ရောက်​တတ်​ရာရာ ​ရေးမိ​ရေးရာ

2018-05-22 00.06.08.jpg

သူငယ်​ချင်းအားလုံးပဲ မင်္ဂလာအ​ပေါင်းနဲ့ ပြည့်​စုံကြပါ​စေခင်​ဗျာ...

ဒီရက်ပိုင်းထဲ ​​စာ​တွေ​ရေးတာ အ​ရေးကျဲလာ​တော့ sp​​ သိပ်​မတက်​ဘူး၊ မဖြစ်​​ချေဘူး စာ​တွေပြန်​​ရေးဦးမှပါ..။

စာ​တွေ​မ​ရေးဖြစ်​တဲ့အ​ကြောင်းက ဒီလိုပါ...
အခုရက်​ပဲအတွင်း Online money ဘက်​ကို မြှားဦးလှည့်​​နေလို့ပါ၊ ဒါ​ပေမယ့်​ ဒါ​တွေက ​ရေရှည်​မှာကြ​တော့ သိပ်​ပြီး​တော့ အဆင်​မ​ပြေလှပါဘူး အ​ပေးကြမ်းလို့ ​ပေးတုန်းခဏသာ ယူတတ်​ဖို့ပဲလိုတာပါ၊ သို့​သော်​ Online ​​ပေါ်မှာ ​ငွေရှာတာက Steemit ​လောက်​​တော့ ဘယ်​အရာမှ ​ကောင်းတယ်​ မထင်​ပါဘူး၊ ​ရေရှည်​မှာကြ​တော့ Steemit က အရမ်းကို​ကောင်းတဲ့ Platform တစ်​ခုပါ...။

ဟိုးး အရင်​တုန်းက Online ​​ပေါ်က​နေ ​ငွေရှာတာ ကိုယ်​ကပဲ နည်းပညာ အားနည်းလို့လား ဆိုဒ်​​တွေကပဲ Scamတာ များလို့လား မသိဘူး လုပ်​တိုင်းလုပ်​တိုင်း အချိန်​ကုန်​ ​ငွေကုန်​ ​ဘေကုန်​သွားတာပဲ အဖက်​တင်​တယ်​။

မှတ်​မှတ်​ရရ​ပေါ့ Online ​ပေါ်မှာ ​ငွေရင်းပြီး​တော့ လုပ်​ခဲ့တာ MMM​ပေါ့၊ 100% အမြတ်​ရတယ်​ဆို​တော့... လူဆိုတာ သိတဲ့အတိုင်းပဲ ​လောဘ အ​တောမတက်​နိုင်​​တော့ Mavrodi က လူ​တွေရဲ့ ​လောဘကို ချနင်းပြီး​တော့ MMM ကို Scam လိုက်​တယ်​​လေ၊ အဲ့ဒီမှာ တစ်​ခါဆို တစ်​ခါတည်းနဲ့ ​တော်​​တော်​​လေးကို ​နောင်​ကျဉ်​သွားတာ...။
See-the-Shocking-Estimated-Amount-of-Money-That-3-million-Nigerians-Lose-to-MMM.jpg
Image source

ဒါလည်း အမှတ်​မရှိပြန်​ပါဘူး investment ​တွေ ထပ်​လုပ်​ခဲ့​သေးတယ်​၊ တစ်​ခါ နှစ်​ခါရတယ်​ ​နောက်​ပိုင်း ဂွမ်းတာပဲ၊ အမှတ်​မရှိတဲ့ အသည်း နှစ်​ထပ်​ရှိမှ မဟုတ်​​တော့ သုံးထပ်​ရှိမှ မှတ်​မိမှာ​ဆို​တော့... ​နောက်​ထပ်​ တစ်​ဖန်​ 999diceဘက်​ကို ထပ်​လှည့်​ပြန်​​ကော သူကြ​​တော့ အ​လောင်းကစားဆို​တော့ ပိုဆိုးတာ​ပေါ့ ထပ်​ဂွမ်းပြန်​​ရောဗျာ.. ​တော်​ပြီ ​နောက်​ဆို ​ငွေရင်းရမယ်​ဆို ဘာကိုမှ မလုပ်​​တော့ဘူး​တော့ဘူး။
images-46.jpg
Image source

ဒီလိုနဲ့ fb​မှာ​ကော googleမှာ​ကော Online ​ပ်ါကေ​​န ဖရီး ​ငွေရနိုင်မယ့် န​​​ည်း​တွေကို လိုက်​ရှာရ​တော့တာ​ပေါ့ ​တွေ့​တော့​တွေတယ်​ လုပ်​ဖြစ်​တယ်​ 1​ဒေါ်လာရဖို့အ​ရေး ​တော်​​တော်​​​လေးကို လုပ်​ယူရတာဗျာ... ​ဟော.. ​ငွေထုတ်​မယ်​လည်းဆို​ရော.. Scamတဲ့ဗျာ...​သေ​စမ်း။

ဒါ​ပေမယ့်​ မ​လျော့​သော​ဇွဲနဲ့ Online​ပေါ်က​နေ ​ငွေရှာနည်းလမ်းများကို ရှာရင်း ​ဖွေရင်းနဲ့ ​နောက်​​ဆုံး​တော့ Steemit Platform ကို ​တွေ့ရှိခဲ့တယ်​၊ ကံ​ကောင်းချင်​ပြန်​​တော့ Myanmar Steemit Community မှာ တစ်​ခါတည်း အဖွဲ့ဝင်​ခွင့်​ ရခဲ့တယ်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
ဟုတ်​ပါတယ်​ Steemit ​ပေါ်မှာ အဖွဲ့အစည်း မရှိဘဲ တစ်​ဦးတည်း စာ​ရေးဖို့ဆိုတာ မလွယ်​ကူတဲ့အလုပ်​ပါ၊ ဘာလို​ဆိုရင်​ 0မကွဲလို့ပါ၊ 0ကွဲနိုင်​မယ့်​ နည်း​တော့ရှိတယ်​၊ esteem app နဲ့ postတင်​ရင်​၊ busy.org နဲ့ postတင်​ရင်​၊ တိုက်​ဆိုင်ခဲ့​ရင်​​တော့ သူတို့လာvoteရင်​​တော့ 0ကွဲနိုင်​ပါတယ်​။ ​နောက်​တစ်​ခုက Discord​က​နေလည်း free upvote ရယူနိုင်​ပါ​သေးတယ်​၊ သူကြ​တော့ နှစ်​​ရက်​​နေမှ တစ်​ခါvote​ပေးတာပါ။

အခု​နောက်​ပိုင်း လူသစ်​​တွေအတွက်​ ပိုပြီးကံ​ကောင်းတာက Steemit Myanmar User များအတွက်​ free upvote ​ပေး​နေတဲ့ Myanmar User​တွေလည်း ရှိ​နေပါပြီ။

Myanmar User များ Steemit မှာ ​အောင်​မြင်​ကြပါ​စေ...

Author @kolinn

H2
H3
H4
3 columns
2 columns
1 column
Join the conversation now