ဒီကနေ့ FEB 14ရက်နေ့ Valentine Dayဟာ ချစ်သူစုံတွဲတွေအတွက် အမှတ်တရနေ့ဖြစ်သလို ကျနော့အတွက်လည်း သိပ်ကို အရေးပါတဲ့ နေ့တစ်နေ့ပါ.......။
ဘာဖြစ်လို့လဲဆိုတော့ FEB 14ရက်နေ့ဟာ ကျနော့မွေးနေ့ဖြစ်ပါတယ်....။
14.2.2000ခုနှစ် တနင်္လာနေ့မှာ မွေးဖွားခဲ့ပြီး အခု "February 14" ရက်နေ့မှာဆိုရင်တော့ဖြင့် ကျွန်တော့အသက် "18နှစ်" တင်းတင်းပြည့်ခဲ့ပါပြီ.........။
ဒီနှစ်မွေးနေ့ဟာ အခြားနှစ်တွေနဲ့မတူပဲ အတော်ကိုထူးခြားပါတယ်......။ ဘာလို့လဲဆိုတော့ ကျနော် Steemitဆိုတဲ့ အဖွဲ့အစည်းနှင့် ထိတွေ့ခွင့်ရခဲ့ပြီး စာပေတွေရေးသားရင်း ကိုယ်တိုင် ဝင်ငွေတွေ ရှာဖွေနေနိုင်ပါပြီ.....။
Steemit နှင့်ပတ်သတ်ပြီး မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊ ဆရာသမားတွေနှင့်လည်း ဆုံစည်းခွင့်ရခဲ့ပြီး အသိပညာ ဗဟုသုတတွေလည်း များစွာ သိရှိခဲ့ရပါတယ်.....။
အမှန်အတိုင်းဝန်ခံရရင် ကျနော် 2016ခုနှစ် ဖေဖေါ်ဝါရီလ လောက်ကတည်းက Online Money ငွေရှာလောကထဲကို ရှောက်ရှိခဲ့ပြီး "MMMGlobal"ဆိုသည့် "ဂျင်း"ငွေရှာဆိုက်တစ်ခုမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်....။
Onlineတွင် ငွေရှာရာမှာ steemit နှင့် မထိတွေ့ခင်ကာလ အထိ ဘာအကျိုးအမြတ်မှ မရရှိပဲ အိပ်စိုက်ခဲ့ရပါတယ်.....။ ဒီနှစ်မှ steemit နှင့်ကြုံစုံခဲ့ပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်.....။
နောင်လာမယ့်နှစ် မွေးနေ့တွေကြလျှင်တော့ "steemit မှ ရတယ့် အသီးအပွင့် အနည်းငယ်ကို ထုတ်ယူပြီး အလှူအတန်းတစ်ခုခုလုပ်ဖြစ်အောင် လုပ်မယ်" လို့တော့ ဆုံးဖြတ်ထားတယ်.....။
အသက်လည်း 18နှစ်ပြည့်ပြီဆိုတော့ ဘဝတစ်ဆစ်ချိုးပြီလို့ ဆိုနိုင်တယ်။
အရင်လို ဂိမ်းဆော့လိုက်၊ ဘောကန်လိုက်နဲ့ အချိန်ဖြုန်း နေလို့ မရတော့ဘူးလေ.....။ မိမိဘဝတိုးတက်ဖို့ရာ လေ့လာစရာရှိတာတွေ သင်ယူစရာတွေ အများကြီးရှိနေသေးတယ်.....။
ဒါတွေကို အချိန်ပေးပြီးလေ့လာ သင်ယူရပေအုံးမည်.....။
နောက်ပြီး အရင်လို ပေါ့ပျက်ပျက် ပေါတောတောနေလို့ မရတော့မှန်းလည်း သိပါသည်..။
လူကြီးလူရွယ်တစ်ယောက်ကဲ့သို့ ရင်ကျတ် တည်ကြည်စွာ နေထိုင် ကျင့်ကြံရပေတော့မည်....။
ဆုံးဖြတ်ချက်ချစရာရှိသည်များကိုလည်း အရင်လို တွေဝေနေ၍မဖြစ်။ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ပါပြီ.....။
အသက်အရွယ်ရလာပြီဖြစ်သဖြင့် စဉ်းစားဆင်ခြင်နှုံတရားလည်း ရှိသင့်သလောက်ရှိနေပါပြီ.....။
အရင်လို စွတ်တရွတ် လုပ်ချင်တိုင်းလုပ်၍ မသင့်တော့ဘီ။
အရာရာကို စဉ်းစားချင့်ချိန်၍ လုပ်သင့်၊မလုပ်သင့် ကောင်း၏၊မကောင်း၏ ဆုံးဖြတ်ပြီးမှသာ လုပ်ဆောင်ရပေတော့မည်.......။
ကျနော်သည် Valentine Day (ချစ်သူများနေ့)မှာ မွေးဖွားခဲ့ပေမယ့် အခုချိန်ထိ "Forever Alone" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မရုန်းထွက်နိုင်သေးပေ......။
ထို " FA " ခေါင်းစဉ်အောက်မှ လွတ်မြောက်အောင်လည်း ကြိုးစားရပေအုံးမည်😂😁....................။
Writer By Jhon
MSC-046
Photo By Google Image