Myanmar Steemit Community လျှောက်နေသောလမ်း ( Henry Aung )

henry.jpg

မင်္ဂလာပါ။ လွန်ခဲ့ သောရက် အနည်း ငယ် ခန့်က MSC register list ကို ပြန်လည်း review လုပ်ရင်း MSC လျှောက်လှမ်း လာခဲ့သော လမ်းကြောင်းကို ပြန်လည်တွေးတောနေမိခဲ့ပါသည်။ MSC သည် promotion ပေးပါပြီ ဆိုကတည်း က MSC အတွင်းသို့ ဝင်လာကြသော member အရေးအတွက်မှာ မနည်းမနောပါ။

ကျွန်တော် Register list အားပြန်ကြည့် ၍ active မဖြစ်တော့သော အကောင့် များအား ပြန်စစ်ကြည့် သော အခါ အချို့က Power down ၍ ရှိသမျှ ထုတ်ယူ ထားပြီး သွားပြီ ဖြစ်သလို အချို့ကလည်း SP များ ရှိကြပါသေးသည်။ အကောင့် password ပျောက်သွား၍ အကောင့်ကို ပြစ်ထားလိုက်ကြသည်ဟုထင်ပါသည်။

ကျွန်တော် တို့ MSC registration number စတင်ပေးခဲ့သော လူစာရင်းနှင့် ယခု လက်ရှိ promotion ယူနေကြသော လူစာရင်းကို ချိန်ညှိကြည့် လိုက်သောအခါ ကျွန်တော် အတော်ပင် အံ့သြသွားပါသည်။MSC အတွင်းသို့ ဝင်လို ၍ အသည်း အသန်MSC number ပေးပါမည့် အကြောင်း အမျိုးမျိုး ကတိပေး၍ ဝင်လာကြသူ လူအများစုမှာ အကြောင်း အမျိုးမျိုးကြောင့် MSC မှ ထွက်ခွာသွားကြသလို အထုတ်ခံရသူများလည်း ရှိကြပါသည်။

ကျွန်တော် ကောက်ချက်ချမိသည် တခုမှာ MSC သည် အိတ်ပေါက်ဖြင့် ဖားများ ကောက်နေခြင်းသာ။ ရှုပ်လိုက်ရသည့် အလုပ် ၊ ကုန်ခဲ့ ရသော ဖုန်းဘေလ် တို့မှာ နမျှော စရာကောင်းသလို တွေးမိတိုင်း မိမိတို့ လုပ်အား အချည်း အနှီး ဖြစ်သွားသည်ဟု ခံစားရပါသည်။ မြန်မာတွေရသွားကြတာပဲ ဟု ဖြည့်တွေးစရာရှိသော်လည်း ထိုရသွားသူများကလည်း လောက်လောက်လားလား တကိုယ်တည်း ရပ်တည်နိုင်လောက်အောင်ရသွားကြသူများမဟုတ်ကြပါ။

04.jpg

ကျွန်တော် တွေးမိသော အကြောင်းအရာတခုရှိပါသည်။ လက်ရှိ MSC စပါပြီ ဆိုကတည်းက ကြံ့ကြံ့ခံ၍ MSC နှင့် အတူ ရပ်တည်ခဲ့ သော အကောင့် များ လက် ဆယ်ချောင်းပင်မပြည့်မည်မထင်ပါ။ အပြောင်းအလည်း တခုစတင် လုပ်ပါပြီ ဆိုလျင် အမြဲ တမ်း အုပ်စု (၃) မျိုးကွဲ ထွက်သွားလေ့ရှိပါသည်။

ပထမ အုပ်စုမှာ အပြောင်းအလည်းကို လက်မခံနိုင်သူများ ၊ ပြောင် ဆန့်ကျင်၍ ထော်လော်ကန့်လန့် လုပ်သူများ ဖြစ်ပါသည်။ ဤသူများသည် လက်ရှိ ကောင်းမွန်နေသော အနေအထားမှ အခြေအနေ အမျိုးမျိုးကြောင့် ပြောင်းလည်း သွားလျင် ထို အပြောင်းအလည်း ကို လက်မခံနိုင်ကြသူများဖြစ်ကြပါသည်။ MSC မှ ထွက်သွားကြသူ အချို့မှာ ဤ ပထမ အမျိုးအစားတွင် ပါဝင်ကြပါသည်။

ဒုတိယ အမျိုး အစားမှာ စောင့်ကြည့် အုံးမယ် ၊ ကိုယ်တွေနှင့် အဆင်ပြေလျင် လိုက်ပါ စီးမျှော ၍ အဆင်မပြေလျင် ထွက်ခွာသွားမည်။ ဤသူများမှာ copy ကူကြသူများ ဖြစ်၍ MSC မှ အများဆုံး ထွက်ခွာသွား ကြသူများ ဖြစ်ပါသည်။ တတိယ အမျိုး အစားမှာ မည်သို့ပင် ပြောင်းလည်း သွားပါ စေ အပြောင်း အလည်း နှင့် သင့်တော်သလို ပြုပြင် ပြောင်းလည်း နိုင်ကြသူများ ဖြစ်ပါသည်။

ထိုသူများမှာ လက်ရှိအချိန် အထိ MSC နှင့် လက်တွဲ နေကြတုန်းပင်ဖြစ်ပါသည်။ ကျွန်တော် အမြင်ဖြင့် ပြောရလျင် MSC registration number - 2 digit မှာ အလွန်ကိုနည်းပါး သွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ ပေးထားခဲ့ကြသော Promotion တော်တော်များများမှာ အလဟသ ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။

05.gif

လက်ရှိ အချိန် အထိ Group 1 မှ 4 အထိ promotion ယူနေကြသော အကောင့် များကလည်း MSC နှင့် ဘယ် အချိန် အထိ အတူရှိကြမည်ကို ကျွန်တော့ အနေဖြင့် သံသယရှိပါသည်။ MSC နှင့် လက်တွဲ၍ မည်သည့် အချိန် အထိ MSC နှင့် ပေးဆပ် နေနိုင်ကြပါသနည်း။ SP 1000 ရပြီ ၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းနှီး ရပြီ ဟူ၍ ထွက် သွားမည့်သူများရှိသလို ၊ SP 3000 ရသွားပြီ ကိုယ့်ဖာသာ ကိုယ်စာရေး၍ ကိုယ့် ဖာသာ ကိုယ် vote ယူမယ် ဆိုသူများ လည်း ရှိ နိုင်သလို ၊ SP 500 တော့ ရပြီ ငါတို့ ၁၀ ယောက်ပေါင်း သီးခြား Group တခု ထောင်ကြစို့ ဟူ သော အကြံအစည် ရှိသူများလည်း ပါဝင်ကြပါလိမ့်မည်။

ဤတွင် ကြုံ၍ ကျွန်တော် ၏ MSC အတွေ့အကြုံ ကို အနည်း ငယ် မျှဝေလိုပါသည်။ ကျွန်တော် ၏ Plan-A ပျက် ပါပြီ ဆိုကတည်းက မြန်မာ လူငယ် မောင်မယ်များအား တွဲခေါ်ရန် အလုပ်မှာ လွယ်ကူသော အလုပ်တခု မဟုတ်ကြောင်း ကျွန်တော် သဘောပေါက် ခဲ့ပါသည်။

ထိုအချိန်တုန်းက အမြင်ဖြင့် ပြောလျင် ကျွန်တော် ပြောပြ ရှင်းပြ လျင် လူတိုင်း လိုက်နာ၍ လွယ်လွယ်ကူကူပင် လိုက်ပါလာကြမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်ပါသည်။ စပါပြီ ဆိုကတည်းက ဆရာကြီး များဖြင့်သာ ကြုံတွေ့ခဲ့ရပါသည်။ MSC ယနေ့ အချိန် အထိ မယိုင်မလဲ ပဲ ရပ်တည်နိုင်ခြင်းမှာ Admin များ အမုန်းခံ၍ လူမိုက်လုပ်နေကြခြင်းကြောင့် ဤ အခြေ အနေထိ ရပ်တည် နေနိုင်ခြင်း ဖြစ်ပါသည်။

MSC registration အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော် ဤကဲ့သို့ ဆောင်းပါးရေး၍ ဖေါ်ပြရခြင်းမှာ MSC ကို စိတ်ပျက်သွား၍ မဟုတ်ပါ။ ကျွန်တော့ အကြံ အစည် ကျွန်တော့ စီမံကိန်း နှောင့် နှေး ကြန့်ကြာ သွားသည်သာရှိပါမည်။ MSC ၏ ရည်ရွယ်ချက် ပျက်စီး သွားမည်မဟုတ်ပါ။

06.gif

ဤ တွင်ကြုံ ၍ တရုတ် ခေါ်င်းဆောင်ကြီး တိန်ရှောင့်ဖိန် ၏ တရုတ်နိုင်ငံ ပြန်လည် ထူထောင်သော ကာလက အဖြစ်အပျက်ကို အနည်းငယ် ဖေါ်ပြလိုပါသည်။ တိန်ရှောင့်ဖိန် လော ဟူကျင်တောင် လော အမှတ်မှား၍ မသိတော့ပါ။ ကျွန်တော့ အထင် တိန်ရှောင့်ဖိန် ဟုထင်ပါသည်။ တရုတ်နိုင်ငံ ပြန်လည် ထူထောင်သောအခါ တိန့်ရှောင်ဖိန်မှ ထူးချွန်သော ကျောင်းသူ ၊ ကျောင်းသားများအား အမေရိကန် ၊ ဗြိတိန် စသော နိုင်ငံများသို့ ပညာတော်သင်လွတ်ပါသည်။

ထိုပညာတော်သင် ပထမအသုတ် လွတ်သော အခါ ပညာသင်ပြီးနောက် မည်သူမှ တရုတ်နိုင်ငံသို့ ပြန်မလာကြပါ။ ဒုတိယ အသုတ် လွတ်သော အခါ လည်း တယောက်မှ ပြန်မလာကြပါ။ တတိယအခေါက်လွတ်သောအခါ ၂ ယောက်ခန့် ပြန်လာပါသည်။ ဤတွင် အစိုးရ အရာရှိများက တိန်ရှောင့်ဖိန်အား ဤသို့ အစိုးရ ဘတ်ဂျက်သုံး၍ ပညာတော်သင် လွတ်ခြင်းသည် ပိုက်ဆံ ဖြုန်းတီး ရာသာရောက်ကြောင်း မည်သူမျှ ပြန်လာမည့် သူများ မဟုတ်ကြောင်း တင်ပြကြပါသည်။

ထိုအခါ တိန်ရှောင့်ဖိန် ပြန်ပြောသည်မှာ " တယောက် ပြန်လာရင် နိုင်ငံကို အဲဒီတယောက်နဲ့ စတင်တည်ဆောက်မယ်" ဟူ၍ ပြန်ပြောခဲ့ပါသည်။ တကယ်လည်း ပညာတော်သင်များ အကြိမ် ကြိမ် လွတ်၍ ပြန်လာကြသူများရှိသလို အနောက်နိုင်ငံများတွင် အခြေချ နေထိုင်သွားကြသူ များလည်း ရှိပါသည်။ သို့ သော် တိန်ရှောင့် ဖိန်က သူပြောခဲ့သသည့် အတိုင်း ပညာသင်၍ ပြန်လာခဲ့ ကြသော ပညာတတ်များဖြင့် နိုင်ငံထူထောင် လိုက်သည်မှာ ဆယ်စုနှစ် သုံးခုခန့် လွန်မြောက်သောအခါ ယနေ့ တရုတ်ပြည်တိုးတက်မှု အခြေအနေကို မြင်နိုင်ပါသည်။

08.jpg

ထို့ကြောင့် ကျွန်တော်တို့ MSC လည်း ပထမ အသုတ် အယောက် ၁၀၀ တွင် အယောက် ၄၀ ခန့်သာ ကျန်ပါသည်။ ဒုတိယ အသုတ် ၁၀၀ တွင် မည်မျှ ကျန်သည်ကို တော့ မသိပါ။ ယခု တတိယ အသုတ်ကို ပြင်ဆင်နေပါပြီ။ ထို့ကြောင့် တယောက်ကျန်လျင် ထိုတယောက်နှင့် admin များဖြင့် ခရီးဆက် သွားရမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် MSC အဖွဲ့ သားများအားလုံး ဤ MSC ၏ အောင်မြင်ခြင်းသည် admin များပေါ်၌ သာမူတည် နေခြင်း မဟုတ် သလို Members တဦးချင်းစီ အပေါ်တွင်လည်း အများကြီး မူတည် နေကြောင်း အသိပေးလိုပါသည်။ ထို့ကြောင့် မိမိ တို့ ကိုယ်စီ အသိ စိတ်ဓါတ်ဖြင့်  လက်တွဲညီ ညီ ရှေ့ဆက်ကြလျင် ကျွန်တော်တို့ ၏ ရည်မှန်းချက်များ မြန်မြန် အကောင်ထည် ဖေါ်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center