၁၉၉၀ ခုနှစ်ကျော် Super Nintendo ဂိမ်းနဲ့ ကလေးဘ၀အမှတ်တရများ

super1.jpg
++ Photo from google ++

ဂိမ်း လို့ပြောလိုက်ရင် အခုခေတ် လူငယ် ယောက်ျားလေး မိန်းကလေး မရွေး မည်သူမဆို မိမိတို့ကလေးဘ၀တုန်းက အနည်းနဲ့ အများဆော့ဖူးကြမည်မှာအမှန်ပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် 1990 ကျော်ကာလဆီကိုပြန်သွားပါမည်။ ထိုအချိန်တုန်းက အခုခေတ်လို အိမ်တိုင်းမှာ TV မရှိသေး လျှပ်စစ်မီးကိုလည်း အချိန်ပိုင်းနဲ့ပေးတဲ့ ကာလဖြစ်သည်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ TV ဂိမ်း ၀ါသနာရှင် ကလေးများသည် မိဘများပေးသည့် မုန့်ဖိုးကိုပင် မုန့်မ၀ယ်စားပဲ ရပ်ကွက်ထဲက TV ဂိမ်းဆိုင်တွင် နာရီဝက်၊ တစ်နာရီ စသဖြင့် ဂိမ်းကို စွဲစွဲလမ်းလမ်း ထမင်းမေ့ ဟင်းမေ့ ဆော့ခဲ့ကြသည်။ ထိုအချိန်တုန်းက ကျွန်တော်တို့ ဆော့ကြသည့် ဂိမ်းစက်အမျိုးအစား Model မှာ Sony Entertainment ကထုတ်လုပ်သည့် Super Nintendo ဖြစ်သည်။

ကျွန်တော်တို့ကလေးတွေ ထိုဂိမ်းဆိုင်တွင် အများဆုံး ဆော့ကြသည့် ဂိမ်းကတော့ Konami Co. ltd ကဖန်တီးထုတ်လုပ်သည့် Contra III The Alien Wars ဆိုတဲ့ ဂိမ်းဖြစ်ပါသည်။ ထိုဂိမ်းကို ကျွန်တော်တို့ကလေးတွေက ရမ်ဘိုဂိမ်းဟုခေါ်ကြသည်။ အခန်းဆက်ဆော့ရသည့် Multiplayer ဂိမ်းဖြစ်သည်။ ရမ်ဘိုခေါ် စစ်သားနှစ်ယောက်နဲ့ C,L, F, H,B,S စသည့် သေနတ်မျိုးစုံ၊ လက်ပစ်ပုံးတို့ကိုအသုံးပြုကာ လူဆိုးစစ်သားများ၊ ဧရာမ ပိုးကောင်ကြီးများ၊လိပ်ကြီးများ၊ နဂါးကြီးများ နဲ့ ယာဉ်ပျံကြီးများ ၊ စက်ယန္တရားကြီးများကို ပစ်ခတ်ချေမှုန်းရသည်မှာ စိတ်လှုပ်ရှားဖို့ကောင်းရုံမျှမက ပျော်ဖို့ကောင်းသည်။ ထိုဂိမ်းဆော့ပြီး ငါလူကြီးဖြစ်လာရင် စစ်သားလုပ်ပြီး ရန်သူတွေကို ချေမှုန်းရမယ်လို့ ကစားဖော် သူငယ်ချင်းတစ်ယောက် ပြောတာကို အခုချိန်ထိ မှတ်မိသေးပါသည်။ သူ့နာမည်တော့ မမှတ်မိတော့ပါ။

cnew.jpg
++ Photo from google ++

c2new.jpg
++ Photo from google ++

c4new.jpg
++ Photo from google ++

d2.jpg
++ Photo from google ++

နောက်ထပ် ဂိမ်းတစ်ခုကတော့ သိုင်းရူး ၊ Fighting ရူးရူးသူများ အကြိုက်ဆုံးဖြစ်ကြသည့် Mortal Kombat ဆိုတဲ့ Multiplayer Fighting ဂိမ်းဖြစ်ပါသည်။ သူကတော့ အခန်းဆက်မဟုတ်ဘဲ ဆော့သူအချင်းချင်း Fight ရတဲ့ ဂိမ်းဖြစ်ပါသည်။ ထိုဂိမ်းမှာ Characters အယောက် ၂၀ ကော်ျပါပြီး စွမ်းအားများ ပါဝါများနဲ့တိုက်ခိုက်ရပါသည်။ အင်္ကျီချွတ်၊ ဘောင်းဘီနီ၊ နဖူးစည်းအနီစည်းနဲ့ ဗလတောက်ပီး တိုက်ခိုက်လျှင် ရား ရား ဟုအော်သည့် တစ်ယောက်ကို ဘရုစလီ ၊ ခမောက်ဆောင်းပြီး တိုက်ခိုက်လျှင် ခမောက်နဲ့ ပစ်လွှတ်တိုက်ခိုက်တဲ့တစ်ယောက်ကို သံခမောက် ၊ အင်္ကျီပြာဝတ်ထားပြီး လက်ထဲကနေ ရေခဲလွှတ်ပြီး တိုက်ခိုက်တဲ့တစ်ယောက်ကို ရေခဲမင်းသား ၊ မြေလျွှိုးရုံမျှမက ရင်ဘတ်ထဲကနေ အမြှောက်ကျည်ဆန်ပစ်လွှတ်ပြီးတိုက်ခိုက်တဲ့တစ်ယောက်ကို အမြှောက် စက်ရုပ် စသဖြင့် ကျွန်တော်တို့ အမျိုးမျိုးနာမည်ပေးထားကြသည်။

m1.jpg
++ Photo from google ++

m5.png
++ Photo from google ++

m2.1.jpg
++ Photo from google ++

m4.png
++ Photo from google ++

ထိုဂိမ်းတွင် ကျွန်တော်တို့အကြိုက်ဆုံးတော့ကတော့ Fatality အကွက်ပဲဖြစ်သည်။ Fatality ဆိုတာကတော့ အနိုင်ရသူက ရှုံးသူကို သူ့သွေးတန်း Zero ဖြစ်သွားသည့်အချိန်တွင် အထူး တိုက်ကွက်နဲ့ အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် သတ်ပစ်ရခြင်းဖြစ်ပါသည်။ Fatality အကွက်သုံးချိန်တွင် သတ်သူကလည်း အသတ်ခံရသူကို မည်ကဲ့သို့ အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် သတ်မယ်ဟု အားပါးတစ်ရ ကြိမ်းဝါးပြီး သတ်သလို အသတ်ခံရသူကလည်း နောက်တစ်ပွဲ နိုင်အောင်ဆော့ပြီး သတ်သူထက်ပိုသာသည့် Fatality အကွက်နဲ့ ဘယ်လိုပြန်သတ်မလဲဟု အော်ဟစ်၍ဆော့ကြသည်မှာ အရမ်းပျော်ဖို့ကောင်းပါသည်။

m3.png
++ Photo from google ++

new.jpg
++ Photo from google ++

နောက်ဆုံး ဂိမ်းတစ်ခုကတော့ Aladdin ဂိမ်းဖြစ်ပါသည်။ ထိုဂိမ်းလေးကတော့ စွန့်စားတာကိုကြိုက်သူများ အဆော့များတဲ့ အခန်းဆက်ဆော့ရတဲ့ ဂိမ်းဖြစ်ပါသည်။ အဓိက Character များအနေနဲ့ Aladdin ၊ မင်းသမီး၊ မျောက်ကလေး၊ မီးခွက်စောင့်ဘီလူးကြီး၊ မှော်ဆရာကြီး တို့ပါဝင်ပါသည်။ အခန်းတစ်ခုအဆုံးတွင် လူဆိုးခေါင်းဆောင်တစ်ယောက်စီကိုနိုင်အောင်တိုက်ရပါသည်။ နောက်ဆုံးခန်းတွင် လူဆိုးခေါင်းဆောင်အကြီးဆုံးဖြစ်တဲ့ မှော်ဆရာကြီး နဲ့ ဧရာမမြွေကြီးကိုခက်ခက်ခဲခဲ နိုင်အောင်တိုက်ရပါသည်။ မှော်ဆရာကြီး နဲ့ ဧရာမမြွေကြီးကိုနိုင်သွားပြီဆိုရင်တော့ Aladdin နဲ့ မင်းသမီးလေးတို့ နန်းတော်ကြီးမှာ လက်ထပ်ထိမ်းမြားကာ ဂိမ်းပြီးဆုံးကြောင်း စာတန်းထိုးသည့်အချိန်ရောက်လျှင် ကျွန်တော်တို့သည် ကိုယ့်ကိုကို အောင်နိုင်သူ သူရဲကောင်းကြီး ပမာ ကျေနပ်ပျော်ရွှင်ကြရပါသည်။

aladdin-usa.png
++ Photo from google ++

k1.jpg
++ Photo from google ++

gif1.gif
++ Photo from google ++

k2.jpg
++ Photo from google ++

d4.png
++ Photo from google ++

ကလေးဘ၀က ထိုဂိမ်းများဆော့ခဲ့သည့် အမှတ်တရများကို အခုအချိန်အထိ လုံးဝမေ့မရနိုင်ပါ။ ဖြစ်နိုင်ရင် Time Machine သာရှိပါက 1990 ခုနှစ်ကျော် ကလေးဘ၀ကိုပြန်သွားပြီး Super Nintendo ဂိမ်းများကို ကစားဖော်ကစားဖက်သူငယ်ချင်းများနဲ့ အားပါးတရဆော့ပစ်လိုက်ချင်ပါသေးသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center