funny and life ဖတ်ရှုဝေဖန်ပေးပါအုံးဗျိုး

အချိန်ကာလတွေပြောင်းလဲလာတာနဲ့အမျှ
mobile phoneတွေဟာလည်း တံဆိပ်တစ်ခုထဲမှာကို modelတွေကအများအပြားခွဲပြီးထွက်ပေါ်လာကြပါတယ်။
ဖုန်းတွေအများကြီးထွက်ပေါ်လာသလို သူတွေဟာလည်း ဖုန်းတွေကို တမျိုးပြီးတစ်မျိုးပြောင်းပြီး ကိုင်ဆောင်လာကြတယ်.

ဖုန်းတစ်လုံးကိုင်တာ အချိန်ကြာလို့ ငြီးငွေ့လာရင် တခြားဖုန်းပြောင်းချင်လာကြရော
အဲ...အဲ့ဒီမှာ စတွေ့တာပဲလေ...

ဖုန်းက ဟောင်းပြီး မပျက်ပြန်တော့..
အသစ် ကိုပြောင်းလဲရန်ခက်ပြန်ပေါ့ 😁😁
.
အဲ့ဒီတော့ဘာလုပ်ကြတုန်းဆိုတော့....
ဖုန်းကို ရေထဲပစ်ချကြတယ်လေ....ဟီဟိ

လူငယ်တွေကိုတော့မပြောပါဘူး..
လူကြီးတွေကိုပဲပြောချင်တာ...
.
လူငယ်နဲ့လူကြီးက ကွာတယ်လေဗျ
လူငယ်တွေက ဖုန်း အသစ်လိုချင်ရင် ဖျက်စရာကိုမလိုတာ သူ့ကသူကို ပျက်တာဗျ..
..လူကြီးတွေရဲ့ ဆုံးမစကားအရ..
လက်ကမြင်းကြောထတယ်ဆိုလား...😄😄
.
အဲ...အဲ့ဒီမှာ ကျွန်တော် အဘကိုပြန်ပြောလိုက်တဲ့စကား
ကျွန်တော်ပြန်ခံရတာဗျ..

လူကြီးတွေဟာ ကျနော်တိုထက်ဦးဏှောက်အတွေးခေါ်ကောင်းတယ်
လက်တွေ့လုပ်တက်တယ်ဆိုတာကိုပါ ကျွန်တော် သိလာရတာဗျ....😁

ကျနော်ပြောလိုက်တာက
.
အဘရာ.ကျွန်တော်တို့က လက်ကမြင်းကြောထတာဟုတ်ပါဘူးဗျ
..ဖုန်းက ရေလည်လန်းတော့ လက်ပေါ်က မချလို့ပျက်တာဗျလို့...ပြောလိုက်တာ..
.
ဖုန်းအသစ်လိုချင်တဲ့ အဘက..ဘာပြန်ပြောတယ်မှက်လည်း...
.
အေးကွ Moe Lay ရ
ငါ့ဖုန်းမပျက်တာ ရေလည်မလန်းလို့ပဲဖြစ်ရမယ်ကွ.
ရေလည်လန်းအောင်လုပ်အုံးမယ်တဲ့..
(ကျွန်တော့ကို ခေါ်တာ Moe Layတဲ့)
.
ဟုတ်ပါပြီအဘရာဆိုပြီးကျွန်တော်က အလွယ်ပြောပြီး ကျွန်တော်လုပ်စရာရှိတာလေးဆက်လုပ်နေတာပေါ့

20170812_123920-BlendCollage.jpg

အဲ...အဲ့လိုကျွန်တော်ပြောလိုက်တာက မနက်ပိုင်းလေ..

ညနေပိုင်းလည်းရောက်ရော...
.
ဟေးးး..Moe Lay..
ငါ့ဖုန်း..ရေလည် လန်းသွားပြီကွ..
အသစ်ဝယ်ပေးတော့တဲ့...
.
တိန်....ဆိုပြီး.. ရွတ်လိုက်မိတယ်
ပြန်ပြီးတော့လည်း စဉ်းစားကြည့်မိတယ်...
ရေလည်လန်းရင်ပျက်သလားပေါ့...

မျက်လုံးထဲသွားပြီးမြင်နေရတာတော့..ကောင်မလေးတွေလေ......ခိခိ 😁😁 ...
.
အဲဟုတ်သေးပါဘူး..ဖုန်းကိုပြောနေတာပဲဆိုပြီး
စဉ်းစားကြည့်မိတယ်..အဖြေကမထွက်ဘူး..
.
သွားပြီလေ..ကျွန်တော် လိုက်မမှီတော့ဘူး
ဂေါက်ပြီပေါ့..

အဲ့ဒါနဲ့..
ဟုတ်....အဘ ဖုန်းက ရေလည်လန်းတော့
အရမ်းကောင်းသွားတာမဟုတ်ဘူးလား
အဲ့ဒါဆိုအသစ်မဝယ်ရဘူး ပိုမိုက်တာပေါ့ဗျာဆိုတော့.
.
ဟာ..မိုက်တာတော့ပြောမနေနဲ့မောင်
ရေအရောင်အဟပ်မှာ ငွေရာင်ကိုလက်နေတာပ...
.
တိန်....ဂွမ်.....
တိန်..နဲ့တင်..အာမေဋိတ်သံက မရတော့ဘူး..
ဂွမ် မှ ရတော့မယ်လေ....😁

ပြောပြပါတော့.အဘရာ
ကျွန်တော် နားကိုမလည်တော့ဘူး....
.
ဒီလိုပါကွာ ဖုန်းက ပျက်သွားတာကွ..
ရေလေးနည်းနည်းပါးပါးပါကွာ...
ဟိုထဲဝင်သွားတာပါ..
.မင်းပြောလို့ငါစမ်းကြည့်တာလကွာ....
.
ဟိုက်..ငါ့ဘက်လှည့်လာပြီဟ..

ဟုတ်ပါပြီအဘရာ..အဲ့ဒါဆိုဘယ်လိုလုပ်လိုက်တာလည်းပြောပြ.....😁😁ပြန်ပြီးမေးနေရတဲ့ဘွလေ..😂😄
.
ဒီလိုကွာ...မင်းကပြောတယ် ရေလည်လန်းရင် ပျက်တယ်ဆိုတော့
ငါစမ်းကြည့်တာကွာ..
မင်းပြောသလိုကွက်တိပဲကွ..
ဖုန်းကိုရေလယ်မှာ သွားပြီးလန်းကြည့်တာ
တစ်ချီတည်းပျက်တာပဲ...
ငါ့ရဲ့ စမ်းသပ်မှုအောင်မြင်တာ မင်းကြောင့်ကွ
ဂုဏ်ယူလိုက်စမ်းပါကွာ....
.
ဟိုက်ရှားဘား
ကျွန်တော်က ရေလည် လန်းတာကိုပြောတာပါဗျာ..
အဘက …”ရေလယ်မှာ” သွားပြီးလန်းတာကိုး..
အဲ့ဒါ..ကျနော်နဲ့ ဆိုင်ဘူး..
အဘက အဘပဲ ဂုဏ်ယူ
ကျနော် မပါဘူး ပြေးပီဆိုပြီး...လစ်တာ..
.အဘက ကျနော့ အမြှီးကနေပီးလှမ်းဆွဲထားတော့ပြေးမရဘူး..
အဲ..ကတောင်းမြှီးကိုပြောတာ..
ပုဆိုးဝတ်ပြီး ကတောင်းကြိုက်ထားတာလေဗျာ.ကျွန်တော်က 😁
.
မရဘူး ငါ့ဖုန်းက မင်းပြောသလိုလုပ်လို့ပျက်တာ
ဝယ်ပေးမလား မဝယ်ပေးဘူးလားပြော..
.
ဟိုက်...😣😣😣

ဟုတ်ပါပြီ အဘရယ် ဝယ်ပေးပါ့မယ်..
လူကြီးစိတ်ချမ်းသာအောင်လည်း ချော့ရသေးတာကိုးဗျ...
..ကျွန်တော်က အဘလို့ ခေါ်နေတာ..
ကျွန်တော့ အဖိုးလေ...

အဘက ဖုန်းအသစ်ဝယ်ပြီး ဘာလုပ်မလို့လည်း
ငါလည်း မင်းတို့လို အဖေ့ဘွတ်ကြီးသုံးပြီး
ကောင်မလေးတွေနဲ့ကြူမယ်လေကွာ...
.
ဟီးဟီး...
ကျွန်တော်ရီလိုက်မိပါပြီလေ..

ဝယ်ပေးပါ့မယ် အဘရယ်
အဘဖုန်းလေးသာထားခဲ့ ကျွန်တော်ပြင်ကြည့်အုံးမယ် ဆိုပြီး တောင်းထားလိုက်ပါတယ်..
ပြင်လို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ..
ကျွန်တော် ဖုန်းအသစ်တစ်လုံးဝယ်ပေးမှာပါ..
.
e2f28406-b29c-45b5-aa24-4878c701fe70_1.f4b0721a3afcf564d07f3b768dd3c7d2.jpeg
Credit google image
.....................
.
တစ်ကယ်တော့ ကျွန်တော် ဟာသအဖြစ်ဖန်တီးခဲ့ခြင်းပါ..
အဖိုးက ဖုန်းကို သီချင်းနားထောင်ဖို့လောက်ပဲ သုံးခဲ့တာပါ...

ကျွန်တော်တို့ရဲ့ အဖိုးဟာ..ကျွန်တော်တို့မိဘလို
ကျွန်တော်တို့ကို ဆုံးမခဲ့ပါတယ်..
အဖိုးက ကျွန်တော်တို့ကို ဆုံးမသလို
ပေါက်ရလေးတွေလည်းပြောလို့ လောကကြီးထဲမှာ
ကျွန်တော်တို့ကို စိတ်မညစ်စေခဲ့ပါဘူး..
ကျွန်တော် သူ့ကြောင့် လိမ္မာသူတစ်ဦးဖြစ်ခဲ့တယ်..
သူ့ကြောင့်.. ဘုရားတရားစာပေနဲ့ နီးစပ်လို့
ကုသိုလ်နဲ့ အကုသိုလ် အကြောင်းသိခဲ့ရလို့
ခွင့်လွှတ်စိတ်ဆိုတာကိုမွေးနိုင်လာခဲ့တယ်..

တစ်ခါတစ်လေ ရန်ဖြစ်ကြတယ်..
တစ်ဦးနဲ့တစ်ဦး စကားနိုင်လုရင်းပေါ့..
တစ်ခါတစ်လေ..စစ်တုရင်ကစားကြတယ်..
ကျားကွက်ရွေ့တမ်းကစားကြတယ်..
သူဟာ ကျွန်တော်တို့ထက်ဥာဏ်ကောင်းတယ်..
ကစားရင်သူအမြဲတမ်းနိုင်နိုင်ပေမဲ့ အမြဲအနိုင်မယူပဲ
ရှုံးမယ့်အကွက်ကိုရွေးခဲ့တယ်..
.
ကျွန်တော်တို့ နိုင်တဲ့အခါပျော်တာပေါ့..ပျော်တော့ စိတ်ဓာတ်တွေမကျတော့ပဲ အလုပ်တွေကို
ပျော်ရွှင်စွာနဲ့ ဆက်လက်ပြီး လုပ်ဆောင်နိုင်ခဲ့တယ်
အရှုံးဆိုတာ..ငယ်ရွယ်စဉ်အချိန်မှာတော့ စိတ်ညစ်စရာကို ဖြစ်စေမှာအမှန်ပါပဲ..

ကစားပွဲတွေမှာ အဖိုးက အမြဲအနိုင်မယူသလို
အမြဲလည်း အရှုံးမပေးခဲ့ပါဘူး..
သူအဲ့အလိုအရှုံးပေးလိုက် အနိုင်ယူလိုက်နဲ့ ကစားခဲ့တယ်ဆိုတာကိုတော့
ကျွန်တော် စဉ်းစားတက်တဲ့အရွယ် အသိဉာဏ် ဖွံ့ဖြိုးချိန် ရောက်မှ သိရှိခဲ့ရတာပါ..

သူဘာလို့ အမြဲအနိုင်မယူသလည်း အမြဲတမ်းအရှုံးမပေးသလည်းဆိုတာကို..
ကျွန်တော် တွေးကြည့်မိတယ်..
.
လူငယ်တစ်ယောက်ကို အမြဲတမ်း အရှုံးပေးနေရင်..
..လွယ်ကူလွန်းတယ်လို့ ထင်ပြီး အလွယ်လိုက် ပေါ့ပျက်ပျက်နဲ့နေပြီး ပျက်စီးသွားမှာစိုးလို့..
.
လူငယ်တစ်ယောက်ကို အမြဲတမ်း အနိုင်ယူပြန်ရင်လည်း..
..ခက်ခဲလွန်းတယ်..ငါလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး..
စိဓာတ်ကျ နောက်ဆုတ်သွားမှာစိုးလို့..

ဘယ်ကိစ္စမှာမဆို မျှမျှတတရှိမှတိုးတက်မှာ မဟုတ်လား..

ဘာပဲဖြစ်ဖြစ်..
ကျွန်တော်တို့အပေါ် တာဝန်ကျေခဲ့တဲ့ အဘိုး..
ကျွန်တော်တို့ရဲ့ သူ့အပေါ် ဂရုမစိုက်တာတွေကို
အမြဲနားလည် ခွင့်လွတ်တက်တဲ့ အဘိုး..
.
အဲ့ဒီ ကျွန်တော့ရဲ့ကျေးဇူးရှင်အဘိုးကတော့...
လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါပြီ..
.
ကျွန်တော်ကတော့ အဖိုးအတွက် တာဝန်မကျေခဲ့ပါဘူး...
.
အဖိုးကို..လွမ်းဆွတ်တမ်းတမိရင်း...
.
.ကျေးဇူးတင်ပါတယ် အဖိုးရေလို့ပဲပြောပါရစေတော့ဗျာ..
.
.
ခုလိုဖက်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ
ညီကိုတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..
Steemitမှာ အောင်မြင်သူများဖြစ်ကြပါစေဗျာ...

..
..ရေးသားသူ..@komoezaw..

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center