တန်​ဖိုးသိနိုင်​ကြပါ​စေ

FB_IMG_1505103552587.jpgပူပြင်းသည့်​ ​နွေဦးရဲ့ နံနက်​ခင်းမှာ ​ကောင်းကင်​ပြာကြီးဟာ ​​တောက်​ပကြည်​လင်​နေသည်​။ ထွက်​သစ်​စ ရွက်သစ်​​​နုနု​လေးများ​ပေါ်သို့ ​နေ​ရောင်​ခြည်​သည်​ လွှမ်းခြုံထား​လေသည်​။ ဆိုင်​​ရှေ့ ကျွန်းပင်​ထိပ်​ဖျား​များပေါ်တွင်​ ဥသြငှက်​​တစ်​​ကောင်​သည်​ သူရူးတစ်​​ယောက်​သဖွယ်​ ဂနာမငြိမ်​ဖြစ်​လျှက်​ ​အော်​ဟစ်​မြည်​တမ်း​နေသည်​။ ​လေပြင်းတစ်​ချက်​ ​​ဝေ့လိုက်​တိုင်း လမ်း​ပေါ်တွင်​ ဖုန်များ ​အလုံးလိုက် အလိပ်​လိုက်​ ​လေနှင့်​အတူ လွင့်​ပါသွား​လေသည်​။

ကျွန်​​တော်​သည်​ ထို​နွေဥတု၏ ဖြစ်​စဉ်​များကို ဂရုမပြုနိုင်​ပဲ ဆိုင်​ထဲတွင်​ အလုပ်​ရှုပ်​လျက်​ရှိ​နေသည်​။ ဤကဲ့သို ပူပြင်းသည့်​ ​နွေရာသီတွင်​ ကျွန်​​တော်​တို့ အ​အေးဆိုင်​က​လေးတွင် ​​​ရောင်းသူဝယ်​သူများဖြင့်​ စည်​ကားလျက်​ရှိ​နေသည်​။ ကျွန်​​တော်​တို့ ဆိုင်​က​လေးသည်​ ရန်​ကုန်​ပြည်​လမ်း​မကြီး၏ ဘေးတစ်​ဖက်​တွင်​တည်​ရှိ​ပါသည်​။ ယခင်​နှစ်​​တွေတုန်းက ဆိုင်​​ရှေ့တွင်​ ပိ​တောက်​ပင်​၊ ဗာဒံပင်​တို့ဖြင့်​​ ​အရိပ်​အာ​ဝါသ​ကောင်းခဲ့ပါသည်​။ ယခုတွင်​​တော့ လမ်းတိုးချဲ့မည့်​ စီမံကိန်း​ကြောင့်​ လမ်းနှင့်​မလွတ်ကင်း​​သည့်​ အပင်​များခုတ်​လှဲကြရာတွင်​ ကျ​နော်​တို့ဆိုင်​​​ရှေ့မှ ထိုသစ်​ပင်​ကြီးများလည်း ပါသွားခဲ့​လေသည်​။ သစ်​ပင်​ဝါးပင်​ မရှိ​တော့သဖြင့်​ အရိပ်​လည်းမရှိ​တော့​ပေ။ အရိပ်​​မရှိသဖြင့်​ ​နေ့ခင်း​နေ့လည့်​ အပူရှိန်​များသည့်​ အချိန်​တွင်​ မခံစားနိုင်​​အောင်​ ပူ​လောင်​လှ​ပေသည်​။

"အရာဝတ္ထုတစ်​ခု မရှိ​တော့မှ ထိုအရာ၏တန်​ဖိုးကို ပို၍နားလည်​လာ​ပေသည်​။"
သစ်​ပင်​ကြီးများမရှိ​တော့မှ ထိုသစ်​ပင်​ကြီး၏ တန်​ဖိုးကိုသိရှိခဲ့ရပါသည်​။

ထိုအပြင်​ ကျွ​န်​​တော်​တို့တွင်​ အခြားသတိမပြုမိသည့်​ တန်​ဖိုးရှိသည့်​အရာများစွာ ရှိပါသေးသည်​။ ထိုအရာများ၏တန်​ဖိုးကို သိရှိနားလည်​​အောင်​ကြိုးစားသင့်​ပါသည်​။

စတီးမစ်​မိသားစုဝင်​အားလုံး တန်းဖိုးရှိသည့်​အရာများကို ပိုင်​ဆိုင်​ထားနိုင်​ပြီး တန်​ဖိုးသိနိုင်​ကြပါ​စေဗျာ........။

Author By Jhon
MSC-046
Photo By Google Image
steemit logo.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now