ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မဟာ.....

33900368_2364346730458411_6099232578298970112_n.jpg

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မဟာ လူမျိုးနဲ့လည်း မသက်ဆိုင်ဘူး။ ဘာသာတရားဆိုတဲ့ ကိုးကွယ်မှုနဲ့လည်း မသက်ဆိုင်ဘူး။ ဘယ်ပုဂ္ဂိုလ်ပဲ လိုက်နာလိုက်နာ၊ ဘယ်ပုဂ္ဂိုလ်ပဲ ကျင့်သုံးကျင့်သုံး၊ ဓမ္မဆိုတာဟာ အားလုံးအတွက်ပဲ ဖြစ်တယ်။

ဆိုပါစို့၊ လူသားတွေရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက စောင့်ရှောက်ပေး
နေတဲ့ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုတဲ့ဆေးတွေဟာ ဘယ်လူမျိုးပဲ လာကုကု၊ ကျန်းမာမှုအတွက် အထောက်အကူဖြစ်တာတွေချည်းပဲနော်။ လူမျိုးကွဲပြားသ
ည့်အတွက် ဆေးဝါးက အကျိုးမဖြစ်ဘူးလို့ မရှိဘူး။ ဘာသာမတူညီသည့်အတ
ွက် ဆေးဝါးက အကျိုးမဖြစ်ဘူးလို့ မရှိဘူး။
လူသားအားလုံးအတွက် ဒီဆေးဝါးဟာ ရောဂါပျောက်ကင်းစေပြီး ကျန်းမာမှုကို ရရှိစေတာ တစ်ညီတည်းပဲ။

ထို့အတူပဲ ဓမ္မဆိုတဲ့ တရားဟာ သဘာဝက ဖြစ်ပေါ်နေတဲ့အရာဖြစ်သောကြောင့် အဲဒီသဘာဝတရားအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် မည်သည့်လူမျိုး လိုက်နာသည်ဖြစ်စေ၊ မည်သည့်ဘာသာဝင် လိုက်နာသည်ဖြစ်စေ တစ်ညီတည်းသောအကျိုးကိုရမှာ သေချာပါတယ်။

ဥပမာအားဖြင့် နေရာဌာနတစ်ခုကို ဦးတည်ပြီး ဖောက်ထားတဲ့လမ်းမကြီးပေါ် တက်ရောက်ပြီး ဘယ်သူပဲလျှောက်လျှောက် လမ်းဆုံးလို့ရှိရင် အဲဒီစခန်းကို ရောက်ကြမှာချည်းပဲနော်။ ဒီလမ်းပေါ်လျှောက်ရင် ဒီစခန်းရောက်မယ်ဆိုတာ အင်မတန်မှ သေချာတဲ့ကိစ္စ။

မေတ္တာဆိုတဲ့တရားဟာ လူမျိုးနဲ့လည်း သက်ဆိုင်တာမဟုတ်ဘူး၊ ဘာသာနဲ့လည်း သက်ဆိုင်တာ မဟုတ်ဘူး။ ဘယ်သူပဲ အသုံးချချ ထိုမေတ္တာတရားရဲ့စွမ်းအားကို ရကြမှာပဲ ဖြစ်တယ်။
(ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center