ဘုရင်ကြီးဖိနပ်နှင့် စဉ်းစားစရာတခု

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

တခါတလေ အင်တာနက်တို့ ဖေ့ဘွတ်တို့ပေါ်မှ ကမ္ဘာ့ သတင်းတွေ မြန်မာနိုင်ငံသတင်းတွေ ဟုတ်တာရော် မဟုတ်တာတွေရော် သတင်းတွေ အကုန်ကြား ကြားရတာပြီး စိတ်မကောင်း စိတ်ဆင်းရဲ ဖြစ်မိတယ်။ တခါတလေ ကိုယ့်တိုင်းပြည်ကို အားမလို အားမရ ဖြစ်မိတယ်။ ဘယ်နေရာမှာ ဘယ်လို ချပစ်။ ဘာလုပ်ပစ်ဆိုပြီး တိုင်းပြည်ကောင်းစေချင်တဲ့ စေတနာ၊ ပြောင်းစေချင်တဲ့ စေတနာနဲ့ ပြောဆိုမိတတ်ကြတယ်။

တကယ်တိုင်းပြည်ကို ကောင်းစေချင်ကို မိမိကိုယ်တိုင်က စပြောင်းရမယ် ဆိုတဲ့ စကားတွေလည်း ကြားဘူးနေမှာပါ။ မိမိ ကိုယ်တိုင်ကိုဘဲ ဂရုစိုက်ပြီး ပြောင်းပါ ဆိုတာနဲ့ ပတ်သတ်ပြီး ပုံပြင်တခုကို ဝေမျှချင်ပါတယ်။

767e0e288ab3b4c70fcfa42eeb0952eb--little-flowers-nice-quotes.jpg

တခါက တိုင်းပြည်တပြည်မှာ ရှင်ဘုရင်တပါးအုပ်ချုပ်တယ်တဲ့။ အဲဒီရှင်ဘုရင်ဟာ နန်းတော်မှာမွေး နန်းတော်ထဲမှာ ကြီးပြင်လာပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့ပြီး ဘုရင်ဖြစ်လာတဲ့သူပေါ့။ နန်းတော်ပြင်ပ ဘယ်မလဲ မရောက်ဘူးဘူးပေါ့။ ဒီလိုနဲ့ တနေ့မှာ အဲဒီ ရှင်ဘုရင်က နန်းတော်ပြင်ပကို ခရီးထွက်မယ်ဆိုပြီး ခရီးထွက်သွားလေသတဲ့။ သူသွားတဲ့ ခရီးက ကျောက်တုံးကျောက်ခဲတွေပေါ်တဲ့ ခရီးလမ်းကြမ်းကြီး ဖြစ်သတဲ့။

ဒီလိုနဲ့ ဘုရင်ကြီး ခရီးကြမ်းက ပြန်ရောက်လာပါတော့ ဘုရင်ကြီးခြေထောက်တွေဟာ ခြေဖဝါတော်နုနု သွေးချေဥတင်မကဘူး။ အသားနီလှန် စုပ်ပြတ်နေပါတော့တယ်။ ဒါနဲ့ နောက်နေ့ ညီလာခံတပ်တော့ ဘုရင်ကြီး အမိန့်တော်ချမှတ်သတဲ့။ သူ့တိုင်းပြည်အတွင်းမှာ ရှိတဲ့ လမ်းတွေအားလုံးကို ချေမွေ့အောင် သရေပြားတွေခင်းရမယ်လို့ အမိန့်ချမှတ်တယ်။ လမ်းတွေ အားလုံးကို သရေပြားတွေခင်းဖို့ဆိုတာ သရေပြားတွေအတွက် ကျွဲနွား ထောင်သောင်းမက လိုတယ်။ ကျွဲနွားထောင်သောင်းမက သတ်ရမယ်။ အဲဒီအတွက် ကုန်ကျစရိတ်က လည်း အင်မတန်ကြီးမားတယ်။ ဒီလိုနဲ့ ဘုရင့်အနားမှာ ရှိတဲ့ ပညာရှိအမတ်ကြီးက ဒီလို လမ်းတွေကို သားရေပြားတွေခင်းရင် ကုန်ကျစရိတ်ရော် အင်မတန်ကုန်ကျမယ်၊ ကျွဲနွားတွေရော် အများအပြားသေကြေကုန်မှာ ဖြစ်တဲ့ အတွက် မလုပ်သင့်ကြောင်း၊ အဲဒီအစား ခြေတဖဝါးစာရှိတဲ့ ဘုရင့် ခြေထောက်အောက်မှာဘဲ အလွန်ကောင်းတဲ့ အဖိုးတန်သရေနဲ့ ခင်းပေးပြီး ခြေနင်းတော် ပြုလုပ်လိုက်ခြင်းက ကုန်ကျစရိတ်ရော် သွားလေရာမှာပါ ခင်းပြီးသား ဖြစ်နိုင်ကြောင်းတင်ပြပြီး ဘုရင့်ပြသနာကို ဖြေရှင်းပေးလိုက်သတဲ့။

why-do-you-want-to-change-the-world.jpg

တခါတလေ ကျွန်တော်တို့တွေက အားမလို အားမရတာတွေ တွေ့ပြီး၊ ဟိုအပစ်ပြော ဒီအပြစ်ပြောနေတတ်ကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ကောင်းတဲ့ ဘက်က ကောင်းအောင် ဂရုစိုက်ခြင်းက ကိုယ်ရဲ့ တိုင်းပြည်၊ ကိုယ့်ရဲ့ ကမ္ဘာကို တစိတ်တပိုင်း ကောင်းအောင် ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ သတိရသင့်တယ်။ ဥပမာ မိမိအတွက် ဒီ streemit ပေါ် ကနေ စာကို ရေးနေပေမဲ့။ ဒါတွေဟာ တိုင်းပြည်အတွက် အနေရာကနေ အကျိုးတွေ ရှိနေတတ်တယ် ဆိုတာ ငြင်းမရပါဘူး။ ဘာဘဲပြောပြော ဒီပို့စ်ကနေ သင့်တွက် တခုခု စဉ်းစားဆင်ခြင်စရာ ရနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now