ဖေဖေ့သမီးလေး မူကြိုတက်နေပီ

3308afe0_fdbc_4dbf_9062_9b8b2aa99e56.jpeg

၉/၅/၂၀၂၂ နေ့ပေါ။အဲ့ဒီအချိန်မှာ သမီးငယ်ရဲ့အသက်က ၂နှစ်နဲ့၇လဝန်းကျင်တွေပေါ့။ပထမနေ့မှာတော့ ငယ်လေးကိုသွားပို့တဲ့အခါ အမေရယ် ခေါန်မိုင်နဲ့ ခူးခူးရယ်က အရင်ရှေ့ကသွား။ခပ်လှမ်းလှမ်းနောက်ကနေမှ သမီးငယ် မမြင်အောင် ဖေဖေကပုန်းပီးလိုက်ကြည့်တာပေါ့ကွယ်။ဖေဖေရောသမီးငယ်နဲ့ အတူတူတခါတည်းလိုက်သွားရင် ကျောင်းရောက်ရင် ဆရာမတွေဆီထားပေးဖို့အရမ်းခက်မယ်မှန်းသိလို့ သမီးငယ်ကို ဖေဖေလိုက်မလာဘူးလို့ထင်အောင် လုပ်ရတာပေါ့။ ညနေ ၂နာရီလောက်ရောက်တော့ သမီးငယ်ကိုလာကြိုကြတော့ ဖေဖေရောမေမေရော အတူတူပေါ့။အဖေတို့ကျောင်းကိုရောက်နေတဲ့အထိကို အိပ်ပျော်နေသေးတုန်း သမီးငယ်က တဖက်က ကျော်ပိုးလွယ်အိတ်နဲ့ ရေဗူးကို လက်ကကိုင် ကျန်တစ်ဖက်က သူ့ထီးကို ကိုင်ပီးမှ မှောက်ရပ်သားလေးအိပ်နေလေရဲ့။ အိပ်ရာကနိူးတော့ တစ်နေကုန်သူ့ကိုပစ်ထားကြတာပဲဆိုတဲ့အတွေးနဲ့ ဖေဖေ့ကိုလည်းမြင်ရော မျက်နှာလေးက ခပ်မဲ့မဲ့နဲ့ ငိုချင်သလိုဖြစ်လာတော့ ဖေဖေပြေးပီး မေမေ့လက်ထဲကနေ သမီးငယ်ကိုပွေ့လိုက်ပီး"ဖေဖေရောက်လာပီလေ ဖေဖေရောမေမေရော ရှိတယ်လေ ဘာမှမဖြစ်တော့ဘူး ငယ်လေး"ဆိုပီးမှ ထပ်ခါထပ်ခါပြောပြမှ အငိုတိတ်သွားတယ် ပီးမှ မေမေအိမ်ကနေလုပ်လာတဲ့ strawberry ဖျော်ရည်ကို ပေးလိုက်မှ နဲနဲချင်းသောက်တာပေါ့။

img_2308.heic

ဒုတိယနေ့မှာတော့ သွားအပို့ဆို ဖေဖေကသမီးငယ်သိအောင်အတူတူမလိုက်ဘူး နောက်ကနေမှမမြင်အောင်ချောင်းလိုက်ကြည့်ရတာ။ညနေကျောင်းကြိုရောက်တော့ ဖေဖေတစ်ယောက်တည်းပဲ သွားကြိုဖြစ်တယ်။ကျောင်းရောက်တော့ ဖေ့သမီးငယ်က ဆရာမကျွေးနေတဲ့ သီးစုံထမင်းကို စားနေကြတယ်ပေါ့။ စားနေရင်း ဖေဖေ့ကို ကျောင်းထဲကနေမြင်တော့ အခန်းတခါးပေါက်ဆီပြေးထွက်လာပီး ပြန်မယ်လုပ်တော့တာပဲ ထမင်းလည်းဆက်မစားတော့ဘူး။အဲ့နေ့ညနေမှည ဖေဖေက အပြန်ရောက်ရင် သမီးငယ်စီးရအောင်လို့ဆိုပီး ကားလေးနဲ့ သွားကြိုပေမယ့် သမီးငယ်က အပြန်တော့မစီးချင်ဘူးဆိုလို့ ဒီအတိုင်းပွေ့လာပီး လက်တဖက်က ကားကွန်ထိုးနဲ့ထိန်းပီးပြန်မောင်ခဲ့ရတယ်။

img_2286.heic

တတိယနေ့မှာတော့ အပို့မှာ ဝဟုန်နဲ့ အမေနဲ့အတူသွားမယ်ပေါ့။ဒါမယ့်မသွားခင် "သမီးရေ မူကြိုကျောင်းသွားဖို့ အင်္ကျီဝတ်ရအောင်လည်းပြောရော မဝတ်ချင်ဘူး မသွားတော့ဘူးလို့ ငိုပီးပြောလာပြန်ရောပေါ့။ ခဏနေမှ ပန်းခြံသွားရအောင်လေ အဲ့ဆိုအဝတ်လဲဆိုမှ ဆရာမကြီးကရတာ။ကနေ့ကတော့ အရမ်းငိုတဲ့နေ့ပေါ့။သမီးငယ်ကို ထွက်ပီးလာပွေ့တဲ့အရင်ဆရာမတစ်ယောက်တောင် သမီးငဇိုတဲ့အသံကျယ်လွန်းလို့ နောက်ဆုတ်ပေးရတယ်။ပီးမှနောက်ဆရာမရောက်လာပီး "ဆာရာမေက အရမ်းလိမ္မာတယ် ငိုရင်လည်းအကြာကြီးမငိုဘူး ခဏလေးဆိုတိတ်သွားပီး သူ့ဘာသူ အရုပ်တွေနဲ့ဆော့နေတာဟုတ်တယ်"ဆိုပီး ငိုနေတဲ့သမီးငယ်ကိုပွေ့သွားကြပီးခေါ်သွားကြတော့တယ်။
#khukhu (15/5/2022) sunday live in lasho

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center