Introducemyself to Steemit Community

My Name is Mg Htet Lin Aung.
ကျွန်နော် မြန်မာလိုပဲရေးတော့မယ် 😂😂
ဘာလို့လဲဆိုတော့ ကျွန်နော်က အဖေ ဗမာ အမေ ဗမာ ကမွေးတဲ့သူလေ
ဗမာလူမျိုး မြန်မာစာကို ပိုနှစ်သက်ပါတယ်.
ကျွန်နော်နာမည်ကတော့ မောင်ထက်လင်းအောင်ပေါ့ မိဘတွေငယ်ငယ်ကပေးခဲ့တဲ့နာမည်ပေါ့
ကျွန်နော့်တို့မှာ မိသားစု ၅ယောက်ရှိပါတယ် ဒါပေမဲ့ခုတော့ ၄ယောက်ပဲရှိပါတော့တယ် လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်ကမှ ကျွန်တော့အဖေက အသက် ၄၃ နှစ်နဲ့ဆုံးသွားတာပါ.. အဖေက ကျွန်နော်တို့မိသားစုလေးအပေါ်တာဝန်ကျေခဲ့ပါတယ်.. အစစ အရာရာ လိုလေသေးမရှိ သူတတ်နိုင်သလောက် ရှာဖွေ ကျွေးမွေး ထားရှိခဲ့ပါတယ်..
မိသားစုမှာ ကျွန်တော်က အကြီးဆုံးသားဗျ. အကြီးဆုံးဆိုတော့ အဖေဆုံးသွားတော့အရာအားလုံးကျွန်နော်ခေါင်းပေါ်ရောက်ခဲ့တာပေါ့..
ကျွန်နော်အခု အသက်၁၉ နှစ်ပါ.. အဖေကကျွန်နော် ၁၈နှစ်မပြည့်ခင်ထဲက ဆုံးသွားတာပေါ့။ အမေက ကျန်းမာရေးချို့တဲ့တယ်ဗျ။ အခုတော့ အရာအားလုံးကျွန်နော်ပဲဦးဆောင်ရပါတယ်။ အသက်၁၉ ဆိုတာ ကျွန်နော့်သူငယ်ချင်းတွေဆို ကျောင်းတွေတတ်တုံး ပျော်တုံး ပါးတုံး ပေါ့ ကျွန်တော်လဲလူပဲဗျာ သူတို့တွေလို စိတ်လွတ်ကိုယ်လွတ် နေချင်တာပေါ့။ ဒါပေမဲ့ဗျာ ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုသလို ခုတော့ ကျွန်နော် ဖုန်းဆိုင်လေးဖွင့်ပီးအငယ်စားစီးပွားရေးသမားလေး ဖြစ်နေတာပေါ့ဗျာ။
ကျွန်တော့အောက်မှာက ညီမ ၂ယောက်ရှိတယ်ဗျ တစ်ယောက်က ၉တန်း တစ်ယောက်က ၁၀ တန်းပေါ့ ။ အဟေ ဟေ့.. ဘလိုပြောရမလဲ ရှင်း၂ပြောရရင်တော့ ကုန်ပေါက်ပေါ့ 😂😂😂 သူတို့တွေက ကြိုးစားတော့ ကျွန်နော်တို့ငွေကုန်ရကျိုးနပ်တာပေါ့ဗျာ.. ကျွန်တော်ကတော့ အဝေးသင်ပဲတတ်ပီး စီးပွားရေးလုပ်နေပီပေါ့ဗျာ။
ကျွန်တော်တို့နေထိုင်တဲ့မြို့လေးနမည်က ကျောက်တံခါးမြို့လေးပါ။ ပဲခူးတိုင်းထဲမှာပါ။အထင်ကရနေရာလေးတွေတော့သိပ်မရှိပါဘူး။ကြည်ညိုဖွယ်ရာ ဘုန်းကြီးကျောင်းလေးတွေရယ် အုံ့ဆိုင်းနေတဲ့ ညစ်ပင်တွေကြားက လမ်းလေးတွေရယ် ရှင်းလင်းနေတဲ့လယ်ကွင်းတွေကြားက ဖြောင့်ဖြူးလှတဲ့လမ်းလေးတွေရယ်ပဲရှိပါတယ်။ ထိုလမ်းတွေပေါ်မှာ မနက်ခင်းကျန်းမာရေးအရ လမ်းလျောက်တဲ့သူတွေရယ် ညနေမှာဆိုရင်လဲနေအေးတဲ့အချိန် လေပြေလေးတကြူကြူနဲ့ လမ်းလျောက်ရတာ အရမ်းကိုပဲ လမ်းဆန်းစေပါတယ်။ နေဝင်ချိန် နေထွက်ချိန်ကို ကြည့်ရှုလျှင် ထိုနေရာတွင်သာ အကောင်းဆုံးဖြစ်ပါတယ်။
မြို့ကားလမ်းမကြီးနှင့် အနည်းငယ်အလှမ်းဝေး၍ ကားသံ ရထားသံ မကြားရပဲ ငှက်ကလေးတွေရဲ့အသံ သဘာဝရဲ့ အသံလေးတွေကိုသာကြားရတဲ့အတွက် အရမ်းကိုပဲ သွားချင်စဖွယ်နေရာလေးပါ။လမ်းလေး၂သွယ်ဟာ ကျွန်နော်တို့မြို့လေးနဲ့ ခက်လှန်းလှန်းမှာရှိတဲ့တောရကျောင်း၂ကျောင်းနဲ့ ဆက်သွယ်ထားတဲ့လမ်းလေးပါ။ ထိုကျောင်းများမှာတိတ်စိတ် ငြိမ်သက်၍ အလွန်ကိုပင် အေးချမ်းလှပါတယ်။ကျွန်နော်တို့မြို့လေးကို အလည်လာဖို့ဖိတ်ခေါ်ပါတယ်။
ကိုယ်တွေမြို့က Ooredoo 4G😘😘 ရနေပါပီ 2G လဲရနေပါပီ 😁
Telenor, MPT ကတော့ 2G 3G ပေါ့ နောက်တစ်ပတ်လောက်ဆိုရင်တော့ network အားလုံး 4G ရတော့မှာပါ။
ကျွန်နော်တို့လို internet မှာငွေရှာသူ internet အရမ်းသုံးသူတွေအတွက်တော့ အရမ်းဝမ်းသာစရာပေါ့။
ယခု ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်တွေကတော့ Mobile Phone Sale & Service ပေါ့ ပြုပြင်ရောင်းဝယ်ရေး ပီးတော့အပေါ်မှာချိုထားတာတစ်ခုရှိသေးတယ်။ဟီးး 😁😁 ရွှေဆိုင်သေးသေးလေးတစ်ဆိုင်လဲ ရှိပါသေးတယ် ဒါကတော့ကျွန်တော့အဖေရဲ့ ကြိုးစားအားထုတ်မှပေါ့။
အချိန်ရရင် ရသလို online မှာလဲ ငွေရှာသေးတာပေါ့။ Phone ပြင်တဲ့အလုပ်ကတော့ အတော်ခေါင်းစားတဲ့အလုပ်ဗျ။တခါတလေ ညပါမအိပ်ရဘူး ကိုယ်က beginner လေးဆိုတော့ နားမလည်တာတွေများနေတော့တိုင်ပတ်နေတာပေါ့ ။ ဟုတ်ကဲ့ ကျွန်နော်ရဲ့ မိတ်ဆက်ကတော့ဒီလောက်ပါပဲ။ အချိန်ပေးပီးဖတ်ပေးတာကျေးဇူးပါ။တစ်ခုရှိသေးတယ်ဗျ။ ကျွန်နော်အကြိုက်ဆုံးနာမည်က Htet Waihin Moemyint..... image image image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center