ငွေမက်တဲ့မိန်းမနဲ့ ငွေရှိတဲ့ယောက်ျားကိုမက်တဲ့မိန်းမ


Images Credit - Original Source
၂ခုကတူသလိုလိုနဲ့ လုံးဝမတူးပါဘူး။
ငွေမက်တဲ့မိန်းမဆိုတာ ကိုယ်လိုချင်တာ သုံးချင်တာ ကိုယ့်ရဲ့ demand ကို ရိုးသားသောနည်း ဖြူစင်သန့်ရှင်းသောပိုက်ဆံကိုရှာပြီး ကိုယ့်ဘာကိုယ် supply လုပ်တယ်၊ ဖြည့်ဆည်းတယ်၊ ဘယ်သူ့အကူအညီမှမလိုဘူး၊ ဘယ်သူပစ်ကျွေးတာကိုမှ အငမ်းမရ လိုက်ကောက်စားနေရတဲ့သူမျိုးတွေ မဟုတ်ဘူး၊ အဲဒီလိုမိန်းမတွေအတွက် လိုအပ်တာ အရည်အချင်းပဲ။
ငွေရှိတဲ့ယောက်ျားကိုမက်တဲ့မိန်းမဆိုတာ ယောက်ျားတစ်ယောက်ကိုတွေ့လိုက်တာနဲ့ သူဘာကားစီးလဲ ပိုက်ဆံဘယ်လောက်သုံးနိုင်သလဲ ဘာတွေဝယ်ပေးနိုင်သလဲ မုန့်ဖိုးဘယ်လောက်ရလဲ ဘယ်သူ့သားလဲ ရေလျှံလား ဘာလဲဆိုတာကိုကြည့်တယ်။ သူတို့လိုချင်တဲ့ demand ကို ကိုယ့်အစွမ်းအစနဲ့ကိုယ် supply မလုပ်နိုင်ဘူး။ ကျလာမဲ့ရေကိုပဲ ပါးစပ်လေးဟပြီးခံနေရတာ၊ အဲလိုမိန်းမတွေက အရမ်းသက်သာတာ ဘာမှကြိုးစားစရာမလိုဘူး၊ ရုပ်ရည်ဖြင့်သော်လည်းကောင်း အပြောအဆိုအချွှဲအပြစ်ဖြင့်သော်လည်းကောင်း သွေးသားဖြင့်သော်လည်းကောင်း ပေးဆပ်ပြီး သူတို့လုချင်တဲ့ demand ကိုဖြည့်တယ်။ အရှင်းဆုံးပြောရရင် သွားမပါရင်နေပါစေ ကားပါရင်ကျေနပ်တယ်ဆိုတဲ့ မိန်းမမျိုး။ သူတို့တွေဘယ်လိုဖြစ်နေပါစေ ကိုယ်ကိစ္စမဟုတ်ဘူး၊ သူတို့ရုပ်လေးတွေလှလို့ ဒါသူတို့ကုသိုလ်နဲ့သူတို့။ ဒါပေမေ့ အဓိကပြောချင်တာက အဲဒီမိန်းမ၂မျိုးကို ရောချပြီး မပြောဖို့၊

Images Credit - Original Source
ငွေမက်တာချင်းအတူတူ ဘာကွာလဲဆိုရင်
အရည်အချင်းကွာတယ်၊ စာရိတ္တကွာတယ်၊ ကိုယ်ကျင့်တရားနဲ့သိက္ခာကွာတယ်။
ငွေရှိတဲ့ယောက်ျားကိုမက်တဲ့မိန်းမက တဖက်ယောက်ျားမှာ ပိုင်ရှင်ရှိမရှိ ဂရုမစိုက်ဘူး။ သူလိုချင်တာရဖို့အတွက် သူ့ကိုယ်ကျင့်တရားနဲ့ သိက္ခာကိုလဲဖို့ ၀န်မလေးဘူး။ အဲမှာတင် စာရိတ္တကကွာသွားတာ။ အဲဒီလိုမိန်းမတွေပြောလေ့ရှိတဲ့စကားက "ငါကငွေမက်တယ်လေ၊ နင်ရောမမက်လို့လား"တဲ့။ ငါလည်းငွေမက်တယ်၊ ဒါပေမေ့ မတူဘူး၊ တန်းလာမညှိနဲ့။
မိန်းမတင်မဟုတ်ဘူး တချို့ယောက်ျားတွေလဲ ငွေရှိတဲ့မိန်းမကိုမက်တဲ့ ယောက်ျားတွေရှိတယ်။ နိဂုံးချုပ်ပြောချင်တာက မိန်းမတိုင်းငွေမက်တယ် ဟုတ်တယ်။ ဒါပေမေ့ကွာတယ်။
မိန်းမတိုင်းက ငွေနောက်လိုက်ပြီး ပျက်စီးနေတာမဟုတ်ဘူး။ အကုန်လုံးကအတူတူပဲမဟုတ်ဘူးဆိုတာ သိစေချင်တယ်
ဒါပါပဲ…..။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center