ရိုးသားစွာဖောက်ထွက်ခြင်း

အတွေးတွေကို အပြန်အလှန် ထိမ်းညှိနိုင်ဖို့ဆိုတာက ကိုယ့် အသိဥာဏ်အတွေးအခေါ်တွေထဲမှာ သမ္မတရယ် လွှတ်တော်ရယ် တရားရေးရယ်ဆိုတဲ့ အပြန်အလှန် check and balance ဆိုတဲ့ အကန့်မျိုးတွေ တည်ဆောက်နိုင်မှ. မဟုတ်ရင် တစ်ဘက်ဘက်ကို အားသာပြီး အထိမ်းအကွ့ပ်မဲ့ တော်လှန်ရေး ၊ အထိမ်းအကွပ်မဲ့အတွေး၊ အချက်အလက်မဲ့ဆင်ခြင်မှုတွေက လူကို ချောက်ထဲဆွဲချတတ်တယ်။
အတွေးအခေါ် ဖောက်ထွက်ဖို့ လိုအပ်တယ်ဆိုတာ ရှိတာအကုန်ကိုဆန့်ကျင်ဘက်လိုက်တွေးဖို့မဟုတ်သလို အတွေးအခေါ်ဖောက်ထွက်တယ်ဆိုတာ ဘာလာလာ ဖောက်ထွက်မယ်ဆို သူများနဲ့မတူအောင် တွေးတာမျိုးလည်း မဟုတ်ဘူး ယူဆပါတယ်။
တစ်ခါတစ်လေ မိရိုးဖလာ ဆိုတာတွေမှာလည်းကောင်းကျိုးတွေ ၇ှိတယ်။
ကောင်းအောင် လို့ပညတ်ပေးခဲ့တာကို နားမလည်တော့ အသိမပါဘဲကျင့်သုံး မိရာကနေ အချိန်ကာလကြာလို့ မူလနဲ့ အံချော်သွားတာလည်းရှိမယ်။ မချော်ဘဲ ကောင်းနေတာလည်း ရှိမယ်။ ကိစ္စတစ်ခုကိုကိုယ်ဥာဏ်မမှီတိုင်းလည်း ဆန့်ကျင်စရာ မလိုသလို ကိုယ့်အလိုနဲ့မကိုက်တိုင်းလည်း ငြင်းပါယ်ပစ်စရာ မလိုဘူး။
အဲ့မှာ ရိုးသားဖို့ အရေးကြီးတယ်။ သူများအပေါ် မရိုးသားတာထက် ကိုယ့်ကိုယ်ကိုမရိုးသားတာက ပိုသတိထားဖို့ခက်တယ်။ လူတွေက သူများကိုလိမ်နေပြီဆို ကိုယ့်ကိုယ်ကိုတော့ သိသေးတယ်။ ကိုယ့်ကိုယ်ကို လိမ်ပြီဆိုရင်တော့ ကိုယ်တိုင်သိဖို့ ခက်သွားတယ်။
ရိုးသားမှုမ၇ှိဘဲ ဘယ်နယ်ပါယ်ကိုမှ ၀င်လို့မရပါဘူး။

Kyaw Thu Ra

MSU - 056

Photo credit - https://www.google.com.mm/url?sa=i&source=images&cd=&cad=rja&uact=8&ved=2ahUKEwjQqPXxvcTcAhUKto8KHazyDN4QjB16BAgBEAQ&url=https%3A%2F%2Fwww.motoza.com%2F2017%2F08%2F09%2Fimportance-honesty-sales-marketing%2F&psig=AOvVaw12az4eDU9FnNn3lTvojGTt&ust=1532959644595148

download.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center