ရေဥပမာ

စာမရေးတာကြာပြီဖြစ်၍ နာကြားမှတ်သားဖူးသော တရားတော်များထဲမှ လူတို့၏စိတ်ကို ဖြူစင်စွာထားသင့်ကြောင့် မှတ်သားစရာ လိုက်နာကျင့်သုံးဖွယ်ရာ ရေဥပမာကို ရေးလိုက်ပါသည်။
လူသားတို့၏စိတ်ကို ဖြူစင်သန့်ရှင်းစွာထားအပ်ကြောင်း ပညာရှိသူတော်ကောင်းများ သွန်သင်ကြရာ၌ ဆန်းကြယ်သောစိတ်သည် ရေထည့်သော ဖန်ခွက်နှင့်တူပေသည်ဟု ဥပမာ ပြုခဲ့ကြသည်။
glass_cup_and_water_vector_587233.jpg
Images Credit - Original Source
သန့်ရှင်းစင်ကြယ်သော ဖန်ခွက်အတွင်းသို့ စင်ကြယ်သောရေကို လောင်းထည့်လိုက်လျှင် ထိုရေသည် မူလအတိုင်း ကြည်လင်သန့်ရှင်းလျက်ရှိကြောင်း တွေ့ရပေမည်။ ထိုရေကိုပင် ဆေးကြောသန့်စင်မထားသော မသန့်ရှင်းသော ဖန်ခွက်အတွင်းသို့ လောင်းထည့်လိုက်လျှင် သောက်ချင်ဖွယ်ရာ မဟုတ်အောင် မသန့်မစင် တည်ရှိနေပေလိမ့်မည်။ ထည့်လိုက်သောရေသည် အတူတူဖြစ်ပါလျက် ဤသို့ ကွဲပြားခြားနားရသည်မှာ တစ်ခုသောဖန်ခွက်က သန့်စင်၍ တစ်ခုသောဖန်ခွက်မှာ မသန့်မစင်သောကြောင့်ပင် ဖြစ်ပါသည်။

လူသားတို့၏စိတ်မှာလည်း ဤသို့ပင် ဖြစ်ပါသည်။ ဖြူစင်သန့်ရှင်းနေသောစိတ်မှာ ကောင်းမွန်သောတရား၊ ကောင်းမွန်သောစကား၊ ကောင်းမွန်သောအရာများကို မြင်ရ ကြားရ၊ ၀င်စားလက်ခံရတိုင်း ကောင်းမွန်သော လက္ခဏာတို့ကို ထင်ထင်ရှားရှားသိရလျက် ကောင်းမွန်သောစိတ်တို့ ပေါ်ပေါက်လာမည်ဖြစ်သည်။ မသန့်ရှုင်းသောစိတ်မှာ မူလကပင် မရှင်းလင်းသောကြောင့် မည်မျှကောင်းမွန်သောတရား၊ ကောင်းမွန်သောစကားတို့နှင့် တွေ့ကြုံ ရသည်ဖြစ်စေ စိတ်တွင်းသို့ရောက်လျှင် ရှုပ်ထွေး ဝေခွဲမရဘဲ တွေဝေခြင်းသာလျှင် ဖြစ်ပေါ်လျက် လမ်းမှန်ကို မမြင်နိုင် ဖြစ်ပေမည်။ ထို့ကြောင့် လောက၌ ကောင်းမြတ်သောအရာတို့ကို မည်မျှတွေ့ကြုံရစေကာမူ မိမိတို့ စိတ်တွင်း အရင်းခံက မရှင်းလင်းခဲ့သော် အကျိုးခံစားခွင့်မရှိ ဖြစ်တတ်သည်။ မိမိတို့စိတ်ရင်းက ရှင်းလင်း သန့်ပြန့်မှ သာလျှင် အကျိုးခံစားရမည်ကို သတိမူလျက် မည်သည့်အခါမဆို စိတ်ကို ရှင်းလင်းအောင် ထားအပ်ပါသည်။
သို့ဖြစ်၍ ဆရာတော်ကြီးများက ''အရှုပ်ထဲမှာ ရှင်းအောင်နေ၊ အပူထဲမှာ အေးအောင်နေ၊ သူများအကျိုး ပျက်စီးစရာကို မကြံ၊ မပြော၊ မလုပ်နဲ့ '' ဟု ဘဝတစ်သက်တာ မှတ်သား လိုက်နာဖွယ်ရာဒေသနာအဖြစ် မိန့်မှာခဲ့ဖူးသည်ကို တစ်ဆင့်ဖြန့်ဝေလိုက်ရပါကြောင်း

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center