ဇွဲကောင်းသော တန်ဖိုးရှိသည့်လိပ်ကလေးများ

image

စာဆိုသည်မှာ ရေးပါများမှလည်းရေးတက်မည်၊
တွေးပါများမှလည်း အတွေးထက်ပေမည်။
ကျွန်တော်တို့ steemit ဆိုတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းနေကြတာခြင်းအတူတူမှာ အစဉ်တစိုက်ကြိုးစားအားထုတ်နေကြတဲ့သူတွေနဲ့ မိမိရဲ့အလုပ်အကိုင်လေးတွေကြောင့်မအားလပ်၍ အချိန်မပေးနိုင်ကြတဲ့သူတွေနဲ့ ကွာဟချက်တွေသည် အချိန်ကြာလာတာနဲ့အမျှ သိသာလာကြပါပြီ။
.
တစ်ဖြေးဖြေးနှင့်တစ်ရွေ့ရွေ့သွားနေရသည်
ဆိုသော်ငြားလည်း ဇွဲလုံ့လလည်းရှိကြသည်ဖြစ်၍ မိမိသွားလိုသောပန်းတိုင်ကိုရောက်အောင်သွားမည် တစ်နေ့ထိုသို့ကြိုးစားမှု၏ရရှိလာမည့်အကျိုးရလဒ်ကြောင့်ဖူးပွင့်လာမည့်အသီးအပွင့်တို့ကိုလည်းစားသုံးရမည်ဆိုသည်ကို တွေးမြင်မိ၍လည်း ဆက်လက်သွားနေကြခြင်းဖြစ်သည်။
ထိုသို့သောကြိုးးစားမှုတို့ကို အမည်ပေးမည်ဆိုပာက ဇွဲရှိသော လိပ်တစ်ကောင်ဟုသာ အမည်ပေးလိုက်ချင်ပါသည်။

နောက်ထပ်တစ်ဖန် ကျွန်တော်တို့၏နောက်ကွယ်တွင်
အမြဲတမ်းဆိုသလို အားပေး၊အားဖြည့်ပေးနေသည့်
အစ်ကိုဆရာ ဟင်နရီရှိနေ၍လည်းကျွန်တော်ပျော်မိပါသည်။
ဘာကြောင့်ပျော်ရသလည်းလို့မေးရင်
ကျွန်တော်ဖြေချင်ပါသည်။ ကျွန်တော်မကျွမ်းကျင်ပေမယ့် အွန်လိုင်းမှာငွေရှာခဲ့ဖူးပါသည်။
ကျွန်တော်ရဲ့ လေ့လာမှုအားခြင်း အရင်းအနှီးမထုတ်နိုင်ခြင်းတို့ကြောင့် ကျွန်တော် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး၊
အွန်လိုင်းမှာလုပ်ရမည့်အလုပ်သည် ပါးပါးနပ်နပ်လျှင်လျှင်မြန်လုပ်နိုင်ပါမှအမြတ်ရမည်ဖြစ်သည်။
ထားပါတော့ ထိုအချိန်က သူတို့သည် သူတို့လိုချင်တာကိုသာ အငမ်းမရ ရယူကြသည် သူတစ်ပါးရဲ့ဘဝကိုနားလည်သူတွေတော့သိပ်ပြီးမဟုတ်ခဲ့ကြပါ။
သူတို့လည်းသူတို့စီးပွားရေးလမ်းကြောင်းအရ
နောက်လူတွေကိုဆွဲခေါ်သော်ငြားလည်း
သူတို့လိုချင်တပ်မက်မှုကြောင့်သာ ဆွဲခေါ်နေကြခြင်းဖြစ်ပါသည်။
.
ယခုsteemitလမ်းကြောင်းပေါ်သို့ဆွဲခေါ်နေသော
အစ်ကို ဟင်နရီမှာမူ သူ့အကျိုးဆိုတာထက်ကို
ကျွန်တော်တို့မြန်မာတွေကို အောင်မြင်စေချင်တဲ့
စိတ်စေတနာကြောင့်သာ မရမကဆွဲခေါ်နေခြင်းဖြစ်သည်။ သို့ပေမယ့် မရမကဆိုသည်မှာ စိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေလိုက်ခဲ့ပါဟု အတင်းဒရွတ်တိုက်ဆွဲခေါ်နေခြင်းမျိုးတော့မဟုတ်ပါ။
သင် ကျွန်ုပ်ရဲ့ခေါ်ဆောင်ရာနောက်သို့လိုက်ခဲ့နိုင်သည်။ကိုယ်တိုင်အားထုတ်ပါ၊ ကျွန်ုပ်သည်
သင်တို့အားလုံးကို အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိစေဖို့
ကျွနုပ်ကြိုးစားပေးမည်ဆိုသောသူမျိုးသာဖြစ်ပါသည်။
.
သူအကျိုးကို သိပ်မကြည့်ပဲ steemitမှ မြန်မာတွေရဲ့အကျိုးကိုကြည့်၍လည်း သူရသမျှကို မသုံးပဲ
Steem Powerသို့သာ အမြဲတမ်းပြောင်းလည်းပစ်သည်ကိုတွေ့ရမည်ဖြစ်သည်။
ဒါတင်မကပဲ သူရရှိတဲ့အထဲကနေမှ မိမိရဲ့အရင်းအနှီးပမာဏကို ပြန်မရနိုင်ဘူးဆိုတာကို သိသိကြီးနဲ့
Steemit Community မှ လူအများကို ကူညီချင်တဲ့စိတ်၊
တိုးတက်စေချင်သော စေတနာကြောင့် Steem Powerကို ငှါးယူ၍ votes ပေးနေပါသေးသည်။
ကျွန်တော်တို့သာ ရပ်ချင်ရပ်နေမည်
အစ်ကိုဟင်နရီအောင်နှင့် Steemit Communityမှ admin ဆရာ၊ညီကိုများကတော့ ရပ်မနေပဲ စာပေတွေကိုဆက်ရေးသည်။မရမက voteဆက်ပေးနေကြသည်။သူတို့ရဲ့ voting powerကိုကြည့်ကသိနိုင်ပါသည်။အစ်ကိုဟင်ဆို ပိုဆိုးသည်.သူ့ရဲ့Voting power50%.60%ထိရောက်အောင်
ပင်Voteပေးနေသည်လေ။


* My Poem... . >တာင်စွယ်နေကွယ်ရင် အမှောင်နယ်မှာ အလုပ်လုပ် တစ်မျိုးမဟုတ် အကျိုးယုတ်သည်ကိုမဆိုလို ကြိုးကုတ်ကြိုးစားအဖိုးထား တန်ဖိုးများမယ့်အလုပ်သည်သာ။ . ဟုတ်မည်တစ်ခါမထင်မှက်ခဲ့ မြဲမြံစွာလျှောက်လှမ်းလို့ အရောက်မှန်းခဲ့သည် ယုံကြည်စွာ။ . Steemitငယ်ရွာသည်မှ.. Steemitထည်ထည် မြို့ပြဖြစ် အဖိုးအခ အသစ် ရာချီမှာ။ တန်ဖိုးရှိရှိအချိန်သုံး တစ်နေ့လုံးရဲ့ လုပ်ငန်းဝင်ကာ ညခင်းဆီမှာ မအိပ်စက် Steemitရဲ့ ရွာဆီမှာ.... တစ်နေ့မှာ တစ်လိမ့်နှုန်းနဲ့ မိုင်နှုန်းမြင့်၍လာလိမ့်မည်သာ....... . . . Steemit အဖွဲ့သားများအတွက် ကဗျာမမှီ စာမပီလေးပါခင်ဗျာ ..........@komoezaw

image
KoMoeZaw
MSC-030
.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center