မတွေးရဲဘူးဗျို့

image

ပေါ်စက ဝူဟန်၊ နောက်တော့ ကိုရိုနာ၊
အဲ နောက်ဆုံး အလွယ်တကူခေါ်တာ ကိုဗစ်ရောဂါ
ဖြစ်သည်။ ဒေါ်နယ်ထရန့်ကတော့ တရုတ်ဗိုင်းရပ်စ်
တဲ့။ မည်သို့ပင်ခေါ်ကြပါစေ ဒီရောဂါကြီးကို
ဒီကမ္ဘာမြေပေါ်မှ အမြန်မောင်းထုတ်ချင်ပါသည်။
ဒီရောဂါကပ်ဆိုးဒဏ်ကြောင့် ကမ္ဘာ့နိုင်ငံတိုင်း
အတိဒုက္ခရောက်ကြရသည်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံတိုင်း အဆိုပါ
ရောဂါကပ်ဆိုးကြီးကို ကာကွယ်နိုင်ရန်
အတွက် ဆေးဝါးများ အပြိုင်အဆိုင်
သူ့ထက်ငါ ထုတ်လုပ်ဖို့ ကြိုးစားနေကြသည်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သည့်
အမေရိကန်နိုင်ငံ၏ သမ္မတ ပင် ရောဂါ
ကူးစက်ခြင်းခံရသည်။ သူရို့နိုင်ငံက
ချမ်းသာသည့်နိုင်ငံဆိုတော့ ရောဂါကို
ကာကွယ်ကုသနိုင်‌ပေသည်။

ကျွန်တော်တို့ဆင်းရဲ့သည့်နိုင်ငံမှာတော့
ကိုဗစ်ရောဂါကြောင့် ရောဂါရှိသူ
အသက်အရွယ်ကြီးသူများ တဖြုတ်ဖြုတ်
ကြွေကျ သေကြရသည်။ မိသားစုများစွာတို့
စိတ်ထိခိုက်ဝမ်နည်းကြရပေသည်။
အဆိုပါရောဂါပိုးသည် လူလုပ်သည့် ဗိုင်းရပ်စ်
ဟုပြောကြားတာသိရသည်။ မှန်သလားမှားသလား
ယခုအချိန်ထိ ကွဲကွဲပြားပြားမသိရသေးပေ။
အတော်ဆိုးသည့် လူများဖြစ်ပေသည်။

img_0.678674171239881.jpg

တစ်နေ့က ကျွန်တော်တို့တိုက်တန်းတွင်
ည 8-30နာရီအချိန်၌ ပွက်လောရိုက်သွားသည်။
တိုက်အမှတ် (၁၂) အပေါ်ဆုံး ၅လွှာတွင်
နေသူသည် ကိုဗစ်ပိုးရှိသူနှင့် ထိတွေ့သဖြင့်
၆ဦးကို PPE ဝတ်စုံများဖြင့်ခေါ်ဆောင်သွားသည်။
အဆိုပါအိမ်မှ အမျိုးသမီးသည် သူ့မိခင်ရှိရာ
ဟော်ကုန်းဝင်း 31လမ်း၊ 77/76 လမ်းကြား
နေအိမ်သို့သွားရောက်ခဲ့သည်။

သူ့မိခင်နေအိမ်က အဆောင်ဖွင့်ထားသည်။
အဆောင်သူတစ်ဦးမှ ပေါ့စတစ်တွေ့၍
သူ့မိဘအိမ်ရှိ အိမ်သားများ၊ အဆောင်သူများ
ကို ဇီးပင်ကြီးသို့ ခေါ်ဆောင်သွားသည်။
အဆိုပါအိမ်နှင့် ထိစပ်သူများကို လိုက်လံ
ရှာဖွေရာ တိုက်(12)နေသူ သမီးအား
ထိတွေ့သူအဖြစ် ခေါ်ဆောင်ခြင်းဖြစ်သည်။

သမီးဖြစ်သူ၏ အိမ်တွင် ဈေးရောင်းသူများက
အိမ်ငှားနေပြီး ဈေးရောင်းကြသည်။ ထို့ကြောင့်
ထိုဈေးရောင်းသူများပါ ထိတွေ့သူများအဖြစ်
ခေါ်ဆောင်သွားသည်။ တိုက်တန်းနေသူများ
သည် အဆိုပါခေါ်ဆောင်သွားသူများအား
ရောဂါပိုး မတွေ့ပါစေနှင့် ဝိုင်း၍ဆုတောင်းကြသည်။
နို့မို့ တိုက်တန်း လော့ဒေါင်းချခံရမှာ စိုးရိမ်း
ကြသောကြောင့်တစ်မျိုး၊ သူတို့အား သနား
သောကြောင့်တစ်မျိုး ဝိုင်းဝန်းဆုတောင်းပေကြ
ခြင်းဖြစ်ပေသည်။

အဆိုပါအုပ်စု ရောဂါပိုးမတွေ့ဟု ကြားသိရသော
အခါမှ တိုက်တန်း‌နေသူအပေါင်းတို့ ကြည်သာ
ရွှင်မျှဝမ်းသာအားရ ရှိကြ‌ပေတော့သည်။
နို့မို့ မလွယ်ဘူး လူ ကာပြား လိုင်း တန်းလျှား
ဆိုတဲ့အတိုင်း ထိစပ်သူတွေ တသီကြီးနဲ့
မတွေးရဲဘူး။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency