာ၊ ဆေးပညာ၊ ဗိသုကာပညာ၊ Marketting ပညာ စတဲ့ အတတ်ပညာတွေ ဖြစ်ပါတယ်။
၃။ငွေကြေးဆိုင်ရာပညာရေး
ဒီပညာရေးက ဘ၀မှာ ငွေကြေးအရ အောင်မြင်လွတ်မြောက်ဖို့အတွက် များစွာအရေးပါတဲ့ ပညာရေးဖြစ်ပါတယ်။ ငွေကြေးစီးဆင်းမှု၏ သဘောတရားများ၊ ငွေတွေတိုးပွါးများပြားစေမယ့် စီးပွါးရေးလုပ်ငန်းများနဲ့ ရင်းနှီးမြုပ်နှံမှုအကြောင်းများ၊ ချမ်းသာကြွယ်ဝရေးဆိုင်ရာ အသိပညာများပင် ဖြစ်ပါတယ်။ ဒီပညာရေးဟာ ငွေတွေကို ကိုယ့အတွက် အလုပ်လုပ်ပေးဖို့နဲ့ အကျိုးဖြစ်ထွန်းအောင် စေခိုင်းတတ်ခြင်းပညာကို သင်ကြားခြင်းဖြစ်ပါတယ်။
ဒီပညာရေးသုံးမျိုးစလုံးကို အာရုံစိုက်ပြီး လေ့လာသင်ကြားတာဟာ ဘ၀ရှင်သန်ရေးအတွက် အလွန်အရေးပါလှပါတယ်။ ကျောင်းသင်ပညာရေးဟာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာတွေ တတ်မြောက်အောင်မြင်ပြီး ဘွဲ့တစ်ခုရရှိဖို့အတွက်ဖြစ်သလို အသက်မွေးဝမ်းကျောင်းပညာရေးကလည်း အလုပ်အကိုင် အဆင်ပြေပြီး ဘ၀ရပ်တည်ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ငွေကြေးဆိုင်ရာပညာရေးကိုတော့ လေ့လာသင်ယူမှု အားနည်းကြပါတယ်။
ကျောင်းမှာ စာတော်သည်ဖြစ်စေ စာညံ့သည်ဖြစ်စေ၊ ဆရာဝန်ပဲဖြစ်နေဖြစ်နေ လုံခြုံရေးပဲဖြစ်နေဖြစ်နေ အားလုံးဟာ ငွေကြေးဆိုင်ရာပညာရေးကို တတ်မြောက်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဘာအလုပ်ပဲလုပ်လုပ်၊ ဘယ်သူတွေပဲဖြစ်လာဖြစ်လာ အားလုံးဟာ ငွေကိုရှာဖွေ ကိုင်တွယ်သုံးစွဲရမှာဖြစ်လို့ပါပဲ။ ဒါကြောင့် ဒီပညာရေးသုံးမျိုးစလုံးကို သင်ယူထားမှ ဘ၀အောင်မြင်မှုရရှိမှာပါ။ အများစုကတော့ ပညာရေးနှစ်မျိုးမှာပဲ ရပ်တန့်နေကြပါတယ်။ ကျေနပ်နေကြပါတယ်။ ငွေကြေးပညာရေးကို မသင်ယူထားရင်တော့ သင်ဟာ ၀တ်ကောင်းစားလှဝတ်စုံလေးကို မ၀တ်နိုင်ပဲ အလုပ်ယူနီဖောင်းဝတ်စုံနဲ့ပဲ တစ်သက်လုံး သင်ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ ငွေရှာဖို့ အလုပ် လုပ်နေရဦးမှာဖြစ်ပါတယ်။
images.png

@kyawhlaing
MSC -015
photo - google image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now