Myanmar Steemit Community ဘာလဲ ၊ ဘယ်လဲ..? ( Henry Aung )

henry Aung.jpg

မင်္ဂလာပါ။ MSC members များ ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများ ဖြင့်ပြည့်စုံကြပါစေ။ သြဂုတ်လ လဆန်းပိုင်းတွင် ကျင်းပခဲ့ကြသော ကျွန်တော်တို့ MSC gathering ပွဲပြီးနောက် ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြင့် ခြေရှည် နေခဲ့သော ကျွန်တော့ အနေဖြင့် စာရေးရန် စိတ်အား ထက်သန် နေခဲ့သော်လည်း အချိန်မပေးနိုင်ပဲ ရှိနေခဲ့ပါသည်။ ပုဂံ ၊ မန္တလေး ၊ ဗန်မော် မြို့များသို့ ရောက်ရှိခဲ့သော်လည်း အချိန်ပေး၍ အေးအေးဆေးဆေးလည်ပတ်နိုင်ခြင်း မရှိခဲ့ပါ။

ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် ရောက်လေရာ အရပ်တွင် ကသုတ်ကရိုက် ဖြင့်သာသွားလာခဲ့ရပါသည်။ ဥပမာပြရလျင် ပုဂံတွင် ရှိစဉ်က ပုဂံရှိ နာမည်ကြီး ဘုရားပုထိုးများ ဆရာဒေါက်တာသန်းထွန်း၏ ပုဂံနှင့် ပါတ်သက်သော အကြောင်းအရာတို့အား ရှေးကျောက်စာများနှင့် နှိုင်ယှဉ် ၍ ပြုစုထားသော စာတန်းများသေချာစွာ ဖတ်၍ လေ့လာရန် ပြင်ဆင်ထားခဲ့သော်လည်း အချိန်မပေးနိုင်ခဲ့ပါ။ ရောက်ဘူးသည် ဆိုရုံမျှသာ ဘုရား များအား လှည့်လည် ကြည့်ရှုခဲ့ရပါသည်။ ရှိစေတော့။

တရက်ရက်တော့ အခွင့်အရေး ပြန်ရအုံးမည် ဟု မျှော်လင့်ပါသည်။ ကျွန်တော်တို့၏ MSC gathering တွင် ဆွေးနွေးခဲ့ကြသော ၊ တိုင်ပင်နှီးနှော ခဲ့ကြသော အကြောင်း အရာ တော်တော်များများ ရှိခဲ့ပါသည်။ ထိုအကြောင်းအရာများမှ MSC ၏ ရှေ့ရေးအကြောင်းအား အနည်းငယ် ဖေါ်ပြလိုပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ Myanmay Steemit Community ဟူ၍ ဖွဲ့စည်းပြီး ဤ platform ပေါ်တွင် မြန်မာစာပေ များရေးသား၍ အကျိုးအမြတ် တစုံတရာ ရရှိနိုင်ရန် ကြိုးစားလာခဲ့သည်မှာ တနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ဤ တနှစ်တာ အတွင်း လျှောက်လှမ်းခဲ့ရသော ၊ ဖြတ်ကျော် လာခဲ့ရသော အခက်အခဲများလည်း အများအပြားရှိခဲ့ပါသည်။

01.jpg

သို့သော် ဤ Platform ပေါ်တွင်အမှီပြု၍ စာတိုပေစများ ရေးသားနေကြသော MSC members တို့တွင် အဓိကအားနည်းချက်ဟူ၍ ၂ ခုသာရှိပါသည်။ ပထမတခုမှာ သဘောထား မကြီးနိုင် ခြင်းနှင့် ဒုတိယတခုမှာ ယုံကြည်မှု ကင်းမဲ့ခြင်း ဖြစ်ပါသည်။ သဘောထားမကြီး နိုင်ခြင်း ဟု ဆိုရာ၌ ကျွန်တော့ အတွက်တော့ ထွေထွေထူးထူး ဖြေရှင်းရန် မရှိပါ။ မြန်မာလူမျိုးများ ဖြစ်၍သာ ဤသို့ သဘောထား မကြီး နိုင်ကြခြင်း ဖြစ်ဟန်တူပါသည်။

အဖွဲ့ အစည်း ၌ ပြသနာ တခု ဖြစ်ခဲ့လျင် ထိုပြသနာ၏ ဇစ်မြစ် အရင်းခံအား ရှာဖွေ ဖေါ်ထုတ်ခြင်း မပြုရသေးမှီ အကြောင်းနှင့် အကျိုး မသိသေးသော အခိုက်အတန့် အတွင်း သူ့အထင် ကိုယ့် အမြင် ပြောဆိုကြရာမှ " ဒါငါ့ စောင်းပြောတာ ၊ ဒါ ငါ့ကို ရွဲ့နေတာ " ဟူသော အမြင်များကို ဦးစွာ လက်ခံလိုက်ကြပါတော့သည်။

ဤသို့ ကိုယ်ပိုင်အမြင်များကို လက်ကိုင်စွဲလိုက်သည်နှင့် အခြားမည်သို့သော ဖြေရှင်းချက်များ အားလက်ခံလို စိတ်မရှိကြတော့ပါ။ မိမိ နှင့် အမြင်ခြင်းတူရာ ဖြေရှင်းချက်များအားသာ လိုလားပါတော့သည်။ MSC အတွင်းမှ မိမိသဘောအလျောက် ထွက်ခွာသွားကြသူ အများစုမှာ ဤနည်း နှင်နှင် ဖြစ်ပါသည်။

အဖွဲ့အစည်းဖြင့် လုပ်ဆောင်ကြရာတွင် ဤသဘောထား ကြီးခြင်း ( ဝါ ) အခြားသူများ၏ နေရာ၌ ကိုယ်ချင်းစာ ကြည့်ခြင်းမှာ များစွာအရေး ကြီးပါသည်။ လူအများဖြင့် လုပ်ဆောင်ကြရာတွင် အမှားအယွင်းများ ၊ မကြေလည်မှုများ မုချရှိမည်သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတဦးတည်း မိမိစိတ်ကြိုက်လုပ်ဆောင်လျင်ပင် အမှားမကင်းသည် ဖြစ်၍ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ကြသော လုပ်ငန်းဆောင်တာများတွင် အမှားအယွင်းများ ပြသနာများ သေခြာပေါက် ကြုံတွေ့ရမည် ဖြစ်ပါသည်။

02.jpg

ဤသို့ ကြုံတွေ့ကြရာတွင် ကျွန်တော် အထက်တွင် တင်ပြခဲ့သည့် အတိုင်း သဘောထားမကြီးနိုင်ကြလျင် ကိုယ်ချင်းမစာနိုင်ကြလျင် သံသယများဖြင့် ရှေ့ဆက်နေကြသော အဖွဲ့အစည်း တခုသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သံသယများဖြင့် ရှေ့ဆက်နေကြသော အဖွဲ့ အစည်း မဖြစ်ရန် အတွက် MSC ၏ စည်းမျဉ်း စည်းကမ်း အချို့အား မဖြစ်မနေပြင်ဆင်ရန် လိုအပ်လျက်ရှိပါသည်။

(ထိုပြင်ဆင်ရမည့် စည်းကမ်းချက်များအား Admin များ SL များဖြင့် တိုင်ပင်၍ MSC chat group တွင် voting စနစ်ဖြင့် အတည်ပြုပါမည်။) MSC သည် ပိုမိုကောင်းမွန်သော အဖွဲ့အစည်း ဖြစ်စေရန် အတွက် အမှား အယွင်းများ ရှိခဲ့သော်လည်း ထို အမှားအယွင်းများမှ သင်ခန်းစာယူပြီး တဖြည်း ဖြည်း ရှေ့ဆက်သွားလျက်ရှိပါသည်။ မိမိတို့ ဆန္ဒဖြင့် ထပ်တူကျလျက် လိုက်ပါနေသူတို့ ရှိသကဲ့သို့ ကန့်လန့်တိုက် လိုက်ပါနေကြသူများလည်း ရှိပါသည်။

သို့သော် MSC သည် ချမှတ်ထားသော စည်းကမ်းဘောင်များ ဖြင့် မညှိစွန်းသရွေ့ Members တိုင်းအား လွပ်လပ်စွာ ရွေးချယ်ခွင့်ပေးထားဆဲ ဖြစ်ပါသည်။ အခြား အားနည်းခြင်း တခုဖြစ်သော ယုံကြည်မှုကင်းမဲ့ခြင်း ဆိုရာတွင် လက်ရှိ Members များအားလုံးအား မဆိုလို သော်လည်း အများအား ဖြင့်တော့ ပါဝင်ပါသည်။

ကျွန်တော်၏ Steemit Platform နှင့် ပါတ်သက်သော ဆောင်းပါး ပေါင်းများစွာတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင်း ဤ platform ၏ ကောင်းမွန်ခြင်းအား အခြားသူများ၏ အရေးအသားကြောင့် မဟုတ်ပဲ မိမိကိုယ်ကိုယ် ဆန်းစစ်စေချင်ပါသည်။ အဘယ့်ကြောင့် ယုံကြည်မှု နည်းကြသည်ဟု ပြောဆိုနိုင်ခြင်းမှာ ဤ platform ပေါ်မှ တဝက်တပြက်ဖြင့် ရပ်သွားကြသူ အများအပြား ရှိနေသောကြောင့် ဖြစ်ပါသည်။ အလုပ်များလွန်းလှ၍ မည်သို့ပင် စာမရေး နိုင်စေကာမူ Facebook အတွက်တော့ အချိန်ပေးနိုင်မည်မှာ မုချဖြစ်ပါသည်။ ရှိစေတော့။

03.jpg

ယုံကြည်မှု ဆိုရာတွင် အကြောင်းအရာ တခုအား ယုံကြည်ရာတွင် ထိုယုံကြည်မှုနှင့် အတူ စိတ်အားထက်သန်ခြင်းနှင့် မျှော်လင့် ခြင်းများက ကပ်ပါလာလေ့ရှိပါသည်။ ထို့ကြောင့် ယုံကြည်မှု နည်းလာသည်နှင့် အမျှ စိတ်အား ထက်သန်းခြင်း နည်းပါးလာပါတော့သည်။ နောက်ဆုံး မိမိ မျှော်လင့်ထားသော မျှော်လင့်ချက်ပါ ပျောက်ဆုံးသွားရပါတော့သည်။

ဤသည်မှာ အစပိုင်းတွင် စာ၊ ဆောင်းပါး များ ရေးအား ကောင်းသလောက် steem & SBD ဈေးများ ကျဆင်းလာခြင်း နှင့် အတူ နောက်ဆုံးတွင် ဤ platform အား ယုံကြည်မှု ကင်းမဲ့လာသည့် အလျောက် ဤ platform ပေါ်တွင်ရှိသော မိမိတို့ မျှော်လင့်ချက်များ အား အပြီးအပိုင် အဆုံးသတ်လိုက်ကြပါတော့သည်။ ဤသည်မှာ ယုံကြည်မှု ကင်းမဲ့ခြင်း ၏ အကျိုးဆက်ဖြစ်ပါသည်။

ကျွန်တော်အနေ့ဖြင့် ဤ platform ၏ ကောင်းခြင်း အကြောင်းကို ဆောင်းပါးများ အများအပြား ရေးသားခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဤ platform ၏ ကောင်းခြင်း ဆိုးခြင်း တို့ အပေါ် members များ မိမိတို့ ကိုယ်တိုင် ဝေဖန်ဆန်းစစ်၍ ဤ Steemit Platform အပေါ် မိမိကိုယ်ပိုင်ယုံကြည်မှု တခု တည်ဆောက် စေချင်ပါသည်။

ဤ platform ဖြင့် မိမိ အနာဂါတ်အား မည်သို့ ပုံဖေါ်ရမည်၊ မည်သို့ လုပ်ဆောင်သွားမည် ၊ မည်ကဲ့ သို့ အကျိုးအမြတ် ထုတ်ယူ မည် စသည်တို့ မှာ မိမိတို့ မျှော်လင့်ချက်များ ဖြစ်၍ ထိုမျှော်လင့်ချက်များ အကောင်အထည် ဖေါ်နိုင်ရန် ယုံကြည်မှုလည်း များစွာ လိုအပ်ပါသည်။ သို့ မဟုတ်လျင် တော့ ကောက်ရိုးမီး ပမာသာ ဖြစ်နေပါလိမ့်မည်။

ထို့ ကြောင့် MSC member များ မိမိတို့ ရှေ့ဆက်ကြရမည် MSC လုပ်ငန်းဆောင်တာများတွင် သဘောထားကြီး ခြင်း နှင့် အတူ ဤ Steemit platform အား ယုံကြည်မှုထားခြင်း ဖြင့် များစွာ မဝေးသော အနာဂါတ်ကာလတွင် MSC နှင့် အတူ အောင်မြင်ကြပါမည့် အကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :Original source

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center