အလှအပ

အလှအပ
image
လူမှုပတ်​ဝန်းကျင်​နဲ့ ​နေမှုထိုင်​မှုသဘာဝ​တွေမှာ လုပ်​ကိုင်​စား​သောက်​ရတာ​ပေါ့​နော်​ သူကျွမ်းကျင်​ရာ ကိုယ်​ကျွမ်းကျင်​ရာ အလုပ်​အကိုင်​နဲ့ ဝမ်းတထှာအတွက်​ ကြိုးစား​နေကြရတယ်​ သူကျွမ်းကျင်​ရာ ကျင်​လည်​ရာကျက်​စားရပါတယ်​။လူတန်းစားအ​နေနဲ့ကလဲ ကျားကြီး ​ခြေရာကြီးဆိုသလို...သူ့အပူနဲ့သူလူတိုင်းရှိတတ်​ကြပါတယ်​။

ပတ်​ဝန်းကျင်​​သော်​ လည်​​ကောင်း လုပ်​ငန်းခွင်​​သော်​လည်​​ကောင်း သဘာဝအလှတရားဆိုတာ ​နေရာတိုင်းမှာရှိတယ်​။အလှအပခံစားတတ်​ဖို့အတွက်​ ချစ်​တတ်​တဲ့ မျက်​လုံး နှလုံးသားရှိဖို့​တော့ လိုတာ​ပေါ့ဗျာ။အများအကျိုး သယ်​ပိုး​ဆောင်​ရွက်​တတ်​သူ၊အားငယ်​သူအား​ပေးသူ စတဲ့ ချစ်​တတ်​တဲ့ နှလုံးသားအရည်​အ​သွေးနဲ့ လူ​တွေက​တော့ သဘာဝက​ပေးထားတဲ့ လှပတဲ့လူ​တွေဖြစ်​ကြပါတယ်​။ချစ်​တတ်​တဲ့စိတ်​ရှိကြတယ်​။အလှအပ လှတဲစိတ်​ လှပတဲ့အသွင်​အပြင်​​တွေဟာ လူတစ်​ဦးတစ်​​ယောက်​ရဲ့ အတွင်းစိတ်​က​နေ ခံစားပြီး ဖြစ်​​ပေါ်လာတဲ့ အရာဖြစ်​သည်​။အလှအပဟာ လူတိုင်းအတွက်​ အ​ရေးကြီး​သော အရာ​ရောက်​တဲ့ အစိတ်​အပိုင်းဖြစ်​တယ်​။ပြီး​တော့ အလှအပဆိုတာ လူတိုင်းအတွက်​ လိုအပ်​တယ်​ အလှအပကိုဝန်းရံ​နေတဲ့သူ ရှာ​ဖွေတတ်​သူ​တွေဟာ ဘဝ​အောင်​မြင်​ဖို့အတွက်​ အရမ်းနီးစပ်​ပါတယ်​။အလှအပ ခံစားတတ်​တဲ့စိတ်​​ကြောင့်​ အရာရာဟာ အ​ကောင်းမြင်​​နေမယ်​ ​ကောင်းတဲ့အကြံဥာဏ်​​တွေကိုလဲ ​တွေး​တောကြံဆံနိုင်​တယ်​။
image
မိမိတတ်​ကျွမ်းတဲ့ အလုပ်​မှာဆိုရင်​လဲ အရာရာလှပတဲ့စိတ်​ အ​ကောင်းမြင်​တတ်​တဲ့စိတ်​​တွေ​ကြောင့်​ လုပ်​ငန်းအ​ပေါ် ပိုမိုပြီး​ကောင်းမွန်​​အောင်​ ပြုလုပ်​တယ်​....လှပတဲ့စိတ်​​ကြောင့်​ အရာရာအ​ကောင်းမြင်​တယ်​ အ​ကောင်းမြင်​ပြီး​တွေး​တောနိုင်​တယ်​ အလုပ်​လုပ်​တဲ့​နေရာမှာဘဲ ​စေတနာပါတယ်​။စေတနာပါတဲ့အတွက်​​ကြောင့်​ လုပ်​ငန်းဟာတွင်​ကြည်​ပြီး လူ​နေမှုဘဝ​တွေကို ချမ်းသာကြွယ်​ဝဖို့ ဖြစ်​လာပါတယ်​။အတွင်းစိတ်​က​နေ ဖြစ်​​ပေါ်လာတဲ့ လှပမှု​တွေဟာဘယ်​လိုဘဲ ကြိုးစားကြိုးစား ​ငွေနဲ့ဘဲဝယ်​ဝယ်​ အတွင်းစိတ်​က ချစ်​စရာ​ကောင်းတဲ့ လှပမှုကို အလွယ်​တကူမရရှိနိုင်​ပါဘူး။

မိန်းမပျိုတ​ယောက်​ အလွန်​လှတဲ့မိန်းမပျို​လေးတ​ယောက်​ကို အလှကြည့်​ယုံသ​ဘောမထားဘဲ အလှအပကိုခံစားတတ်​ရမယ်​။အ​ဆောက်​အဦးတွင်​လည်း မိမိလုပ်​​သော လုပ်​ငန်းအ​ဆောက်​အဦးတွင်​လည်း...​စေတနာအလှအပ​လေးထည့်​​ပေးမှ ပိုပြီး လူကြိုက်​များမည်​။လူကြိုက်​များ​တော့ ချစ်​စရာ​ကောင်းတဲ့ သင့်​အလှအပ​ကြောင့်​ စိတ်​သ​ဘောထားအလှအပ​ကြောင့်​ သင်​​အောင်​မြင်​မည်​။
image
အောင်​မြင်​ချမ်းသာတဲ့လူ​တွေဆီမှာ အလှအပ​တွေဟာ အမြဲရှိ​နေကြတယ်​။အဲ့တာကို တချို့သူ​တွေက ကြွားကြတယ်​လို့လဲ ထင်​ကြတယ်​။ငွေရှိလို့ အလှအပရှိတာလို့လဲထင်​တတ်​ကြ​သေးတယ်​။အဲ့ဒီအယူအဆ​တွေက​တော့ မှန်​သင့်​သ​လောက်​မှန်​ပြီး အားလုံး အလုံးစုံ​တော့မမှန်​ပါဘူး။အလှအပက​တော့ လူတိုင်းလိုချင်​တယ်​ တပ်​မက်​တယ်​ လူတိုင်းအတွက်​လဲလိုအပ်​တယ်​။ ဒီ​နေရာမှာ အလှအပခံစားခြင်းနဲ့ အ​ပျော်​အပါးလိုက်​စားတာ​တော့ မတူပါဘူး။
အလှအပအတွက်​ ခံစားတတ်​ရုံနဲ့ မပြီး​သေးပါဘူး...အဲ့ဒီအလှအပကိုဖန်​တီးတတ်​တဲ့သူဆိုရင်​​တော့ အဲ့လူရဲ့ ​အောင်​မြင်​မှုက ပိုပြီး​တော့ တန်​ဖိုးရှိတယ်​ ကြီးမြတ်​ပါတယ်​။အဲ့ဒါ​ကြောင့်​ မိမိတို့ဘဝမှာ အလှအပဖန်းတီးတတ်​ဖို့ထက်​ အဲ့ဒီအလှအပ​တွေ ဝန်းရံ​နေ​အောင်​ ကြိုးစားရပါမည်​။

အလှအပခံစားတတ်​ရင်​ စိတ်​ထားနူးညံမယ်
စိတ်​ထားနူးညံ့ရင်​ လူချစ်​လူခင်​များတယ်
လူချစ်​လူခင်​များရင်​ အလုပ်​အကိုင်​တိုင်းမှာ အဆင်​​ပြေ​နေမည်​။မိမိကိုယ်​ကို အလှအပ​တွေဝန်းရံ​နေ​အောင်​ မိမိမှာအခက်​အခဲတစ်​စုံတရာဖြစ်​လာရင်​ ဘယ်​သူ့ထံမှာ အကူအညီယူရမလဲဆိုတာ ​လေ့လာပါ။အကူညီရယူဖို့ရန်​အတွက်​ စနစ်​တကျ အစီအစဉ်​ဆွဲပြီး လုပ်​​ဆောင်​ရမည်​။ရုပ်​ပိုင်းဆိုင်​ရာအလှအပထက်​ကို စိတ်​ပိုင်းဆိုင်​ရာအလှအပကို ပိုပြီးခံစားတတ်​​အောင်​ ဖန်​တီးတတ်​​အောင်​ ကြိုးစားရမည်​။အလှအပကိုခံစားတတ်​​သော စိတ်​ထားလှ​သော လူများဖြစ်​ကြပါ​စေ။

အလှအပ​တွေခံစားရင်​ ​လောကကြီးကိုအလှဆင်​ကြပါစို့..

htetnainglin
Msc 188
Photr credit google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now