လူတယောက်၏ တန်ဖိုး

လူတစ်ယောက်၏ တန်ဖိုး။

image
သင့်ကိုယ်သင်ပြန်ကြည့်ပါ....
တန်ဖိုး ရှိသလား....
လူတစ်ယောက်၏ တန်ဖိုးကို..
ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ
အောင်မြင် ကျော်ကြားမှု၊ အခြံအရံများနှင့်
တိုင်းတာ၍ မရပါ။

သီလ၊ သမာဓိ၊ ပညာဟူသော..
သိက္ခာသုံးပါးဖြင့်သာ တိုင်းတာရပါမည်။
သိက္ခာသုံးပါးဖြင့် ပြည့်စုံနေပါက
တန်ဖိုးရှိနေမည်သာ ဖြစ်သည်။

ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ
အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေတော့
ရှိပါရဲ့။ သိက္ခာသုံးပါး မရှိဘူးဆိုရင် ..
တန်ဖိုး ရှိတယ်လို့ မဆိုနိုင်ပါဘူး။

ကိုယ့်မှာ ရာထူးဌာနန္တာရ၊ ငွေကြေးဥစ္စာ၊ ပညာ
အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့်
ဘာမှ အားငယ်စရာ မလိုပါဘူး။

ကိုယ့်ရင် ထဲမှာ သိက္ဓာသုံးပါး တည်နေရင်
ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုကိုယ် သိက္ခာသုံးပါး
တည်နေအောင် လုပ်လိုက် ရုံပါပဲ။

မနက် အိပ်ယာထ ကိုယ်လက် သန့်စင်ပြီးတာနဲ့
ဘုရားခန်းထဲ သွားလိုက်ပါ။

ပြီးတော့ ငါးပါးသီလယူလိုက်ပါ။
ဒါဆို သီလသိက္ခာ တည်သွားပါပြီ။

နောက် ဂုဏ်တော်ကို ငါးမိနစ်
မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။
ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။

နောက်ဆက်ပြီး ဝိပဿနာကို
ငါးမိနစ် ပွားလိုက်ပါ။
ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့် ရင် ထဲ ရောက်သွားတာနဲ့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။
ဆယ့်ငါးမိနစ်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ "ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင်
ငါဟာတန်ဖိုးရှိနေတာပဲ" လို့ အသံထွက်ပြီး
သုံးကြိမ်လောက် ရွတ်လိုက်ပါ။

ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့
စိတ်ပါဝါစွမ်းအားတွေလည်း ရောက်လာတာပါ။
ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။
ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်။
ဘာဖြစ်လဲ။ သူ့ဟာသူ ကြိုက်သလောက်မုန်း။
ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

ကိုယ့်မှာ အခြံအရံအသိုင်းအဝိုင်း မရှိဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

ကိုယ်က မအောင်မြင်ဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

ကိုယ့်မှာ ကားမရှိဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

ကိုယ့်မှာ မကျန်းမာဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။

လူတစ်ယောက် ရဲ့ တန်ဖိုးကို အခြံအရံ
အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ။
သိက္ခာ သုံးပါးနဲ့ပဲ ဆုံးဖြတ်တာပဲ။

ကျန် ရှိနေတဲ့ သက်တမ်းလေးကို
သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင်
ကိုယ်ဟာ တန်ဖိုး ရှိနေတာပါပဲ။

တန်ဖိုးရှိသောသူများ ဖြစ်စေဖို့ .....
သိက္ခာသုံးပါး တည်အောင် ကြိုးစားကြပါစို့။

အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ) image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center