ကိုယ်ချင်းစာတရား *funny*

ဟာသအမြင်ဖြင့် တင်ပြခြင်းဖြစ်ပါသည်။

မိန်းမတစ်ယောက် အိပ်ခန်းထဲမှာ လင်ငယ်နဲ့ နောက်မီးလင်းဖို့ ပြင်နေတုန်းမှာပဲ
အိမ်ရှေ့ကို ကားတစ်စီး ဆိုက်လာတဲ့ အသံ ကြားလိုက်ရတယ် ။

မိန်းမဖြစ်သူက ကားသံ ကြားတာနဲ့ မှတ်မိ လိုက်တယ် ။
ဒါ သူ့ယောကျာ်းရဲ့ ကား … ။
မနေ့ ကတည်းက ခရီးထွက်သွားတာ ခု ပြန်ရောက်လာပြီ ထင်ရဲ့ ။

'' ဟယ် … ဒုက္ခပဲ
ကျွန်မ ယောကျာ်း ပြန်ရောက်လာပြီ ''

'' ဟာ ပြဿနာပဲ
ဘယ်လို လုပ်ကြမလဲ ''

မိန်းမ ဖြစ်သူက ခဏ စဉ်းစား လိုက်ပြီးတော့
လင်ငယ်ကို ကိုယ်လုံးတီး အတိုင်း တံခါးနားမှာ ရပ်ခိုင်း လိုက်တယ် ။
ပြီး တစ်ကိုယ်လုံးကို လိုးရှင်း လူးပေးပြီး
ပေါင်ဒါမှုန့်တွေ ဖြူးချပေး ထားလိုက်ရင်းက

'' မလှုပ်နဲ့နော် ဒီအတိုင်း ငြိမ်ငြိမ်နေ '' လို့ သတိပေးလိုက် လေရဲ့ ။
1522075583046.png
photo- google images

ယောကျာ်းဖြစ်သူက အခန်းထဲ ဝင်လာရင်းနဲ့
တံခါးနားမှာ ရပ်နေတဲ့ လင်ငယ်ကို တွေ့တော့ မေးတယ်။

'' ဟ … ဒီဖြူဖြူကြီးက ဘာကြီးလဲဟ ''

မိန်းမဖြစ်သူက ဟန်မပျက် ပြန်ဖြေတယ်။

'' သြော် … ဒါလား ။ ဒါ အရုပ်လေ … ။
မနေ့က တော် ခရီး ထွက်သွားတုန်းက
ကျွန်မ အိမ်ဘေးက မဦးတို့ အိမ်ကို သွားလည်ရင်းနဲ့ မဦး အခန်းထဲမှာ ဒါမျိုး တစ်ရုပ် တွေ့ခဲ့တယ်လေ ။
အဲဒါနဲ့ ကျွန်မလဲ သဘောကျလို့ တစ်ရုပ် ဝယ်လာတာ'' တဲ့ ။

ယောကျာ်းဖြစ်သူက ကြမ်းပြင်ပေါ်ကို ကျနေတဲ့ ပေါင်ဒါမှုန့်တွေကို ကြည့်ပြီး
စိတ်ထဲ မသင်္ကာပေမယ့် ဘာစကားမှ ဆက်မပြောခဲ့ဘူး။
အဲလိုနဲ့ သူတို့ အိပ်ရာ ဝင်ခဲ့ကြတယ်။

ညနက်လို့ မိန်းမဖြစ်သူလဲ အိပ်ရော
ယောကျာ်းလုပ်သူက တိတ်တိတ်လေး ထပြီး မီးဖိုခန်းထဲ ဝင်သွားတယ် ။

ပြန်ထွက်လာတော့ သူ့လက်ထဲမှာ တစ်စုံ တစ်ခု ပါလာခဲ့တယ်။
ဟုတ်ကဲ့ … ခင်ဗျားထင်သလို ဓားတွေ ကတ်ကြေးတွေ မဟုတ်ပါဘူး။

သူ့လက်ထဲမှာ ပါလာတာ ပေါင်မုန့်နဲ့ နွားနို့ တစ်ခွက်ပဲ ဖြစ်ပါတယ်။

ယောကျာ်း လုပ်သူက အဲဒါတွေ ကိုင်ပြီး
အရုပ်ယောင် ဆောင်ထားတဲ့ လင်ငယ်ရှေ့ကို သွားပြီး
စိတ်မကောင်းတဲ့ လေသံနဲ့ စကားတစ်ခွန်း ပြောလိုက် ရှာတယ်။

'' ရော့ကွာ … ပေါင်မုန့်နဲ့ နွားနို့ စားလိုက်ဦး
ငါလဲ မနေ့က မင်းလိုပဲ ။ ဘာမှ မစားမသောက်ရ ဘဲနဲ့
မဦးတို့ အိမ်မှာ တစ်နေကုန် မတ်တပ်ရပ်လိုက် ရတယ်ကွ '' တဲ့ ။

တိန်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center