MSC တနှစ်ပြည့် တွေ့ဆုံပွဲ ( Henry Aung )

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က MSC admin များဖြင့် ဤ MSC တနှစ်ပြည့် members များ တွေ့ဆုံပွဲ အတွက် အစည်း ဝေးထိုင်ခဲ့ကြပါသည်။ အစောပိုင်း အစည်းအဝေးရလဒ်တွင် ဤ တွေ့ဆုံပွဲ အား မန္တလေး မြို့တွင် indoor အနေဖြင့် ( ခန်းမ တနေရာ ငှား ၍ ) ကျင်းပရန် ရည်ရွယ်ထားခဲ့ပါသည်။

ဆရာတင်လှိုင်ဦး အနေဖြင့် ရသစာပေ အကြောင်း ဟောပြောပေးမည့် အစီအစဉ် ထို့ နောက် Admin များ၏ MSC ဝင်ငွေ ထွက်ငွေ စာရင်း ရှင်းတမ်းများ တင်ပြပြီး လျင် ကျွန်တော့ အနေဖြင့် MSC ၏ ရှေ့ရေး အကြောင်းအား members တို့အား အသိပေး ခြင်း Members တို့ သိလိုသော ကြောင်းအရာများ မေးမြန်သည်ကို ဖြေကြားပေးခြင်း ထို့နောက် ကံစမ်းမဲဖေါက်ပေး ခြင်း အစီအစဉ် စသည်ဖြင့် ကြိုတင်ညှိနှိုင်းတိုင်ပင်ထားခဲ့ကြပါသည်။

ဒုတိယနေ့ အနေဖြင့် MSC မှ ကားငှားပြီး Members တို့အား မန္တလေး ဘုရားစုံ ဖူးနိုင်ရန် စီစဉ်ထားခဲ့ကြပါသည်။ သို့ သော် တရိပ်ရိပ်ကျဆင်းလာ သော Steem နှင့် SBD ဈေးများနှင့်အတူ ကျွန်တော်တို့ တွင် ကန့်သတ်ထားသော Budget သာရှိ၍ ဤတွေ့စုံပွဲ အစီအစဉ်အား Plan B ဆွဲ၍ နောက်တမျိုး စီစဉ်ခဲ့ကြရပါသည်။

ဤ Plan B အစီအစဉ်တွင် ကျွန်တော်တို့ ၏ တွေ့ဆုံ ပွဲအား ပုဂံ ရှိ ဧရာဝတီ မြစ်ကမ်းနဘေးတွင်ရှိသော ဘုန်းကြီးကျောင်း တွင် ပြုလုပ်ကြမည် ဖြစ်ပြီး တည်း ခိုရန်လည်း ဘုန်းကြီး ကျောင်းတွင်ပင် တည်းခိုနိုင်ပါသည်။ ထို့ နောက် မိမိတို့ အားလုံး စုပေါင်းလုပ်အား ဖြင့် အစားအသောက်ချက်ပြုတ်၍ နောက်တနေ့ ဘုန်းကြီးကျောင်းတွင် ရဟန်း သမဏေများအား အာရုဏ်ဆွမ်းကပ်လှူကြမည် ဖြစ်ပါသည်။

ကိုရွှေဘို ( ညီညီဝင်း ) အနေဖြင့် အိုးသူကြီး လုပ်နိုင်ကြောင်းနှင့် ဤကဲ့သို့ ကြော်လှော် ချက်ပြုတ်ရန် အတွက် ဈေးဝယ် ခြင်း ပြင်ဆင် ခုတ်လှီးဖြတ်တောက်ခြင်း ၊ ချက်ပြုတ် ကြော်လှော်ခြင်း အားလုံး MSC members များ၏ လုပ်အားကိုသာ အသုံးပြုကြမည် ဖြစ်ပါသည်။ ဤအစီ အစဉ်အား ကျွန်တော်တို့၏ တွေ့ဆုံပွဲ တွင် ထည့်သွင်းထားရခြင်းမှာ ပျော်ရွှင် စေရန်အတွက် ပျော်စရာမျိုး စုံ ပြုလုပ်ဖန်တီး ၍ ပျော်နိုင်ကြပါသည်။

group game ကစားမည်လား ၊ သီဆို ကခုန်၍ ပျော်ကြမည်လား ၊ ကံစမ်းမဲ များ ဖေါက်၍ ပျော်ကြမည်လား စသည်ဖြင့် ပျော်အောင်လုပ်၍ ရပါသည်။ သို့သော် ကျွန်တော်တို့ တနယ် တကျေး မှ steemit Platform ကြောင့် သိကျွမ်းရသော ဤ members တို့အား တွေ့ဆုံခွင့် ရခိုက် မိမိတို့ လုပ်အား ဖြင့် ပြုလုပ်သော ကုသိုလ်များ ရကြစေလို၍ ဤအာရုဏ်ဆွမ်း ကပ်လှူသော အစီအစီထည့်သွင်းထားရခြင်း ဖြစ်ပါသည်။

ထို့နောက် နံနက်ပိုင်း အာရုဏ်ဆွမ်းကပ်၍ ကုသိုလ်ယူ သော အစီအစဉ် ပြီးလျင် ကျွန်တော်တို့ ၏ အစီအစဉ်ဖြစ်သော ဆရာတင်လှိုင်ဦးထံမှ ရသစာပေနှင့် ပါတ်သက်သော ကြောင်းအရာ ဟောပြောခြင်းအား နားထောင်ခြင်း ၊ MSC ရသုံး မှန်းခြေ ငွေစာရင်း ရှင်းပြခြင်း ၊ MSC ရှေ့ရေး အတွက် ဆွေးနွေးတိုင်ပင်ကြခြင်း၊ ကံစမ်းမဲ များဖေါက်ခြင်း စသည်ဖြင့် ဆက်လက် ဆောင်ရွက်သွားကြပါမည်။

ထို့ နောက် နောက်တနေ့တွင် ကားငှား၍ MSC members တို့အား ပုဂံဘုရားစုံ ဖူးနိုင်ရန်လည်း အစီအစဉ် ထည့် ဆွဲထားပါသည်။ ဤ MSC တနှစ်ပြည့် တွေ့ဆုံပွဲ အတွက် MSC members တို့ထံမှ မည်သို့သော ငွေကြေးမှ ကောက်ခံလိမ့်မည် မဟုတ်ပါ။ MSC budget မှ လောက်ငှစွာ သုံးစွဲ သွား မည်ဖြစ်ပါသည်။ MSC members များအနေဖြင့် ပုဂံသို့ လာရောက်နိုင်ရန် ကားခ အသွားအပြန်သာလိုအပ်မည် ဖြစ်ပါသည်။

သို့သော် ဤတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် တတပ်တအား ပါဝင်လှူဒါန်း လိုပါသည် ဆိုသူများ အားလည်း မငြင်းပယ်ပါ။ ဤ တွေ့ဆုံ ပွဲ အတွက် ငွေကြေး မည်ရွေ့မည်မျှ ထည့်ဝင်ရမည်ဟု စည်းကမ်းသတ်မှတ်ချက် ချမှတ်မထားပါ။ MSC members တို့ အားလုံး ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံ နိုင်ရေးကိုသာ အဓိကထားပါသည်။

ထိုကားခ အတွက်လည်း June လ နှင့် July လများတွင် ရရှိသော promotion များမှ SBD များအား Power up ရန် မလိုအပ်ပဲ တွေ့ဆုံပွဲအတွက် အသုံး စရိတ် အဖြစ် အသုံး ပြုနိုင်ရန် ခွင့်ပြုထားပေးပြီး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် တနှစ်လျင် တကြိမ်သာ ဆုံတွေ့ခွင့် ရမည် ဖြစ်သော ကုသိုလ်လည်းရ ၊ ပျော်ရွှင်စရာလည်း ကောင်းမည် ဖြစ်သော ဤ MSC တနှစ်ပြည့် တွေ့ဆုံပွဲ အစီအစဉ် သို့ မပျက်မကွက် တက်ရောက် ကြပါရန်အားပေးလိုပါသည်။

မိမိတို့ အနေဖြင့် လုပ်ငန်းဆောင်တာ တာဝန်များ ရှိကြမည်ကိုလည်း နားလည်နိုင်ပါသည်။ သို့သော် မိမိတို့ စိတ်အား လွတ်လပ်ခွင့် ပေးနိုင်သော ၊ တနည်း အားဖြင့် ခရီးလည်းသွား ကုသိုလ်လည်းရ ၊ သူငယ်ချင်း များနှင့် လည်း တွေ့ဆုံ ပျော်ရွှင်ခွင့်ရမည် ဖြစ်သော ဤအခွင့် အရေးအား လက်မလွတ်စေလိုပါ။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုတင်ခွင့်ယူထားပြီး လေယျဉ်လက်မှတ် ဝယ်ယူထားပြီး ဖြစ်ပါသည်။

ကျွန်တော် အထက်တွင် ဖေါ်ပြပေးခဲ့သော အစီ အစဉ်များမှာ အကြမ်းဖျဉ်း ရေးဆွဲထားသော အစီအစဉ် ဖြစ်၍ အသေးစိတ်အား Admin များဖြင့် တိုင်ပင်ရန် လိုအပ်ပါသေးသည်။ ထို့ အတူ MSC members များ အနေဖြင့်လည်း ဤတွေ့ဆုံပွဲ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း အကြံပေးကြပါရန် တိုက်တွန်းလိုပါသည်။

ဤ MSC တနှစ်ပြည့် Members တို့ တွေ့ဆုံပွဲ တွင် MSC members မဟုတ်သော်လည်း မိမိ မိတ်ဆွေ သူငယ်ချင်းများ အခြားသော စိတ်ပါဝင်စားသူများ ရှိပါကလည်း ခေါ်လာခဲ့နိုင်ပါသည်။ ကျွန်တော့ အနေဖြင့်ပြောရလျင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်း ကြိုးစားကြလျင် ဤ တွေ့ဆုံပွဲ မှာ အဓိပ္ပါယ်ရှိသော ၊ ပျော်စရာ အလွန်ကောင်းမည် ဖြစ်သော ပွဲ ဖြစ်ကြောင်း ပြောကြားလိုပါသည်။

အခက်အခဲများကြားမှ တည်ထောင်ခဲ့သော MSC သည် များမကြာမှီ တနှစ်သား ပြည့်တော့မည် ဖြစ်၍ ဤမွေးနေ့ပွဲသို့ MSC members တို့ ကြိုးစား၍ တက်ရောက်ကြပါရန် ဖိတ်ကြားလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now