ကောင်းသလား ဆိုးသလား ကိုကိုယ်တိုင်လဲ ခွဲခြားမရတော့ဘူး

image

ကျွန်တော့်အမေက နေထိုင်မကောင်းဖြစ်နေတော့
ကျွန်တော့်စိတ်ကလည်း ရွှင်လန်းမှုမရှိဘူး။
တခါတလေ အမေက ဆေးတွေမသောက်ချင်ဘူး
ပြောရင် စိတ်မကောင်းဖြစ်ရသည်။ အမေဆေး
မသောက်လျှင် အမေ့ရောဂါ ပို၍ဆိုးရွားမလာ
စေရန် သောက်ရမည်ဖြစ်ကြောင်း အမေ့အား
ချော့ပြောကာဆေးတိုက်ရသည်။ တခါတလေ
အမေ့က ဆေးသောက်ကြောက်၍

”ငါဘာမှ မစားချင်ဘူး ဘာဆေးမှလည်း
မသောက်ချင်ဘူး အသေခံချင်တော့တာပါပဲ”

ပြောကာ ကလေးလို အိပ်ရာထဲက မထပဲ
နေတတ်သည်။ အမေ့ကို ကိုယ်ချင်းစာမိသည်။
ကိုယ်တွေ မျက်စိဆေးသောက်တာ တစ်လ
လောက်အကြာသောက်ရတော့ ဆေးအနံ့ကို
မခံချင်ဖြစ်မိသည်။ ဆေးသောက်ရမှာ
ကြောက်လာသည်။ အမေလည်း ဒီလိုဖြစ်ရှာမှာ။
အမေသည် ဦးနှောက်နှင့် အာရုံကြောဆေးများ
သောက်လာတာ တစ်လနီးပါးရှိပြီဖြစ်သည်။

အမေ့ ဘယ်ခြေထောက်နှင့် ဘယ်လက်များမှ
အယောင်များလျော့ကျလာသည်။ သို့သော်
အမေသည် အစာ သိပ်မစားတော့ပေ။
အစာမစားပဲ ဆေးသောက်လျှင် ရောဂါပိုဆိုး
မည်စိုး၍ အစာချော့ကျွေး ဆေးများကိုလည်း
ချော့တိုက်ရသည်။ ဆီးချိုကြောင့် အမေသည်
ဘယ်ခြေလက်များ လေဖြတ်သည့်အပြင်
နှလုံးမှာလည်း အနည်းငယ်ထိခိုက်ထားသည်။

အမေ့ရောဂါအတွက် အင်္ဂလိပ်ဆေးတိုက်ပြီး
မြန်မာတိုင်းရင်းဆေးများ လိမ်းပေးရသည်။
မနက်တစ်ကြိမ် ညတစ်ကြိမ်တိုင်းရင်းဆေးရည်များကို အမေ့ခန္ဓာကိုယ်အနှံ့ ဆုပ်နယ်ကာ
လိမ်းပေးရသည်။ အမေ့အား မြန်မာအနှိပ်
ဆရာအားခေါ်၍နှိပ်စေချင်ပါသော်လည်း
အသက်ကြီး၍ အရိုး၊ အကြောများတစ်ခုခု
ဖြစ်သွားမလားစိုးရိမ်းရပြန်သည်။

zu85e4y0mq.jpg

စိတ်များလန်းဆန်းစေရန် ကျုံးဘေးလမ်း
လျှောက်ထွက်ခဲ့သည်။ ရဟန်းသံဃာတို့ ၏
ပရိတ်ရွတ်ဖတ်သံများကို ဆုတောင်းပြည့်
ဘုရားထံပါးမှ လေအလွင့်ကြားနာရသည်။
စိတ်ထဲမှာ အော် ဆုတောင်းပြည့်ဘုရားမှာ
အသံမစဲပဌာန်းပွဲပူဇော်နေပါရော့လား။
လမ်းလျှောက်အပြန် ဆုတောင်းပြည့်ဘုရား
ဝင်ကာ ဘုရားဖူးရင်း ပဌာန်းပွဲအလှူငွေထည့်
ဝင်ခဲ့သည်။

bk7rha2teh.jpg

ဘုရားအရိပ်အောက်ရောက်တော့ စိတ်အနည်း
ငယ်ချမ်းသာ အေးချမ်းရသည်။ ပဌာန်းရွတ်
ပူဇော်နေသည့် သံဃာတော်များအား ရှိခိုးရင်း
ကြည်နူးမိသည်။ ပဌာန်းပရိတ်ရေအိုးများကို
ခပ်သောက်ရန် ကြည့်မိသည်။ ရေအိုးများက
မြေအိုးများမဟုတ်ဘဲ စတီးရေအိုးများဖြစ်
နေသည်။ အော် ခေတ်ကာလတိုးတက်လာ
သည်နှင့်အမျှ ပရိတ်ရေအိုးတို့သည်လည်း
စတီးရေအိုးများ ဖြစ်နေပါရောလားဟု တွေးကာ
ရေတစ်ခွက် ခပ်သောက်လိုက်သည်။

jxkyw62emx.jpg

သောက်လိုက်သည့် ရေတစ်ငုံက အေးမြမှုမရှိပေ။
ဟိုးယခင် ပဌာန်းပွဲများကျင်းပစဉ်က မြေရေအိုး
နီနီလေးများကို မြင်ယောင်ရင်း တခါတလေတော့လည်း အပြောင်းအလဲတွေက ကောင်းတာရှိသလို၊
တိုးတက်လာတာများရှိကြသလို ဆုတ်ယုတ်သွား
တတ်များလည်းရှိပါလားဟု တွေးနေမိပြန်ပါသည်။

@htwegyi
Photo @htwegyi
MSC.036

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency