အညံ့တွေရဲ့ နောက်ဝယ်

image

တစ်ခါတစ်ရံ ညအချိန်မှာ အိပ်ရာထဲ လဲလျောင်း
နေသော်လည်း မျက်လုံးကြောင်ပြီး အိပ်မပျော်ခဲ့
သည့် ညများရှိခဲ့သည်။ အိပ်မပျော်၍ ဖုန်းဖြင့်
တရားဖွင့်၊ တရားနာယူခဲ့သည်။ များသောအားဖြင့်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ တရားတော်များကို
နာကြားမိသည်။

တရားကို အာရုံစိုက်နားထောင်နေရင်း မျက်လုံးက
ငိုက်မြည်းသွားသည်။ တရားကိုပိတ်ပြီး အိပ်မည်
လုပ်သောအခါ မျက်လုံးက ပြန်ကြည်လာသည်။
အတွေးများဝင်လာသည်။ တောအကြောင်း၊
တောင်အကြောင်း အတွေးများဖြင့် တစ်ရေနိုး
အိပ်မရဖြစ်ခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ
ဘိဝံသ၏ တရားတော်များက တရားနာသူကို
သိလွယ်၊ မြင်လွယ်၊ သဘောပေါက်လွယ်သည်။
ဆရာတော်ကြီး၏ တရားတော်များထဲမှ
နှစ်သက်မိသော အကြောင်းအရာတစ်ခုအား
ပြန်လည်ဝေမျှမိပါသည်။

ဆရာတော် ဘုရားကြီးက မြန်မာနိုင်ငံမှာ
အလွန်ဆိုးရွားတဲ့ ရာသီဥတုမရှိဘူး။
ဆောင်း၊ နွေ၊ မိုးဆိုတဲ့ သာမန်ရာသီဥတုပဲ
ရှိတာ။ အခြားနိုင်ငံမှာ ဆောင်းဆိုတာ
မြူတွေဖုံးလို့ စနိုးတွေမရှင်းနိုင်ဘူး။
မြန်မာမှာ အပေါ်ကနှင်းကျပေးလို့ သစ်ပင်တွေက
ပိုတောင်လှသေးတယ်။ အခြားနိုင်ငံတွေ
စနိုဖုံးသွားရင်း ဘာမှစိုက်မရဘူး။

958ko9.jpg

ဒီလိုအခြေအနေကောင်းရှိတဲ့ မြန်မာနိုင်ငံမှာ
စိုက်မယ်ပျိုးမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ
ဝဝလင်လင် စားရရုံမျှမက ပိုလျှံသည့်အသီးအနှံများကို အခြားနိုင်ငံများသို့ ပြန်ရောင်းလို့
ကြွယ်ဝချမ်းသာနိုင်တယ်။ အစ္စရေးလိုနိုင်ငံမှာ
သစ်ပင်စိုက်ဖို့ အင်မတန်ကြိုးစားရတယ်။
သဲကန္တာရပေါ်မှာတည်ရှိပြီး တဖက်က‌
ရေငံပင်လယ်၊ တဖက်ကသဲကန္တာရ။
သစ်ပင်ဘယ်လိုစိုက်ရလဲဆိုရင် ပလပ်စတစ်ခံပြီး
မြေဩဇာတွေတင်ပြီးသည့်အခါမှာ
စိုက်ပျိုးရတယ်။

စာစောင်တစောင်မှာ မြန်မာလူမျိုးတွေ
ပိုင်ဆိုင်တဲ့ မြေသည် လူသန်းပေါင်း 200၊
300 မက ကျွေးထားနိုင်တဲ့ အနေအထားမျိုး
ထိအောင် ကျယ်ဝန်းတယ်။ မြန်မာနိုင်ငံ၏
အလယ်ဗဟိုတွင် စီဆင်းနေသည့် ဧရာဝတီမြစ်ကြီး
က ရေချိုမြစ်ကြီးဖြစ်တယ်။ ရေချိုရုံမက
တန်ဘိုးရှိတဲ့ နုန်းမြေတွေကိုပါ ဖြန့်ကျက်ပေးသွားတယ်။

အဲ့ဒီလိုနိုင်ငံမျိုးမှ မကြီးပွားရင် ဘယ်နိုင်ငံ
ကြီးပွားမလဲ။ ဆန္ဒတွေညံ့နေလို့၊ ဝီရိယတွေ
ညံ့နေလို့၊ စိတ်ဓာတ်တွေညံ့နေလို့၊ အသိပညာ
တွေညံ့နေလို့၊ အတွင်းအားတွေညံ့နေလို့သာ
ဖြစ်တယ်ဆိုတာ သေချာတယ်။

ဆရာတော်ကြီးရဲ့ တရားနာပြီး ကျွန်တော်တို့
အညံ့တွေကို ဖက်တွယ်နေကြပါလားလို့
အတွေးမှာပေါ်လာပါတယ်။ လူကြီးတွေရဲ့
အညံ့တွေ ဖက်တွယ်မှုကို လူငယ်တွေက
ဖယ်ရှားရင်း။ အညံ့တွေကို တွန်းလှန်ဖယ်ထုတ်
ကြိုးစားအားထုတ်နိုင်ကြပါစေ။
ဆန္ဒပြုရင်း.....။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency