ရှက်စိတ်ကလေးတော့ ရှိစေချင်

ရွာတစ်ရွာမှ သူဌေးကြီးတစ်ဦးဟာ သူ့ရွာက လူငယ် ရွာသားလေးတွေထဲမှာ ဉာဏ်ရည် ထက်မြက်သူ ဘယ်လောက်ရှိသလဲ စမ်းသပ်ဖို့အတွက် အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်လိုက်တယ် .. ။
05.jpg
Images Credit - Original Source
အစီအစဉ်အရ ရွာလယ် မြေကွက်လပ်ကြီိးမှာ ဝါးလုံးတိုင် တစ်တိုင်ထူပြီး ဝါးလုံးဖျားမှာ အဖိုးတန်ပစ္စည်းတွေ ချိတ်ဆွဲထား လိုက်တယ် ။ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး ....
" ကိုင်း .. ငါ့လူတို့ .. ဒီဝါးလုံးတိုင်ပေါ်ကို ဖက်လည်း မတက်ရဘူး .. လှဲလည်း မလှဲရဘူး .. မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာ ချိတ်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ရအောင် ယူကြပေတော့ .. " လို့ ... သူဌေးကြီးက ပြောလိုက်ပါတယ်။
ရွာထဲက လူငယ်တွေ စုရုံးရောက်ရှိလာကြပြီး ဝါးလုံးတိုင်ထိပ်ကပစ္စည်းတွေကို ဘယ်လိုယူရမလဲ ကြံဆကြတာပေါ့..။ ဒါပေမယ့် တိုင်ကိုလည်း ဖက်မတက်ရ ၊ လှဲလည်းမယူရဆိုတော့ အကြံ အိုက်ကုန်ကြပါတယ်။

အဲ့ဒီအချိန် မောင်ဉာဏဆိုသူ လူငယ် တစ်ယောက် ရောက်လာပြီး သူဌေးကြီးကို မေးတယ် ...
" လူကြီးမင်းခင်ဗျာ...တိုင်ပေါ် ဖက်လည်းမတက်ဘူး...။ လှဲလည်း မလှဲဘူး...။ ဒါပေမယ့် တိုင်ကိုတော့ ချွတ်နှုတ်ခွင့်ပြုနိုင်မလား ခင်ဗျား "
သူဌေးကြီးက လူငယ်ရဲ့ စကားကြောင့် ခဏတော့ အံ့သြမှင်တက်သွားတယ်။ ပြီးတော့မှ ....
" ရပါတယ် ... တိုင်ကို ချွတ်ချင်တော့ ချွတ်ပါ ..ဒါပေမယ့် လှဲချယူ လို့တော့ မဖြစ်ဖူးနော် .. ချွတ်ပြီးရင်လည်း ဒီအတိုင်း ထောင်လျက် အနေအထား ကနေဘဲ ရအောင် ယူရမယ် " လို့ ပြောတယ်။
မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါးလုံးတိုင်ကို ချွတ်ယူလိုက်တယ် ။ ပြီးတော့ ထောင်လျက်အတိုင်းဘဲ သယ် , မ ထုတ်လိုက်ပြီး မလှမ်းမကမ်းက ရေတွင်းဆီ အပြေးအလွှား ယူသွားတယ် ။ ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်းချလိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့အခါ အဖျားမှာချိတ်ဆွဲထားတဲ့ ပစ္စည်းတွေကို တစ်ခုစီ ဖြုတ်ယူလိုက် ပါတော့တယ် ။
သူဌေးကြီးနဲ့ တချို့သောလူငယ်တွေက မောင်ဉာဏရဲ့ ဉာဏ်သွားပုံကို လက်ခုပ်လက်ဝါးတီး အသိအမှတ်ပြု ကြပေမယ့် .. တစ်ချို့သော လူငယ်တွေက
" ဒါ ဘာဆန်းလို့လဲ သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူးလေ ... အစထဲက ဝါးလုံးကို အဲ့လို နှုတ်ယူသွားလို့ ရတယ်ပြောရင် ငါတို့လဲ လုပ်လို့ရတာပေါ့ " ဆိုပြီး ဖောင်းထု ကြပါတယ် ။
ဒီစကား ကိုကြားတဲ့ သူဌေးကြီးက ထိုလူတစ်စုကို အောက်ပါအတိုင်း ပြောလိုက် ပါတော့တယ်။
" ဒီမှာ .. မောင်ရင်တို့ .. သူများ ဒါလုပ်လို့ ဖြစ်တယ်ဆိုတော့မှ .. ငါလည်း လုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး..နောက်လိုက် တွေပဲ ဖြစ်တယ်..နောက်လိုက် မှ ဖြောင့်ဖြောင့် လိုက်တဲ့သူတွေ မဟုတ်ဖူး။ ကန့်လန့်တိုက် သူတွေပဲ ဖြစ်တယ်။ ပြီးတော့ အစထဲက သူ့လို မောင်ရင်တို့ အမေး အစမ်း ရှိခဲ့လို့လား .. သူက ဖြစ်နိုင်တဲ့နည်းလမ်းကို အရင်ကြံဆကြည့်ပြီး ဝါးလုံးကို နှုတ်ယူလို့ ရလား မေးတယ် .. ရတယ် ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ရအောင် ယူသွားတယ်။
သူ့လို စိတ်ကူးစိတ်သန်းမရှိလို့ ကိုယ်မလုပ်ခဲ့နိုင်ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာကြည့် .. နည်းနာယူကြပြီး နောက်လိုက်ကောင်းဖြစ်အောင် ကျင့်ကြံကြပါလားကွယ် .. သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက် စကားပြောတယ် ဆိုတာကတော့ ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချပြသလို ဖြစ်နေတော့မှာပေါ့ .. ရှက်စိတ် ကလေးတော့ ရှိကြပါကွယ် "

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center