Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း-၆) ( Henry Aung)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော ဆောင်းပါးများ ရေးသားရန် စာရေးရန် အာရုံမရ ဖြစ်နေသော ကြောင့် စာမရေးဖြစ်သော ရက်များတွင် Bittrex , Binance နှင့် Huobi တို့တွင် Coin ငယ်များအား လက်အယားပြေ ဝယ်ရောင်း လုပ်နေခဲ့ပါသည်။ သို့သော် steemit platform ပေါ်ရှိ ဆောင်းပါးများနှင့် တော့ အဆက်ပြတ်မသွားပါ။

နေ့စဉ် ရုံးရောက်သည်နှင့် နံနက်စာအား steemit ဖြင့် စားပါသည်။ အဓိကအား ဖြင့် Trending သို့ ရောက်နေသော ဆောင်းပါးများ ၊ နည်း ပညာရပ် ဆိုင်ရာ ဆောင်းပါးများ ထို့နောက် cryptocurrency နှင့် ပါတ်သက်သော ဆောင်းပါးများ မွှေနှောက် ရှာဖွေ ဖတ်ရှုပြီး မှ မိမိရုံးအလုပ်ကို ဆက်လုပ်လေ့ရှိပါသည်။

လွန်ခဲ့ သော ရက်က ကျွန်တော် coin ငယ်များအား ဝယ်ရောင်းလုပ်နေရင်း စဉ်းစားမိသည်မှာ လက်ရှိ အသုံးပြုနေကြသော ၊ ဝယ်ရောင်းလုပ်နေကြသော cryptocurrency ဟုခေါ်သော coin ၊ Token တို့ မှာ မရေတွက် နိုင်အောင်များ ပြားလှပါသည်။ အချို့မှာ ဈေးကွက် အောင်မြင် သွားကြသလို အချို့ မှာလည်း ဈေးကွက် ရရှိစေရန် ရုန်းကန် နေကြရဆဲ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် steemit blockchain မှ အသစ် ထွက်ပေါ်လာကြမည် ဖြစ်သော Smart Media Tokens များ ဈေးကွက်တွင် နေရာရနိုင်ပါမည်လောဟု တွေးပူမိပါသည်။ ယခင် ဆောင်းပါးများတွင် လည် ဖေါ်ပြဘူးပါသည်။ ERC20 မှ ထွက်သော token အားလုံးတိုင်း အောင်မြင်သွားသည်တော့ မဟုတ်ပါ။

အချို့ အောင်မြင်သွားသလို အချို့မှာ ဈေးကွက် ပေါ်သို့ပင် မရောက်လိုက်ပါ။ Token ထုတ်လုပ်သော Blockchain platform ၏ ခိုင်မာ မှုနှင့် လူကြိုက်များ မှု တို့ အပေါ်မူတည် ၍ ထို token ၏ ဈေးကွက် ဝယ်လို အားတို့ မြင့်တက်သွားလေ့ရှိပါသည်။

012.png

ယခု steemit platform ပေါ်မှ ထွက် ပေါ်လာကြမည် ဖြစ်သော SMTs များမှာ လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ SMTs များအားလုံး အောင်မြင်သွားမည်တော့ မဟုတ်ပါ။ social Media base ဖြစ်သည့် အတိုင်း သုံးစွဲသူတို့အား မည်မျှ စွဲဆောင်နိုင်သည် ၊ မည်မျှ လူကြိုက်များသည် ဆိုသည့်အပေါ် ထို SMT ၏ ဈေးကွက် စကားပြောပါလိမ့်မည်။

ကျွန်တော်တို့ steemit platform ပေါ်တွင် post တင်နေကြသော အကောင့် ၁ သန်း ပြည့်သွားခဲ့ပြီ ဟု ဆိုသော်လည်း ဤ platform အား တကယ်တမ်း နေ့စဉ် ထဲထဲဝင်ဝင် အသုံးပြုသူဦးရေ သောင်းချီ၍ သာရှိပါသည်။ လွန်ခဲ့သော ရက် အနည်းငယ်က coinnet တွင် Steem အတွက် Voting ပေးကြစဉ်က မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ကျွန်တော်တို့ အနေဖြင့် steemit platform ၏ SMTs များ ထွက်ပေါ်လာမည့် အချိန်ကို စောင့်မျှော်လက်ရှိနေရာ Airtoken နှင့် Hunt Token များကို တော့ မြင်နေကြရပြီ ဖြစ်ပါသည်။ ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောရလျင် Steemhunt မှာ ပစ္စည်း အသစ်အဆန်းများ အကြောင်း post ရေးတင်ခြင်းဖြင့် Hunt token များ ရယူနေကြသည်ဟု ဆိုရာ၌ ပစ္စည်းထုတ်လုပ်သူတို့ ကိုယ်တိုင် သူတို့ ၏ ထုတ်ကုန် ပစ္စည်း များအား Steemhunt တွင် လာရောက် ကြေညာကြသည်များလည်း ရှိလာပါသည်။

steemhunt အနေဖြင့် လက်ရှိ အချိန်တွင် steemit platform နှင့်အတူ beta version တွင်သာ ရှိနေသေးသော်လည်း များမကြာမှီ အချိန်တွင် မိမိတို့ ကုန်ပစ္စည်း အသစ်များ ကြေညာရာ Platform တခု အဖြစ်နာမည် ကြီးလားမည့် အလားအလာရှိပါသည်။ ထို့အပြင် Hunt token များအားလည်း လက်ရှိအချိန်ထိ ပြင်ပမှ ဝယ်ယူလိုကြသူများအား မရောင်းချသေးပါ။

Steem Power ရှိသလောက် airdrop ဖြင့် Hunt token ရယူနိုင်ကြသလို မိမိ ရှာဖွေ တွေ့ရှိထားသော ကုန်ပစ္စည်း ၊ နည်း ပညာ များအတွက် post တင်စေခြင်း ဖြင့် steemit မှ up vote များရယူ ကာ Hunt token များ ထွက်ပေါ်လာစေခြင်း ဖြစ်ပါသည်။ သို့သော် မိမိ SP ရှိသလောက် hunt token ရယူနိုင်မည့် အစီအစဉ်မှာ အချိန်စေ့သွားပြီ ဖြစ်ပါသည်။

023.jpg

မည်သို့ ပင်ဆိုစေ steemit platform မှ ထွက်ပေါ်လာကြမည် ဖြစ်သော Hunt token , Air token , APPICS ၏ XAP token ထို့ နောက် steemit platform မှ ထွက်ပေါ်လာကြမည်ဖြစ်သော Games များ၏ token များ စသည် စသည် ဖြင့် steemit က သူ၏ ပုံသဃန် အား တဖြည်း ဖြည်း ပုံဖေါ်လာနေပါသည်။

လက်ရှိအချိန်တွင် ကျွန်တော်တို့ တွင် Steem အနည်းငယ်ဆီ ပိုင်ဆိုင်ထားကြပါသည်။ ထို Steem အနည်းငယ်မှာ လက်ရှိအချိန်တွင် မည်မျှ လောက်မှ အဖိုးမတန်သေးသော်လည်း များမကြာမှီ တွင် ထိုအနည်းငယ်မျှသော Steem Power ဖြင့် ဤ platform မှ အကျိုးအမြတ်ထုတ်ယူ နိုင်ကြမည့် နည်းကို အကောင်အထည်ဖေါ်နေကြပါသည်။

ကျွန်တော် တယောက်တည်း အမြင်ဖြင့် ပြောရလျင် steemit ၏ SMTs များ ထွက်လာသော အချိန်တွင် Hunt token သည် အစောဆုံး ရေပန်းစားမည့် token ဖြစ်လာပါလိမ့်မည်။ ကျွန်တော့ အမြင်သာ ဖြစ်၍ မုချ ဖြစ်လာမည်ဟု မဆိုလိုပါ။ လက်ရှိ Steemit Platform ပေါ်သို့ ရောက်ရှိနေကြသော MSC member တို့သည် အလွန်ကံကောင်းကြသူ များ ဖြစ်ကြပါသည်။

steemit platform စတင်သည်မှာ ၂ နှစ်ကျော်ကာလ သာ ရှိသေသလိုဤ platform ၏ အကောင်း အဆိုးအား အခြားသူများထက် ပို စော၍ သိရခြင်း ၊ Steem နှင့် စပ်လျင်း၍ အခြားသော cryptocurrency များအား သိရှိ ရင်းနှီး နိုင်သော အခွင့်အရေးကို ရရှိကြသူများ ဖြစ်ကြပါသည်။

035.jpg

Cryptocurrency နှင့်ပါတ်သက်၍ ကျွန်တော်သိသော အကြောင်းအရာတခုအား ချပြရလျင် cryptocurrency သည် မိမိ၏ တကယ်မရှိသော ပိုက်ဆံများအား ဆတိုးပွားယူရန် တနည်းအား ဖြင့် ကာယ လုံးလ စိုက်ရန် အထူးမလိုအပ်ပဲ မိမိအတွက် ဒုတိယ လခ အဖြစ်ထုတ်ယူ နိုင်သော တခုတည်းသော နေရာ ဖြစ်ပါသည်။ သို့သော်.. ကာယလုံးလ အထူး အားထုတ်ရန် မလို သော်လည်း ညာဏ အားဖြစ် တွေးခေါ် ဆင်ခြင် မြင်တတ် ရန်တော့ အထူးလိုအပ်လှပါသည်။

ချမ်းသာခြင်း အား အဓိပ္ပါယ် ဖွင့်ဆိုချက် အမျိုးမျိုး ရှိရာ တွင် " ဘေဘီလုံတွင် အချမ်းသာဆုံး ပုဂ္ဂိုလ် " စာအုပ်ပါ ကိုးကားချက်ဖြင့် ဖေါ်ပြရလျင် မိမိ တွင် ပိုက်ဆံ မည်မျှ ရှိသည် ဆိုသည်မှာ ချမ်းသာခြင်း မဟုတ်ပါ။ မိမိတွင် ရှိသော ပိုက်ဆံများက မည်သို့ တိုးပွား နေသည်ကို ရေ တွက်နေရခြင်းက ချမ်းသာခြင်း ဟုခေါ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center