Forward Steemit,Woult you like?

Steemit and Steemit Myanmarမှ ညီကိုမောင်နှစ်မတွေအားလုံးကို
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ..
.
image
အခု ဒီနေ့ဒီချိန်မှာဆိုရင်တော့ ကျွန်တော်ဟာ
Steemitဆိုတဲ့ လမ်းမပေါ်မှာ လျောက်လှမ်းလာခဲ့တာမှာ 1month ကျော်လို့ 2month နီးပါးကိုရောက်ရှိလို့လာခဲ့ပါပြီ..
steemitဆိုတာကြီးကို လုပ်ဆောင်ခဲ့တာမှာ
ပထမ စလုပ်လုပ်ချင်းမှာ
စိတ်ဓာတ်ကျနေခဲ့တာတော့ အမှန်ပါပဲ...
ရရှိတဲ့ ငွေအမောက်ကိုကြည့်ပြီးစိတ်ဓာတ်ကျခဲ့ရတာပါ
ဒါပေမဲ့အဲ့ဒီအချိန်တုန်းက ကျွန်တော် တွေးခဲ့တာ တစ်ခုရှိခဲ့လို့သာ Steemitကို မစွန့်လွှတ်ခဲ့တာပါ...
အဲ့ဒါဘာလည်းဆိုတော့..Facebookသုံးလည်း
ဖုန်းဘေလ်က ကုန်မှာပဲ
ကုန်တာခြင်းအတူတူ Steemitကိုသုံးပြီ
ပညာဗဟုသုတ ရှာဖွေမယ်
တစ်ချိန်မှာတော့ ဖုန်းဘေလ်ဖိုးအနည်းအကျဉ်းတော့ပြန်ကာမိမှာပဲဆိုပြီးပေါ့.......
steemit မှာ သူ့ tag နဲ့သူ
နည်းပညာ ဗဟုသုတ ရသစာပေတွေရှိနေကြပါတယ်..
https://steemit.com/tags ဆိုတဲ့နေရာကနေ
ကိုယ်လိုချင်တာကို ရှာဖွေဖတ်ရှုနိုင်ပါတယ်..
ဒါကြောင့်..tag မမှားစေဖို့ အကိုဆရာတွေက
ခဏခဏပြောပြပေးနေကြတာပါ..

ကိုယ်ရေးတာက Virus တွေအကြောင်းရေးပြီး..tagမှားပြီး..
အစားအသောက် အချက်အပြုတ်တွေရဲ့tag တွေမှာတင်မိလို့....အဲ့ဒီမှာသွားပြီးပေါ်ရင်..
Virusကြော်လေးတစ်ပွဲလောက် ပေးပါဗျိုးလို့ Comment အပေးခံရနိုင်ပါတယ်... 😁😁😁 ဟီး စတာပါဗျာ

Steemitပေါ်မှာလည်း ဗဟုသုတများစွာကိုရှာဖွေနိုင်ပါတယ်ဗျာ
အဲ့ဒါကြောင့်လည်း Steemitလမ်းကြောင်းပေါ်
ဆက်လက်လျောက်လှမ်းနေခဲ့တာပါ.....
ဒါပေမဲ့ အရင်ကအတွေးတွေကို အခုချိန်မှာတော့ အစ်ကို @kachinhenry ရဲ့ ကြိုးစားအားထုတ်ပေးမှုတွေကြောင့်
အခြားသော အဖွဲ့အစည်းများမှ အကူအညီပေးမှုတွေကို ရရှိခဲ့ပြီး
ဖုန်းဘေလ်ဖိုးဆိုတာထက်....
မိမိရဲ့ ဘဝတက်လမ်းဆိုတာမျိုးကို တွေးလာနိုင်ခဲ့ကြပါပြီ...

image
image
👆👆👆👆👆
အရင်က ဒီလောက်လေးသာရရှိခဲ့ပေမဲ့..
ခုချိန်မှာတော့...
image
image
👆👆👆👆👆👆
ဒီလိုပမာဏမျိုးကိုရရှိနေခဲ့ကြပါပြီ..
image
👆👆👆👆👆👆
ဒီပုံလေးကတော့ Steemitမှာ ကျွန်တော့ကို
စတင်ပြီးပျော်ရွှင်စေခဲ့တဲ့ postလေးတစ်ခုပါပဲဗျာ....

အစ်ကို ဟင်နရီနဲ့အတူ ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးတဲ့ အဖွဲ့အစည်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ပြောပါရစေဗျာ....
မျှော်လင့်ချက်အလင်းရောင်လေးသမ်းလာခဲ့ပြီလေ...
.
7day ပြည့်မှသာ ထုတ်ခွင့်ပေးတဲ့ steemitဆီက ရတဲ့ငွေပမာဏဟာ..
7dayပြည့်လို့ ကုန်သွားတဲ့ ဖုန်းဘေလ်ဖိုးထက်တော့
အများကြီးသာနေမှာပါ...
အကို ဟင်နရီရဲ့ စကားတစ်ခွန်း
..ကျွန်တော်မှက်ထားပါတယ်ဗျာ...
..” မိုးက အစဉ်အမြဲမရွာနိုင်ဘူး.မိုးရွာတုန်း ရေခံထားပါ”.တဲ့..
.
ကိုယ်ပိုင် postလေးတွေ တွေးရင်းရေးရင်း တင်ရင်းနဲ့
အတွေးသစ်အမြင်သစ်တွေတိုးပွားလာမယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ..
.
အလုပ်တစ်ခုကို မသိဘူး မတက်ဘူး ဆိုပြီး
မလုပ်ပဲနေရင် ဘယ်တော့မှ တက်ကျွမ်းလာမှာမဟုတ်ပါဘူး.
ဘဝမှာ..တက်ကျွမ်းမှုဆိုတာတွေကို
လက်တွေ့ အလုပ်က လုပ်နေရင်းသင်သွားပါလိမ့်မယ်ဗျာ...
.
.
.
အမှန်က ကဗျာရေးမို့ဆိုပြီး
စပြီးရေးတာ ကဗျာဆီမရောက်သွားဘူး 😁😁
ဒီတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါပြီဗျာ
နောက်postကျမှပဲ ရေးတော့မယ်ဗျနော့ 😅

ကျွန်တော်လည်း အခုချိန်ထိ အမှားလေးတွေရှိနေတုန်းပဲမို့
ဝိုင်းဝန်းကူညီ သင်ပြ လမ်းညွှန်ပေးကြပါအုံးဗျာ
.
Steemit မိသားစုတွေ ...
အောင်မြင် တိုးပွားလို့ အကျိုးများကြပါစေဗျာ....
.
👉👉👉KoMoeZaw..

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center