အစည်းအဝေး(အဆက်)

အစည်းအဝေးတစ်ခုလုပ်တော့မယ် ဆိုရင် ဘယ်သူတွေတက်သင့်လဲ၊အချိန်ဘယ်လောက်ပေးမလဲ၊
ဘာအကြောင်းအရာကို အဓိကဆွေးနွေးမလဲ ဆိုတာတွေကို တိတိကျကျ သတ်မှတ်ထားဖို့လိုပါတယ်။
ဒီလိုသတ်မှတ်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး အကျိုးရှိတဲ့ အစည်းအဝေးမှာပါ။ဒါပေမယ့် အစည်းအဝေးမှာ
အကျိုးရှိရှိ ဆွေးနွေးနိုင်တာ အချက်တစ်ချက်ပဲဖြစ်ပီး ဆွေးနွေးစရာတွေ ကျန်နေသေးတာမျိုးဖြစ်တတ်ပါတယ်။
bad-meeting.png
လူအပြုအမူဆိုင်ရာ သိပ္ပံပညာမှာ အစည်းအဝေးတစ်ခုကို-
(၁)ဖွဲ့စည်းခြင်း
အစည်းအဝေးတက်ရောက်သူတွေ အုပ်စုဖွဲ့ကာ သူတို့လိုချင်တာ သတ်မှတ်ကြတယ်။
(၂)ငြင်းခုံခြင်း
သူတို့ရဲ့ရည်မှန်းချက် ဦးတည်ချက်တွေနဲ့ ပတ်သက်ပီး ငြင်းခုံဆွေးနွေးကြတယ်။
(၃)စံနှုန်းသတ်မှတ်ကြခြင်း
ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာ သဘောတူဆုံးဖြတ်ကြတယ်။
(၄)လက်တွေ့ဆောင်ရွက်ခြင်း
ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် လက်တွေ့ဆောင်ရွက်ခြင်း။ --- ဆိုပြီးအကြံပြုထားတယ်။
ဒါပေမယ့် တကယ့်တမ်း ဒီလေးချက် ကို အကျိုးရှိအောင် အကောင်အထည်ဖော်ဖို့ အတွက် အချိန်တွေ
အများကြီးလိုပါတယ်။အစည်းအဝေးဆိုတာ တစ်ခါတစ်ရံ အရေးကြီးအကြောင်းအရာဆွေးနွေးရာက
လမ်းကြောင်းပြောင်းပီး အသေးအဖွဲကိစ္စလေးတွေကို ဆွေးနေးလျက်သားဖြစ်သွားတယ်။တစ်ခါတစ်ရံ
အချိန်အနည်းငယ်ပဲ ပေးရယ်ထင်တဲ့ အစည်းအဝေးက ရက်နဲ့ချီကြာသွားတာမျိုးဖြစ်တတ်ပါတယ်။
ရလဒ်ကောင်းရရင်တောင် အပြည့်အ၀ အအောင်အမြင်ဆုံးအစည်းဝေးလို့ပြောလို့မရပါဘူး။
https _blogs-images.forbes.com_thumbnails_blog_2064_pt_2064_3639_o.jpg t=1362147067.jpg
တကယ်တမ်း အအောင်မြင်ဆုံး အစည်းအဝေးကတော့ မမျှော်လင့်ဘဲ ဆွေးနွေးဖြစ်တဲ့ အစည်းအဝေးပါ။
ညစာစားရင်း၊လက္ဘရည်သောက်ရင်း၊အားကစားလုပ်ရင်းမမျှော်လင့်သောနေရာ၊မမျှော်လင့်သောအချိန်မှာ
သုံးလေးယောက်တွေ့ဆုံဆွေးနွေးတဲ့ပွဲမျိုးပါ။ဒါကြောင့် ကမ္ဘာမှာ အအောင်မြင်ဆုံး လူသားတွေ
အစည်းအဝေးနဲ့ပတ်သက်ပီးလက်ခံထားတာကတော့ " ဘယ်တော့မှ မဖိတ်ခေါ်ဘဲ ဆွေးနွေးတဲ့ ပွဲဟာ အအောင်မြင်ဆုံး ဆွေးနွေးပွဲပါ"တဲ့။
depositphotos_131100172-stock-photo-team-meeting-and-brainstorming.jpgDRZqoh8WkAAqJwR.jpg

photo---google
success-stars-celebration-succeed-mission-260nw-512976325.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center