ဖြတ်ကျော်ခြင်း ဝေ‌ဒနာ

image

ကျွန်‌တော်တို့မြန်မာလူမျိုးတွေအကြောင်း
ကျွန်‌တော်တို့မြန်မာလူမျိုးတွေသာ ပိုမိုသိရှိကြသည်။
ကိုယ့်အကြောင်းကိုရေးပြရမှာဆိုတော့
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်နေ
ပါသည်။ မြန်မာလူမျိုးအများစုသည်
စည်းကမ်းပိုင်းနှင့်ပတ်သက်၍ တော်တော်များများ
ဆိုးဝါးကြသူများဖြစ်ကြပေသည်။
ကိုယ်တွေကစလို့ တခါတရံဖောက်ဖျက်တတ်ပါ
တယ်။

ရေခပ်ရန်တန်းစီသည့်အခါ၊ ကားလက်မှတ်၊ရထားလက်မှတ်များ တန်းစီဝယ်ယူရသည့်အခါ၊
ပစ္စည်းများဝယ်ယူရာသည်အခါ၊ လူအချို့သည်
စည်းကမ်းတကျ တန်းစီခြင်းမရှိဘဲ တိုးဝှေ့ကျော်
ခွကာ စည်းကမ်းမဲ့သူများ များစွာရှိ‌နေပါသည်။
ဖော်ပြပါကိစ္စများအပြင် ဆိုးရွားစွာ‌ဖြတ်ကျော်မှု
တစ်ခုကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။

37c36hd0zj.jpg

သိကြသည့်အတိုင်း ယခုအခါမှာ တုပ်ကွေးရောဂါက
လူအများကို နှိပ်စက်ညှင်းပန်းနေသည်။
သူသူကိုယ်ကိုယ် ရောဂါဝေဒနာခံစားနေရ၍
ဆေးခန်းများသို့ သွားရောက်ပြသကြသည်။
ကျွန်တော်လည်း တုပ်ကွေးကြောင့် ကိုက်ခဲလွန်သဖြင့် ဆေးခန်းသို့သွားရောက်ပြသသည်။
ဆေးခန်းတိုင်းတွင် လူနာများစွာရှိနေ‌သည်။
ကျွန်တော်ပြသည့် ဆေးခန်းတွင်လည်း
လူများစွာရှိလေသည်။

ဆေးခန်းအတွင်း၌ ကျွန်တော်အပါအဝင်
လူနာဆယ်ဦးခန့်ရှိလေသည်။ အသက်အရွယ်ကြီးသောအဖွားအိုတဦး၊ အသက် 20 အရွယ်
လူငယ်တဦး၊ ဝေဒနာခံစားရ၍ ငိုယိုနေသော
အသက် 7 နှစ်အရွယ် ကလေးမလေးတစ်ဦးနှင့်
အခြားလူနာများလည်းရှိပေသည်။ အဖွားအိုပြီးရင်
ကျွန်တော့်အလှည့်ဖြစ်သော်လည်း အဖွားအို
ပြီးသောအခါ ၇နှစ်ကလေးမလေးကို ကျွန်တော်က
ဦးစားပေးလိုက်သည်။

iz5ikwr3d0.jpg

ကလေးမလေး ပြီး၍ ကျွန်တော်ကထ၍ ဆရာဝန်ထံပြရန်ပြင်သောအခါ အသက် 20 အရွယ်လူငယ်က
ဆတ်ကနဲထကာ ကျွန်တော့်ရှေ့မှဖြတ်ကျော်ကာ
ဆရာဝန်ကို ဦးအောင်ပြသလေသည်။
ကျွန်တော့်မှာ အံ့ဩမှင်သက်၍ အသာပြန်ထိုင်
နေလိုက်ရပါတော့သည်။ ဒီတစ်ခါဖြတ်ကျော်ခြင်း
က ကျနော့်စိတ်အား ထူးဆန်းအံ့ဩမှု ဒီဂရီကို
ပိုမိုမြင့်တက်သွား‌စေပါတော့သည်။

@htwegyi
Photo @htwegyi
MSC.036

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency