" ပြဿနာ နဲ့ ကိုယ်ရည်ကိုယ်သွေး "

image

တိုက်မိတဲ့ ခလုတ် ကို အပြစ်မြင်နေရုံနဲ့ နောက်ထပ်လာမယ့် ခရီးကြမ်းက သွေဖီ သွားမည်မဟုတ်။
ဆင်ခြင်ဖို့အတွက် ဆုလာဒ်တစ်ခု လို့ သင့်တင့်စွာ တွေးတတ်မိရင် နောင်တ မလာသေးခင် ရလာဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခွင့် ရလိုက်သလို။

သတိမမူမိလို့ ကွယ်သွားတဲ့ ဂူတစ်ခုမှာ ပြဿနာ အချို့ ရှိနေတယ် ဆိုရင် တက်ကျိုးရင် လက်ထိုးလှော်မယ် ဆိုတဲ့ အတွေးစတွေကို ရပ်တန့်ထားပြစ်တော့မှာလား။

ရင်မဆိုင်ရဲ့ လို့ ရှောက်ကွင်းသွားရမယ့် ခရီးမှာ မင်းအတွက် ဆုတ်နစ်ခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ ။

ဖြေရှင်းခြင်း ဆိုတာ အမှန်တရား အတွက် ခင်းပေးလိုက်တဲ့ လမ်းဖြောင့်တစ်ကြောင်းပါ။ ဒါကိုပဲ ကြောက်ရွံ့ နေမယ်ဆိုရင် ပိုင်ဆိုင်ထားတဲ့ ကိုယ်ရည်ကိုယ်သွေး တွေကိုပျက်ရယ်ပြုသလို ဖြစ်နေမှာပေါ့ ။

အရည်အချင်း ဆိုတာ အရည်အသွေး ကနေ တွန်းထုတ်ပေးလိုက်တဲ့ အားမာန်တစ်ခုပါ၊ အရည်အသွေး မပါတဲ့ အရည်အချင်းတွေဟာ ဖြေရှင်းရမယ့် ပြဿနာတစ်ခု အတွက် တွန့်ဆုတ်စေခဲ့မှာပေါ့။

ကဲ.. အဲ့ဒီတော့ ပြဿနာ တွေ ထွန်းညှိထားတဲ့ အရည်အချင်း တွေကြားမှာ အရည်အသွေး တွေကို ထက်မြက်စေကြရအောင်လား...။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center