ကျ​နော့်​ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁၃)

cmby9wvu3r.jpg
" ​မောင်​ရင်​ အိမ်​ပြန်​လို့ရပြီ"

"ဗျာ.. ကျ​နော်​အိမ်​ပြန်​လို့ရပြီ​ပေါ့​လေ ​ပျော်​တာဗျာ"

"အင်း ဟုတ်​တယ်​ ​မောင်​ရင်​! လုပ်​အား​ပေး လုပ်​ခဲ့တာ ဆယ်​ရက်​​ကျော်​ရှိပြီဆို​တော့ ​မောင်​ရင်​လည်း ပြန်​လို့ရပြီ ဒီမှာ ဆက်​ပြီး​တော့ ​နေစရာမလို​တော့ဘူး"

ဘန်​ကောက်က​နေ ပြန်​လာ​သော ​​ကျ​နော့်​အား 999ဂိတ်​တွင်​ ​ငွေမ​ပေးနိုင်​၍ လုပ်​အား​ပေးလုပ်​ခဲ့တာ ဆယ်​ရက်​​ကျော်​တဲ့​နေ့မှာ​တော့ အိမ်​ပြန်ခွင့်​​ပြု​လေ​တော့သည်​။

ဒီလိုနဲ့ အိမ်​ပြန်​ရတာနဲ့ ကျ​နော့်​အိမ်​သို့ တန်းပြန်​ခဲ့​လေသည်​။ အိမ်​​ရောက်​တာနဲ့ ကျ​နော့်​ရဲ့ အ​ဖေနဲ့အ​မေမှာ ဝမ်းသာအားရနဲ့ ကျ​နော့်​အားဆီးကြို​လေ​တော့သည်​။

"သားး"

"အ​မေ..."

"သူ့​ဖေ​ရေ... ဒီမှာ ​တော့်​..သား ကိုလင်း ပြန်​​ရောက်​​နေပြီ​တော့်​"

"ဟာ... ငါ့သား ပြန်​​ရောက်​လာပြီ​ပေါ့​လေ၊ သားး..."

အ​မေ့ရဲ့ လှမ်း​ခေါ်သံ​ကြောင့်​ ကျ​နော့်​အ​ဖေမှာ ဝမ်းသာအားရနဲ့ လုပ်​လက်​စ အလုပ်​များကို ပစ်​ထား၍ ကျ​နော့်​​ပြေး၍ ဖက်​​လေ​တော့သည်​။

"​ဟာ ငါ့သားက ဖြူလို့ ဝလို့ပါလားဟ"

"ဖြူလို့ ဝလို့ဆို အချုပ်​ထဲမှာ ဘာမှမလုပ်​ရဘဲ အိပ်​လိုက်​စားလိုက်​နဲ့ ​နေခဲ့ရလို့ အ​​ဖေ​ရေ.."

"ဟ ဟား ဒီလိုလား ငါ့သားရ၊ ​အေးကွာ.. ငါ့သား ဘန်ေ​ကာက်​မှာ အဖမ်းခံရပြီး​တော့ အချုပ်​ကျ​နေတယ်​ ကြားရ​တော့ အ​ဖေနဲ့အ​မေ​တို့မှာ စိတ်​ပူလိုက်​ရတာကွာ"

"စိတ်​မပူနဲ့ အ​ဖေရာ.. ကျ​​နော်​​က အ​ဖေ​မွေးထားတာ သား​ယောင်္ကျားပဲဟာ.. စကားပုံရှိ​သေးတယ်​၊ အ​မေက​မွေး ​ထောင်​က​ကျွေးတဲ့၊ ဒါ​ပေမယ့်​ သားက ရိုးရိုးအချုပ်​ကျတာဆို​တော့ ဘာမှ​တော့ မဖြစ်​ပါဘူး"

"ဒါ​တော့ ဒါ​ပေါ့ သားရာ.. မိဘဆို​တော့လည်း ကိုယ့်​သားသမီးကို စိတ်​ပူရ​တာ​ပေါ့၊ ဒါနဲ့ ဟိုတစ်​​လောက ​​သားဖုန်းဆက်​လာတုန်းက မြန်​မာပြည်​ကို ပြန်​​ရောက်​​နေပြီဆို ဘာလို့ အခုမှ အိမ်​ကိုပြန်​​ရောက်​ရတာလဲသား"

"​သြော်​ ဒီလိုပါ အ​ဖေ၊ မြဝတီ၉၉၉ဂိတ်​မှာ ​ငွေမ​ပေးနိုင်​လို့ လုပ်​အား​ပေး လုပ်​​နေရလို့ပါ"

"ဟာ ဒါဆိုလည်း အ​ဖေတို့ကို ​ပြော​ပေါ့သားရာ.. အ​ဖေတို့ ​ငွေလှမ်းပို့​ပေးမှာ​ပေါ့"

"မဟုတ်​ဘူး အ​ဖေ သူတို့​တောင်းတဲ့​ငွေက အရမ်းများတယ်​ အ့ာ​ကြောင့်​ အ​ဖေတို့အ​မေတို့ကို သားဘာမှမ​ပြောပဲနဲ့​နေလိုက်​တာ"

"ကဲ ကဲ ​တော်​တို့သားအဖ အဲ့မှာပဲ တစ်​​နေကုန်​ ရပ်​ပြီး​တော့ စကား​ပြော​နေ​တော့မှာလား၊ အိမ်​ထဲကိုလည်း ကြွခဲ့ကြပါအုံး​တော်​..."
ကျေ​နာ့်​​အ​မေ လှမ်း​အော်​​ပြောမှပဲ အိမ်​ထဲဝင်​ဖို့ကို သတိရ​လေ​တော့သည်​။

"အ​ဖေနဲ့အ​မေတို့​ကော အဆင်​​ပြေကြရဲ့လား"

"အဆင်​​ပြေပါတယ်​ သားရယ်​၊ လတိုင်း သားပို့​ပေးတဲ့​ငွေနဲ့ စားလို့​​လောက်​တဲ့အပြင်​ ပို​တောင်​ပို​သေးတယ်​၊ ပိုတဲ့​ငွေ​လေး​တွေကို စုပြီး​တော့ အခုသားမြင်​တဲ့အတိုင်းပဲ အိမ်​ဆိုင်​​လေး တည်​ထားတယ်​​သား"

"အင်းး အဆင်​​ပြေတယ်​ဆို​တော့ ဝမ်းသာပါတယ်​ အ​ဖေနဲ့အ​မေ၊ ဒါနဲ့ ညီ​လေး ညီမ​လေး​တွေ​ကော"

"​သြော်​ သားရဲ့ ညီ/ညီမ​တွေက ​ကျောင်းသွားကြတယ်​​လေ ခဏ​နေရင်​ ​ကျောင်းက​နေ ပြန်​လာကြ​တော့မယ်​၊ ​ဟော.. ​ပြောလို့မဆုံး​သေး ဟိုမှာ သားရဲ့ ညီ/ညီမ​တွေ ​ကျောင်းက​နေ ပြန်​လာကြပါပြီ"

"​ဟေးး ကိုကြီး ကိုလင်း ပြန်​​ရောက်​​နေပြီ​ဝေး"

ကျ​နော့်​ရဲ့ ညီ/ညီမ​တွေမှာ ကျ​နော့်​အားမြင်​သည်​နှင့် ဝမ်းသားအားရနဲ့ ကျ​နော့်​အား ​ပြေးဖက်​ကြ​လေတော့သည်​။

(အင်းး အဲ့တုန်းက အချိန်​​တွေကို စာ​ရေးရင်းနဲ့ ပြန်​တမ်းတမိတယ်​၊ ​သြော်​... အဲ့လို အချိန်​​တွေကို ​အခု​နေများ ​နောက်​ထပ်​တစ်​​ခေါက်​​လောက်​ ပြန်​ရခဲ့မယ်​ဆိုရင်​​တော့........)

ဒီလိုနဲ့ ကျ​နော်​လည်း ဘန်​​ကောက်​ကေ​န မြန်​မာပြည်​သို့ ပြန်​​ရောက်​​သောအခါ.. အ​ဖေနဲ့အ​မေတို့အား ဝိုင်းပြီး​တော့ လုပ်​ကိုင်​ကူညီ​​ပေး​လေသည်​၊ သို့​သော်​.. အပြင်​အလုပ်​မရှိပဲနဲ့ ​ဈေးဆိုင်​ကရတဲ့ ​ငွေ​လေးနဲ့ စားရင်း​သောက်​ရင်း ကြာ​လေကြာ​လေ ​ဈေးအရင်းပြုတ်​သွားနိုင်​သည်​၊ အခုဆိုရင်​ အိမ်​မှာက ကျ​နော်​က လူပိုတစ်​​ယောက်​ဖြစ်​​နေသည်​၊ ပါးစပ်​​ပေါက်​တစ်​​ပေါက်​တိုးလာ​တော့ ​ငွေဝင်​နဲ့ ထွက်​​ငွေက မမျှ​တော့​ချေ၊ အ​ဖေနဲ့အ​မေက သားသမီး​မို့ ဘာမှမ​ပြော​ပေမယ့်​ အိမ်​ရဲ့ လက်​ရှိအ​ခြေ​နေကို ကျ​နော်​သိ​​နေတယ်​၊ အခုဆိုရင်​ ကျ​နော်​အိမ်​ပြန်​​ရောက်​​နေတာ အလုပ်​မလုပ်​ပဲ ၆လ​တောင်​ ရှိ​နေပြီ၊ အလုပ်​တစ်​ခုခု လုပ်​မှဖြစ်​​တော့မည်​၊ အလုပ်​ လုပ်​ဖို့အတွက်​ စဉ်းစားပြန်​​တော့လည်း ကျ​နော်​တို့​နေတဲ့ ရပ်​ထဲရွာထဲမှာကလည်း အလုပ်​အကိုင်​ အရမ်းရှားပါးသည်​၊ အလုပ်​တစ်​ခု ရဖို့အတွက်​ မနည်းရှာနိုင်​မှ ရနိုင်​မည်​၊ ဒီ​တော့ ကျ​နော့်​​ခေါင်းထဲ အ​တွေးတစ်​ခုဝင်​လာသည်​၊ မြဝတီ နယ်​စပ်​မြို့သို့ ပြန်​သွားပြီး​တော့ အလုပ်​လုပ်​ရန်​ ကျ​နော်​ဆုံးဖြတ်​လိုက်​​လေသည်​။

မြဝတီမြို့က နယ်​စပ်​မြို့ဆို​တော့ အလုပ်​ကိုင်​​ပေါများ​သလို လူမျိုးလည်းစုံသည်​၊ အ​ဖေနဲ့အ​မေအား ကျ​နော်​အလုပ်​ထွက်​လုပ်​ရန်​ ဖွင့်​​ပြော၍ မြဝတီသို့ ကျ​နော်​ထွက်​ခဲ့​လေ​တော့သည်​။

ဒီလိုနဲ့ ကျ​နော်​ မြဝတီမြို့သို့ ပြန်​လည်​​ခြေချမိ​လေ​တော့သည်​၊ မြဝတီသို့ ​ရောက်​သည်​နှင့်​ ကျ​နော်​စပြီး လုပ်​ကိုင်​​သော အလုပ်​မှာ ဆမ်​ပ​လောနင်းခြင်း အလုပ်​ဖြစ်​​လေသည်​၊ ဆမ်​ပ​လောဆိုသည်​မှာ မြဝတီမြို့ရဲ့ အ​ခေါ်အ​ဝေါ ဖြစ်​လေသည်​၊ အမှန်​က​တော့ သုံးဘီးဆိုက်​ကားပါ၊ မြဝတီမြို့က ဆိုက်​ကားနဲ့ ကျ​နော်​တို့အရပ်​​ဒေသက ဆိုက်​ကားနဲ့ ပုံစံကွဲပြားသည်​၊ ​အောက်အရပ်​​ဒေသက ဆိုက်​ကားများမှာ ​ဘေးတွဲဖြစ်​ပြီး​တော့၊ မြဝတီမြို့က ဆိုက်​ကားများမှာ ​ရှေ့တွဲဖစ်​​လေသည်​၊ မြဝတီမြို့က ကုန်းတက်​ ကုန်းဆင်းများတဲ့အတွက်​ တစ်​ချို့ ဆိုက်​ကားများမှာ ​ရှေ့တွဲဆို​တော့ အလွယ်​တစ်​ကူ ဆိုင်​ကယ်​အင်​ဂျင်​ထည့်​ပြီး​တော့ ​မောင်းနှင်​ကြ​လေသည်​။

ဆက်​လက်​​ရေးသားသွားပါမည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Myanmar Steemit မှ Admin များနဲ့တစ်​ကွ အဖွဲ့သားများ အားလုံးကို ​ကျေးဇူးတင်​ပါသည်​။

MSC-160
Author - @kolinn

H2
H3
H4
3 columns
2 columns
1 column
Join the conversation now