မျှော်လင့်သော ထိုတနေ့ ( Henry Aung )

henry.jpg

မင်္ဂလာပါ။ ယခုတလော ကျွန်တော့ အနေဖြင့် steemit Platform ပေါ်သို့ ဆောင်းပါးများ မရေးတင်တော့သဖြင့် MSC members များအနေဖြင့် သို့လောသို့လော တွေးမိနေပါလိမ့်မည်။ " ကိုဟင် တောင် Steem ဈေးတွေကျလို့ စာမရေးတော့ဘူး " ဟူ၍ တွေးထင်နေကြပါလိမ့်မည်။ Steem ဈေးကျ၍ မဟုတ်ပါ ရေး ချင် သည်မှာ လက်ယားနေပါသည်။

ရေးစရာလည်း အများ ကြီးရှိနေပါသေးသည်။ coin ဈေးအတက်အကျ အကြောင်း ၊ MSC gathering စသည်ဖြင့် ရေးပြစရာ အများ အပြား ရှိနေသော်လည်း လက်ရှိ ကျွန်တော် လုပ်နေသော project မှာ chemical plant ခေါ် ရေနံဓါတု စက်ရုံ တွင် shut down ဟု ခေါ်သော အကြီးစား ပြင်ဆင်မှုများကို အချိန်အနည်း ငယ် အတွင်း ပြီးစီး စေရန် လူအင်အား များများ ဖြင့် ၂ လ ၃ လ အတွင် ပြင် ဆင်မှု မြန်နိုင်သမျှ မြန်မြန် ပြီးစေရန် လုပ်ဆောင်နေရခြင်းကြောင့် အားလပ်ချိန်မရှိသလောက်ဖြစ်နေပါသည်။

ထို့ အပြင် chemical စက်ရုံ ဖြစ်သဖြင့် Mobile phone များ ၊ မီးချစ် များ စသည်တို့ ကို ယူ ဆောင်ခွင့် မပြုခြင်းကလည်း ကျွန်တော့ အား steemit တွင် ဆောင်းပါး ရေး တင်ရန် ပျက်ကွက် စေပါသည်။ ထို့ အပြင် အလုပ်လုပ်ရသည်မှာ တနေ့ လျင် ၁၂ နာရီ လုပ်ရသဖြင့် မနက် ၅ နာရီမှ အိမ်က ထွက် သွား လိုက်သည်မှာ ည နေ ၉ နာရီ ခန့် မှ အိမ်ပြန်ရောက်ပါသည်။ အခြား အလုပ်သမား များ အိမ် ပြန်နိုင်သော် လည်း ကျွန်တော့ အနေဖြင့် နောက်တနေ့ လုပ်စရာများအား စီမံ နေရသဖြင့် အမြဲ ပင် အိမ်ပြန်နောက်ကျရပါသည်။

project ကလည်း August လကုန် အထိ သွားရမည် ဖြစ်သုဖင့် ဤ အတော အတွင်း Steem ဈေး $၅၀ ဖြစ်သွားလည်း ကျွန်တော့ အတွက်တော့ ဆောင်းပါး ရေးရန် အချိန်ဆင်းရဲ နေအုံးမည်သာ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် MSC members များအား အသိပေးလိုသည်မှာ ကျွန်တော့ အနေဖြင့် Steem ဈေးကျသွား၍ စာမရေးတော့ ခြင်း မဟုတ်ပါ။ စာရေးရန် အချိန်ဆင်းရဲ သွားရခြင်း သာ ဖြစ်ပါသည်။

ဤဆောင်းပါးအား တနင်္ဂနွေ အလုပ်အနည်းငယ် ပါးနေသောကြောင့် နေ့လည်စာ စားချိန် ရုံးသို့ အပြေး ပြန်ပြီး ရေးသားရခြင်း ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် မည်မျှ အလုပ်များသည် ဖြစ်စေ MSC gathering ကိုတော့ မဖြစ်မနေတက်ရောက်မည် ဖြစ်ပါသည်။ ထို အတွက် ခွင့် ကြိုတင် ယူ ပြီး သွား ပြီ ဖြစ်သလို လေယျဉ် လက်မှတ်လည်း ကြိုတင်ဝယ်ယူထား ပြီး ဖြစ်ပါသည်။

လက်ရှိ MSC တွင် ဆောင်းပါး ရေးသား နေကြသော Members များ သိကြသည့် အတိုင်း Steem ဈေး တဖြည်း ဖြည်း ကျဆင်းလာသည် မှာ ၂ လ ခန့်ပင် ရှိပြီ ဖြစ်ပါသည်။ ဤ တွင် Steem တခုတည်း ကျဆင်း လာလျင် steemit Platform ၏ အခြေမခိုင်မာ မှု ကို သိရှိနိုင်မည် ဖြစ်သော်လည်း လက်ရှိမှာ Steem တခုတည်း မဟုတ် အခြားသော coin များကလည်း အတူ တကွ ဈေးကြလာခြင်း ဖြစ်သဖြင့် steemit Platform တခုတည်း အတွက် စိုးရိမ်စရာ မရှိပါ။

Member တို့ အနေဖြင့် မိမိတို့ ရေးစရာရှိ သော ဆောင်းပါးများ ဆက်လက် ရေးသား နေယုံသာ ရှိပါသည်။ ကျွန်တော်တို့ နေ့စဉ် ပြုလုပ်နေကြသော အလုပ်များတွင် ဒီနေ့ Steem ဘယ် ဈေး ရှိနေသလဲ ဝင်ရောက် ကြည့်ရှု ရသော အလုပ်ကလည်း တခု အပါအဝင် ဖြစ်ပါသည်။ Steem ဈေး 7$ နှင့် SBD ဈေး 13$ ဟူ သော ဈေးကွက် အခြေအနေများကို ကြုံဖူး သည် ဖြစ်၍ တရက်ရက် တချိန် ချိန်တွင် အံ့သြ ဖွယ် ကောင်းသော Steem ဈေးတက်နေသည့် ဈေးကွက် အခြေ အနေကို မျှော်လင့် စောင့်စားလျက် ရှိနေကြပါသည်။

ကျွန်တော့ အနေဖြင့် ပြောရလျင် ထိုကာလသည် များစွာ မဝေးတော့ပါ။ ကျွန်တော်သိရသလောက် steemit Platform သည် စာရေး၍ ပိုက်ဆံရသည် ဟူသောကြောင့် Steem ဈေးများ တက်လာမည် မဟုတ်ပါ။ steemit Platform မှ ထွက်လာကြမည့် အသစ်အသစ်သော နည်း ပညာများက Steem ဈေးအား တက်စေပါလိမ့်မည်။ မျှော်လင့်သော ထိုတနေ့ သို့ ရောက်ရန် စောင့်စားရမည်ကတော့ ကျွန်တော်တို့ ၏ ဇွဲလုံ့လ ဝရိယ အပေါ် မူတည်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now