ဘ၀ မီးနီလေး မပြစေချင်ပါ။

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

အခုဆို ရုံးကအပြန် ဘစ်ကားပေါ်မှာ ဖုန်းကို သိမ်းပြီး Steemit ပေါ် ဘာအကြောင်းတင်ရမလဲ ဆိုတာ စဉ်းစားရတာ အလုပ်တစ်ခုလိုကို ဖြစ်လာနေပြီ။ တင်ရင်လည်း သေချာတွေး သေချာရေးပြီး ဖတ်တဲ့သူ တခုခုရပါစေဆိုတဲ့ ခံယူချက်ကလေးကလည်း ရှိနေတော့ အကြောင်းအရာ ရယုံနဲ့ မဖြစ်သေးဘဲ။ အဲဒီ အကြောင်းအရာပေါ်ကနေ ဘာကို ပေးရမလဲဆိုတာကိုပါ စဉ်းစားလာရတယ်။ ဒီလို တွေးပြီး စဉ်းစားနေတုန်း ဘစ်ကားက မီးပွိုင့်ကို ရောက်ပြီး မီးနီနေလို့ ဘစ်ကားက ရပ်နေရတယ်ကို သတိပြုမိပြီး ရေးစရာလေးတွေပေါ်လာ ပြန်တယ်။ မီးပွိုင့်နဲ့ ဘ၀ပေါ့။

Mandalay_P1110219-1024x767.jpg

မီးပွိုင့်ကို အစိမ်းကနေ အဝါ၊ အဝါကနေ အနီ ဘဲပြောင်း သွားတယ် ပြောပြော၊ အနီပြီးတော့ အဝါ၊ အဝါပြီးတော့ စိမ်းလာတယ်ဘဲဆိုဆို ကျွန်တော်တို့ ဘ၀မှာလည်း ဘ၀တခုရဲ့ အခြေအနေတခုကို အမြဲလျှောက်လှမ်းနေကြရတယ်။ အချို့က စိမ်းနေတဲ့ အနေအထားနဲ့ ဆက်လျှောက်နေကြသလို၊ အချို့က နီနေတဲ့အနေအထား ရပ်စောင့်ရတဲ့ အနေအထားမှာလည်း ရှိနေကြပြန်တယ်။ အချို့ကတော့လည်း မိမိဘ၀ကို အနေအထားတခုမှာ လျှောက်လှမ်းသွားနေရာကနေ သတိထားပြီး ရပ်လိုက်တယ်လို့ အခြေအနေရှိသလို ရပ်တာကနေ သတိထားပြီး စပြီး ထွက်သွားရတယ် ဆိုတာလည်းရှိတယ်။ အဲဒီလို အခြေအနေကနေမှာ ရှိနေတဲ့ နေရာကနေ မီးဝါအဆင့်တခုကိုတော့ ဖြတ်ရသလို၊ သတိထားတဲ့ အနေအထားကိုတော့ ဖြတ်သန်းသွားရတယ်။ မီးဝါအဆင့်က ဖြတ်သွားလို့ရပေမဲ့ သတိရှိရမယ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော်တို့ ဘ၀တွေမှာ မီးဝါတွေကို ခဏခဏဖြတ်ကျော် ရတတ်တယ်။ မီးဝါဟာ ရပ်ပစ်ရမဲ့ အခြေအနေမဟုတ်ပေမဲ့ သတိလေးထားရတယ်ပေါ့။

ပေးချင်တဲ့ message ကတော့ မီးဝါဆိုတဲ့ သတိပေါ့။ တခါတလေ ကျွန်တော်တို့က ငါကျွမ်းကျင်ပါတယ်။ ငါ လုပ်နေကြပါ။ ဒါကတော့ ငါ့အတွက် အေးဆေးဘဲ ဆိုပြီး မီးဝါတွေကို သတိမထားဘဲ ပြေးဖြတ်တတ်ကြတယ်ပေါ့။ မဖြစ်ရင်တော့ မဖြစ်ဘူးပေါ့။ ဖြစ်လာခဲ့ရင်တော့လည်း ဖြစ်ပြီပေါ့။ ဒါပေမဲ့ သတိလေးသာ ထားခဲ့မယ်ဆိုရင် ဖြစ်သင့်လား မဖြစ်သင့်လားဆိုတာလေး စဉ်းစားမိပြီး လုပ်သင့်တာ သတိလေးထားနိုင်တာပေါ့။

hqdefault.jpg

ဒီလောက် လမ်းစည်းကမ်းမရှိတဲ့ မန္တလေးက မန္တလေးသားက ကြီးကြီးကျယ်ကျယ် လမ်းစည်းကမ်းတွေပြောနေတယ်ဆို ထင်ရင်ထင်မှာဘဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မန္တလေး လမ်းစည်းကမ်းမရှိတာကို တော့ ၀န်ခံရမှာဘဲ။ ဒါကို တခါတလေ ကျွန်တော်တို့ မန္တလေးသားတွေက ဂုဏ်ယူစွာပြောတတ်သေးတယ်။ ငါတို့ မန္တလေးသားတွေက တယောက်နဲ့ တယောက် နားလည်မှု့ အပြည့်နဲ့ ယဉ်မောင်းကြတာကွ၊ ငါတို့မန္တလေးသားအချင်းချင်း ဆို တယောက်နဲ့တယောက် တိုက်ကြတာ ရှားတယ်။ (တကယ်တော့ စည်းကမ်းမဲ့ချင်းတူတူ မင်းဘယ်လို စည်းကမ်းမဲ့မယ် ငါဘယ်လို စည်းကမ်းမဲ့မယ် ဆိုတာ သိနေတော့ မြွေမြွေချင်း ခြေမြင်သလိုပေါ့) အခြားမြို့ကလူတွေလာရင် တိုက်ကြပြီ။ သူတို့နဲ့က နားလည်မှု့ လွဲတော့ တိုက်ကုန်ကြတာ။ ဒါကြောင့်လည်း အခြားမြို့သူ မြို့သားတွေ မန္တလေးမှာ ယဉ်မမောင်းရဲကြဘူး။ သူတို့ပြောတာက ရှုပ်နေတာဘဲကွာ။ ဟိုက ထွက်လာလိုက် ဒီက ထွက်လာလိုက်နဲ့။ စက်ဘီးေ်တွက တမျိုး၊ ဆိုက်ကယ်တွေက တမျိုး၊ ကားတွေက တမျိုးနဲ့ မမောင်းရဲဘူး တဲ့။

ဟိုနေ့က သတင်း တခုဖတ်လိုက်ရတယ်။ မန္တလေးတိုင်းရဲ့ ယဉ်တိုက်ခိုက်မှု့နဲ့ အသက်ဆုံးရှုံးမှု့သတင်းပေါ့။ မန္တလေးတိုင်းဒေသကြီး ခုနစ်ခရိုင်တွင်မှာ ယာဉ်တိုက်မှု ၂၀၄၉ မှု၊ သေဆုံးသူ ၇၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၃၁၀ ရှိခဲ့တယ် ဆိုတဲ့သတင်းဖတ်မိတယ်။ အဲဒီကနေ ဒီအကြောင်း ရေးဖို့ဖြစ်လာတာပါ။

အခုဆို ကျွန်တော်ကိုယ်တိုင် မန္တလေးပြန်ရောက်ရင် အိမ်ရှေ့က လမ်းကို မကူး ရဲတော့ဘူး။ တကယ် အိမ်က တယောက်ယောက် ပါမှ ကူးရဲတော့တာ။ မင်းက ပိုတာကွာလို့မထင်နဲ့ တကယ် ဖြစ်တာနေတာပါ။ အိမ်ပြန်ရောက်ရင် အမေက ယာဉ်မောင်း လိုင်စင်ကို ထုတ်မပေးတော့ဘူး။ မင်းနဲ့ မဖြစ်ဘူးပါ လမ်းတွေက အရမ်းရှုပ်တယ်။ ဆိုပြီး လုံးဝ ထုတ်မပေးဘူး။ အဲလိုနဲ့ အိမ်ပြန်ရင် သွားချင်တဲ့နေရာ တယောက်ယောက်က လိုက်ပို့တော့ သူများ မောင်းတာဘဲလိုက် စီးရတဲ့ အဖြစ်ရောက်သွားတယ်။ ကိုယ်လည်း တကယ် မောင်းမလားဆို မမောင်းရဲတော့ဘူး။ ကြောက်တယ်။

cbb125297912e9cbe4f14f601e66ec89.jpg

စည်းကမ်းဖောက်တဲ့သူတွေကို လက်ညိုးထိုး အပြစ်ပြောချင်လို့ မဟုတ်ပါဘူး။ ကိုယ်လည်း မန္တလေးသား စစ်စစ်ဆိုတော့ အချိန်က ၁ လကို ဘောက်ချာ ၃ ခါလောက်တောင် ဖျက်ခံရပြီး ဒဏ်ဆောင်ခဲ့ရတာဆိုတော့ ကိုယ်လည်း အပြစ်မပြောချင်ပါဘူး။ ဘယ်လောက်ဘဲ ဒဏ်တတ်တတ်။ မထိရောက်လောက်ဘူး။ ဘာ က လုပ်ပေးနိုင်မလဲဆိုတော့ အသိဘဲ။ စည်းကမ်းရှိတာ ဒီလို စည်းကမ်းမဲ့တာ ဒီလို ဆိုတာ သိသွားရင် စည်းကမ်းကို လိုက်နာကြမယ် ထင်တာဘဲ။ အခုဆို ဒဏ်ကြေးတွေမြင့် တပ်တယ်။ ဒါပေမဲ့ မထိန်းသိမ်းနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ အသိတရားလိုတာပေါ့။ အဲဒီ အသိတရားလေးကို အစမှာပြောခဲ့သလို သတိလေးကပ်ပြီး စီးကြ မောင်းကြမယ်ဆို ယဉ်အန္တရာယ် လမ်းအန္တာရယ်ကင်းဝေးသွားနိုင်လိမ့်မယ်လို့ မြင်မိပါတယ်။

စည်းကမ်းဖောက်လို့ ဘ၀တခုလုံးစာ မီးနီပြလိုက်ရင်တော့ မရပ်ချင်လည်း ဘ၀ကို ရပ်လိုက်ကြရမှာဘဲနော် ။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now