Myanmar Steemit Community , Steem Dollar ( SBD) နှင့် ကျွန်တော်တို့ အနာဂါတ် ( Henry Aung )

HENRY.jpg

ကျွန်တော်တို့ Myanmar Steemit Community လည်း ဘာလိုလိုနှင့် ၃ လသား အရွယ်သို့ ရောက်ရှိလာနေပါပြီ။ ကျွန်တော်တို့ စတင်ခဲ့ သော June လ လောက်မှ စတင်ရေတွက်လျင် တော့ ၅ လ ခန့် ပင်ရှိပေတော့မည်။ မိမိ တို့ မည်သို့ မည်ပုံ ကြိုးစားခဲ့ကြသည်ကိုတော့ ထပ်မံ မဖေါ်ပြလို တော့ပါ။ လက်ရှိ Myanmar Steemit Community တွင်ပါဝင်နေသူတိုင်း Steemit Platform ၏ အခြေခံလုပ်ဆောင်မှု အကြောင်းကိုတော့ သိကြပြီး ဖြစ်ပါလိမ့် မည်။

တကူတက အားဖြင့် အနီးကပ်လမ်းညွန်နေစရာမလို အပ်တော့သည်တော့ သေချာနေပါသည်။ Steemit Platform နှင့် ပါတ်သက်ပြီး အချို့ကလည်း စမ်းသပ်ချင်၍ ဝင်လာကြသည်။ အချို့ on line ငွေရှာနည်း တနည်းအားဖြင့် Coins market အကြောင်း နားလည်နေသူများကတော့ Steem & SBD အကြောင်း ကို ထွေထွေထူးထူး သင်စရာ မလိုတော့ပါ။ Steemit Platform ၏ အခြေခံ လုပ်ဆောင်ချက်များကို သိသွားလျင် အလိုလို နားလည် သွားပါသည်။

အချို့ကလည်း သူများဆွယ်၍ ရောယောင်ပါလာကြပါသည်။ မည်သူ မည်ဝါပင် ဖြစ်စေ Steemit Platform ပေါ်တို့ ရောက်လာလျင် post တင်ခြင်းဖြင့် ဝင်ငွေ ရယူ နိုင်ကြပါသည်။ တကယ်ပင် သုံးစွဲ နိုင်သော ငွေကြေး အဖြစ် ပြောင်းလည်း နိုင်ကြောင်း ကို သက်သေပြထားသူများလည်း ရှိပါသည်။ ကျွန်တော် ယခု ဖေါ်ပြလို သည်မှာ Myanmar Steemit Community နှင့် community တွင် ပါဝင် ပါတ်သက်နေသူတို့၏ ရှေ့ရေးကို အနည်းငယ် ဝေမျှလိုပါသည်။

လျက်ရှိတွင် ကျွန်တော်တို့ Steemit Platform ပေါ်တွင် စည်းမျည်း စည်းကမ်းများဖြင့် အဖွဲ့အစည်း တခုအနေဖြင့် လက်တွဲညီညီ ရှေ့ဆက်သွားလျက်ရှိပါသည်။ ထိုအဖွဲ့ အစည်း အတွက်လည်း curie က ထောက်ပံ့ပေးလျက်ရှိပါသည်။ အဘယ့် ကြောင့် အဖွဲ့အစည်း လိုပါသည် အဘယ့် ကြောင့် စည်းကမ်းများလိုသည်ကို ရှင်းပြပါမည်။

02.png

လွန်ခဲ့သည့် လများက ကျွန်တော် နှင့် အတူ Admin Team မှာ Myanmar Steemit community အတွက် များစွာ အလုပ်ရှုပ်ခဲ့ပါသည်။ ကျွန်တော်ကလည်း ကျွန်တော် ဖြစ်ချင်သည်များကို Admin များအားပြောပြ၍ Admin များကလည်း ကျွန်တော် ဖြစ်ချင်သည့် အတိုင်း အတတ်နိုင်ဆုံး အကောင်အထည် ဖေါ်ပေးကြပါသည်။

ထိုသို့ MSC ကို အကောင်အထည် ဖေါ်ကြရာတွင် မည်သူမျှ လခ မရသလို မိမိတို့ ဖုန်းဘေလ် မိမိဖာသာ ဖြည့် ၍ အကူအညီပေးနေကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ post များကို curie promotion တင်ရာတွင် tag များကို မှန်ကန်စွာထည့် ရန် ကျွန်တော် အကြိမ်ကြိမ်သတိပေးပါသည်။ ယခုထိတိုင်လည်း အမြင်မတော်သော tag များကို ပြုပြင်ပေးနေတုန်းပင်ဖြစ်ပါသည်။ မြန်မာတို့ ရေးသော ဆောင်းပါးတိုင်း post တိုင်းကို Myanmar tag ကို ရှေ့ဆုံးတွင် ထားရန် အကြိမ်ကြိမ် ပြောပါသည်။

တချို့ကလည်း Myanmar tag ပါလျင်ပြီးရော မိမိ ရေးလိုသည့် အကြောင်း အရာကို အရင်ထည့် ချင်ကြပါသည်။ အဘယ့်ကြောင့် Myanmar Tag ကို ဦးစား ပေးစေချင်ရသနည်း ဆိုလျင် ကျွန်တော့ ရည် ရွယ်ချက်မှာ တခုတည်း ဖြစ်ပါသည်။မြန်မာကို Steemit Platform မှတဆင့် တိုင်းနိုင်ငံအသီးသီးက အသိအမှတ်ပြုလာစေရန်ဖြစ်သည်။ ယခု ထို အခြေအနေကို ကျွန်တော်တို့ ပိုင်ဆိုင်နေပါပြီ။

Steemit main website ၏ အဓိက ကျသော main tag ၅၀ တွင် ကျွန်တော်တို့ မြန်မာမှာ တခု အပါအဝင်ဖြစ်လာပါပြီ။ သို့ သော် ထို Myanmar tag မှာ အချိန်မရွေးပြန်ပျောက်သွားနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် Myanmar tag မှာ အောက်ဆုံးတွင်ရှိနေပါသည်။ ထို့ကြောင့် MSC မှ ထွက်လာကြသော post တိုင်း Myanmar tag ကို ထိပ်ဆုံးတွင်ထားစေချင်ပါသည်။ ထိပ်ဆုံးတွင် ထားသော tag မှာ main tag ဖြစ်၍ ပြန်ပြင်၍ မရပါ။ ထို့ ကြောင့် MSC မှ post များအားလုံး တွင် မြန်မာ tag ကို ရှေ့ဆုံးတွင်ထားခြင်းဖြင့် မြန်မာကို ကမ္ဘာက သိစေပါရန် တိုက်တွန်းလိုပါသည်။

my.png

အဘယ့်ကြောင့် ဆိုသော် လက်ရှိ Steemit website ၏ main tag တွင် နိုင်ငံအနေဖြင့် Tag နေရာရ သော နိုင်ငံများ လက်ချိုးရေ ၍ရပါသည်။ လက်ရှိအရှေ့တောင်အာရှတွင် Indonesia နှင့် Ache ပြီးလျင် မြန်မာမှာ အောက်ဆုံးတွင်ရှိပါသည်။ Indonesia ကို နိုင်ငံတခုအနေဖြင့် အားလုံးသိကြမည်ဖြစ်သော်လည်း Ache ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိုတော့ဖြင့် သိသူနည်းပါးပါလိမ့်မည်။

ယခင်က Ache ပြည်နယ်ကလေးသည် Indonesia မှ ခွဲထွက်ရန် ကြိုးစားခဲ့ဘူးပါသည်။ ထို့ အပြင် ထိုကဲ့သို့သော Indonesia ၏ ပြည်နယ် တခုမှ Steemit main tag list တွင် နေရာတခု ရယူနိုင်သည်မှာ တော်ရုံ အရည်အချင်းဖြင့် မဖြစ်နိုင်ပါ။ လက်ရှိ ကျွန်တော်သိသလောက် curie ၏ အကူအညီယူ ထားကြသော နိုင်ငံများ မှ Indonesia အသင်းသည် အတော်ကို တောင့် တင်းသော အသင်းဖြစ်ပါသည်။ နည်ပညာ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများဖြင့် ဖွဲ့စည်း ထားသဖြင့် ရေးအားလည်း ကောင်းသလို post တင်နိုင်အားလည်း ရှိကြပါသည်။ ကျောင်းသူကျောင်းသားများဖြစ်သဖြင့် လူအင်အားလည်းတောင့်ပါသည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ မြန်မာကို အခြားနိုင်ငံများက အသိအမှတ်ပြု နိုင်ရန် အဖွဲ့အစည်း မရှိ စည်းကမ်း သတ်မှတ်ချက် များမရှိပဲ ရနိုင်ပါမည်လော။ MSC သာ မပေါ်ပေါက်လာလျင် ကျွန်တော်တို့ မြန်မာ လူငယ်များ cheetah များဖြင့် သာ နှစ်ပါးသွားနေကြမည်မှာ အသေအချာပင်ဖြစ်ပါသည်။သို့ သော်မည်သို့ပင်ဆို စေ Indonesia မှာ မြန်မာတို့ထက် အများကြီးစော၍ Steemit ပေါ်ကို ရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ MSC တွင်လည်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ပါဝင်ကြပါသည်။ သို့ သော် အတော့်ကို နည်း ပါသည်။

cm.png

Steemit dollar ( SBD) အကြောင်းကို ဆက်ပါမည်။ လက်ရှိ ကျွန်တော်တို့ ရောင်းဝယ်နေကြသော coin များသည် crypto currency များအဖြစ် သိကြသော် လည်း ပြင်ပတွင် ငွေ ကြေး တရပ် အဖြစ် တိုက်ရိုက်သုံးစွဲနိုင်စေရန် အလွန်ပင်ခက်ပါသေးသည်။ Steemit ၏ ငွေကြေး ဖြစ်သော SBD မှာ ထိုပြသနာများကို ဖြေရှင်းရန် အတွက်ဖြစ်ပါသည်။

ဆိုလိုသည်မှာ Steem wallet to steem wallet transfer ပြုလုပ်ခြင်း ကြာချိန်မှာ တစ္စကန့် သာဖြစ်ပါသည်။ ဤသည်မှာ ငွေကြေးအဖြစ် သုံးစွဲလိုပါက အင်မတန်လွယ်ကူသော အခြေအနေဖြစ်ပါသည်။ လက်ရှိအနေအထားတွင် Bitcoin ဖြင့် အခြားသော အရာများ ဝယ်ယူ နိုင်ပြီ ဖြစ်သော်လည်း ငွေအပေးအယူ အဖြစ် transition ပြုလုပ်ရာတွင် စိတ်ပျက် ဖွယ်ကောင်းအောင်ကြာမြင့်ပါသည်။ ထို့ အပြင် SBD မှာ အမြဲတမ်း USD 1$ နှင့် ချိန်ညှိထားသောကြောင့် ဈေးနှုန်းသတ်မှတ်ရလွယ်ကူပါသည်။

လက်ရှိကျွန်တော် တို့ ထင်မြင်နေကြသည်မှာ Steemit Platform ပေါ်တွင် ဆောင်းပါးရေးမှ SBD ရရှိ နိုင်မည် ။ စာမရေးတတ်လျင် SBD ရလမ်းမရှိ။ ထိုကဲ့သို့ မဟုတ်ပါ။ နောင် တချိန်တွင် ဆောင်းပါး ရေးစရာမလိုပဲ SBD ရရှိနိုင်သော နည်းလမ်းများ အမြားအပြားရှိပါသည်။ ဥပမာပြပါမည်။ လက်ရှိအချိန်တွင် ကျွန်တော် မန္တလေး တက်လားပြီး မုန့်ဟင်းခါး ဆိုင်ဖွင့်ပါမည်။ မုန့် ဟင်းခါး တပွဲ 1 SBD$ ဖြင့် သုံးဆောင်နိုင်ပါပြီဆိုလျင် သောချာပေါက် ကိုသက်ကို ဇော်နှင့် ညီလေး တင်မျိုးအောင်တို့ ကတော့ 1SBD$ ဖြင့် လာစားကြပါလိမ့်မည်။

သို့ သော်လက်ရှိ အချိန်တွင် မန္တလေး တွင် SBD ဟူ သော ငွေကြေးကို ပြင်ပတွင် တကယ် သုံးစွဲနေသူ ဆယ်ယောက်ပင်ပြည့် မည်မဟုတ်သေးပါ။ ထို့ အတူ ဆိုက်ကားသမားကလည်း ဟိုနားဒီနား 1 SBD$ ဖြင့် ပို့ပေးသည်။ “သက်လျာရွှေထား မြန်မာ့ ထမင်းဆိုင်” အဝစား 3SBD$ ။ Domelay Travel Agency မှ Bangkok, Malaysia & Singapore ၁၀ ရက်ခရီး စရိတ်ငြိမ်း 1000 SBD $။

ကျွန်တော် စိတ်ကူးယဉ်ပြီး လျှောက်ရေးနေသည်မဟုတ်ပါ။ Steemit Platform ကို တီထွင်နေကြသူတို့ ၏ ရည်ရွယ်ချက် များကို ပြောပြနေခြင်း ဖြစ်ပါသည်။ မဖြစ်နိုင်ဘူးဟု ထင်နေပါသလား ၊ သက်သေပြပါမည်။ မိမိတို့ လက်ရှိအသုံးပြု နေသော internet bill များ ဖုန်ငွေဖြည့် Card များကို SBD ဖြင့် လက်ငင်း ဝယ်ယူ နိုင်ကြသည်မှာ သက်သေပင်ဖြစ်ပါသည်။

at.jpg

ကျွန်တော် Steemit အကြောင်း ရေးတိုင်းရေးတိုင် မကြာခဏ ထည့် ပြောဖြစ်ပါသည်။ ကျွန်တော်တို့သည် အနာဂါတ်ကို ကြို ရောက်နေကြသူများဖြစ်ပါသည်။ ၂၀၂၅ ၊ ၂၀၃၀ လောက်တွင် တွင်ကျယ်စွာ အသုံးပြုလာကြမည့် ငွေကြေး တရပ်အတွက် ကျွန်တော်တို့ မှာ ဆောင်းပါးရေးသားခြင်းဖြင့် SBD များကို ရိုက်နှိပ်ထုတ်ဝေနေကြခြင်း ဖြစ်ပါသည်။

ထို့ ကြောင့် MSC တွင် ဆောင်းပါးရေးသား၍ SBD ရှာဖွေနေသူတို့မှာ အနာဂါတ်အတွက် ရင်းနှီး မြုပ်နှံသူများဖြစ်ကြပါသည်။ ထို SBD ငွေကြေးတရပ် တွင်ကျယ်လာသောအချိန်တွင် မိမိတို့ MSC အဖွဲ့ဝင်များမှာ ဦးဆုံးအခွင့် အရေးရကြမည့် သူများဖြစ်ပါသည်။

ကျွန်တော်တို့၏ အနာဂါတ်သည် smart phone တလုံးနှင့် Steem wallet တခု ရှိရန်သာလိုပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now