ဂျင်းတွေလား သတိထား

image

ဂျင်းတွေအကြောင်း ကိုဟင်က အစဖော်လိုက်တော့
ယခုလောလောဆယ် ကျွန်တော်တို့ မန္တလေးမှာ
ဖြစ်ပေါ်နေတဲ့ ဂျင်းတွေအကြောင်း ရေးပြချင်
ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတော့
သွားရောက်ဖူးသည်။ ကျန်းမာရေးကောင်းသည်
ခန္ဓာကိုယ် အ‌‌ကြောများ၊ ဆဲလ်များကို ‌ကောင်းမွန် စေသည်ဟုဆိုသည်။

ယခုလောလောဆယ်တွင် ကျွန်တော့်အစ်မ
သွားရောက်နေသည့် ကျန်းမာရေးစင်တာတစ်
ခုရှိသည်။ ထိုကျန်းမာရေးစင်တာနှင့် အခြားကျန်းမာရေးစင်တာများမှ ဝန်ထမ်းများအားလုံးသည်
စကားပြောချိုသာကြသည်။ ဝန်ဆောင်မှုအလွန်ကောင်းသည်။ ကျန်းမာရေးစင်တာသို့ လာရောက်သူများကို အခမဲ့ပြုလုပ်ပေးသည်။

19e4jl2ram.jpg

ကျွန်တော်သိသည့် ကျန်းမာရေးစင်တာနှစ်ခုအနက်
တစ်ခုက ထိုင်ခုံမှာထိုင်ပြီး ထိုထိုင်ခုံကို လျှပ်စစ်လွှတ်ပေးသည်။ ထိုလျှပ်စစ်သည် ခန္ဓာကိုယ်
အတွင်းရှိ ဆဲလ်သေများကိုပြန်ရှင်သန်စေသည်
ဟုပြောသည်။ ထိုလျှပ်စစ် ထိုင်ခုံစက်များသည်
ဂျပန်မှလာရောက်ခြင်းဖြစ်သည် ဟုပြောသည်။
ထိုကျန်းမာရေးစင်တာ၏ ဝန်ထမ်းများမှာ
အမျိုးသမီး၊ အမျိုးသားငယ်လေးများဖြစ်ကြသည်။

ထိုဝန်ထမ်းလေးများသည် စတိုင်ကျကျဝတ်ဆင်ထားကြသည်။ လာရောက်သူများကိုလည်း ပြုံးချိုစွာဆက်ဆံပြောဆိုကြသည်။ ကျန်းမာရေးစင်တာ
သို့ လာရောက်သူများအား အခမဲ့ပြုလုပ်ပေးသည်။
လျှပ်စစ်ထိုင်ခုံ ကျန်းမာရေးစင်တာသည် နာရီဝက်ခန့်ထိုင်ရသည်။ ထိုင်နေရင်းဖြင့် ရေမကြာခဏသောက်ရသည်။ ထိုင်ခုံမှာထိုင်နေရင်းဖြင့် ကျွန်တော်စဉ်းစားမိသည်။ ကျန်းမာရေးစင်တာသို့ လာရောက်သူများကိုလည်း အခမဲ့ပြုလုပ်ပေးသည်။ စင်တာရှိ ဝန်ထမ်း
များကိုလည်း လစာပေးထာသည်။

ဒီတော့ ဒီကျန်းမာရေးစင်တာကို တည်ထောင်သူက
တော်တော်ကြီးကို စေတနာ သဒ္ဓါတရားကောင်းမွန်လှချည်းလား။ ယခုအခါမှာ မီတာခဈေးတွေကလည်း
ကြီးနေသည့်ကြားကပေါ့။ သူတို့၏ လျှပ်စစ်ထိုင်ခုံများကိုလည်း ရောင်းချခြင်းမပြုဟု ပြောဆိုထား သည်။ အဲ့မှာ ဂျင်းတွေ့တော့တာပဲ မရောင်းပါဘူးဟု‌
ပြောသည့်ပစ္စည်းကို လိုချင်သည်မှာ လူ့သဘော
ဖြစ်သည်။ မိတ်ဆွေတယောက်က တောင်းတောင်းပန်ပန်နှင့် ဝယ်သည့်အခါမှာ အခြားမှ
ပစ္စည်းမှာပေးမည်ဟုပြောကာ ရောင်းချပေးသည်။

jkcd1vrizf.jpg

မိတ်ဆွေသည် လျှပ်စစ်ထိုင်ခုံတစ်လုံးကို သိန်း20
ဖြင့်ဝယ်ခဲ့သည်။ အဆိုပါထိုင်ခုံသည် ကျန်းမာရေးကောင်းသည် မကောင်းသည်ကိုမသိ ကျွန်တော်လည်းတစ်ခါသာထိုင်ဖူးသည်။ ကိုယ်တိုင်
လေ့ကျင့်ခန်း လုပ်သည်ကပိုကောင်းသည်
ဖြစ်၍ သွားမထိုင်တော့ပါ။ အခြားကျန်းမာရေးစင်တာ တစ်ခုကလည်း အခမဲ့အပြင် တစ်နာရီကို
2000 ကျပ်ပေးရသည်။ သူ့တို့သည် သူတို့ပစ္စည်းများကိုကို နည်းအမျိုးမျိုးဖြင့်ရောင်းချ‌လေသည်။

ထိုပစ္စည်းများသည် အမှန်တကယ်တန်ဖိုးရော
ဟုတ်ပါရလား၊ အမှန်တစ်ကယ်ရော ကျန်းမာရေးအတွက်အထောက်အကူပြုသလားဆိုတာ ဝယ်ယူသူတို့သာသိကြမည်ထင်ပါ‌တော့သည်။

@htwegyi
Photo @htwegyi
MSC.036

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency