“အလုပ် လုပ်ပါ…လှအောင်နေပါ..စာဖတ်ပါ“

ကျမတို့လူ့အဖွဲ့အစည်းထဲမှာ မိန်းမဆိုရင် လင်ကောင်းကောင်းရအောင်ယူ။ အိမ်မှာ နေပြီး ကလေးထိန်း လင်ကို ပြုစု ဒါဆိုရင် ရပြီ …ဆိုတဲ့ အတွေးအခေါ်တွေက ဘယ်လောက်တောင် မြဲမြံ့နေကြပါသလဲ။
“ပညာလည်း သင်ပြီးပြီ ဆိုတော့ ဘာအလုပ်မှလုပ်စရာမလိုဘူး မိသားစုကိုပဲ ဂရုစိုက်ရင် ရပြီ“ ကျောင်းပြီးလာတဲ့သမီးကို အိမ်ထောင်ချပေးဖို့ စီစဉ်တဲ့မိဘတွေ။
“မိန်းကလေးဆိုတာ ယောကျာ်းကောင်းကောင်းရဖို့က ပိုအရေးကြီးတယ်၊ ချမ်းသာတဲ့လူ တွေ့ရင် ရအောင်သာ ယူထား ကောင်းတာမကောင်းတာ နောက်ပြုပြင်ယူ” လို့ ဆိုတဲ့ အသိုင်းအ၀ိုင်းတွေ။တကယ့်ကို …စိတ်မကောင်းစရာပါပဲ။
h 1 1.jpg
Images Credit - Original Source
အမျိုးသမီးတိုင်း ပျိုပျိုအိုအို အလုပ်လုပ်ပါလို့ တိုက်တွန်းချင်တဲ့သူပါ။ ကျွန်မလည်း အလုပ်လုပ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့အမျိုးသမီးတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမား မတ်မတ်ရပ်နိုင်လေ ကိုယ့်ဘ၀ရဲ့ကောင်းခြင်းဆိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို လွတ်လပ်စွာ ချမှတ်ပိုင်ခွင့်ရှိလေ..လို့ ယူဆမိလို့ပါပဲ။
ဘယ်လောက်ပဲ မိဘချမ်းသာပါစေ…သမီးဘ၀မှာ အလုပ်မရှိ အကိုင်မရှိနဲ့ မိဘကိုသာ မှီခိုရတဲ့သမီးနဲ့ ကိုယ့်အလုပ်နဲ့ကိုယ့်ဝင်ငွေနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နို်င်တဲ့သမီးရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်ချက်ဟာ မတူပါဘူး။ အဲင်္ဒီလိုပဲ အိမ်ထောင်သည်ဘ၀မှာလည်း ခင်ပွန်းဖြစ်သူကပေးတဲ့ငွေ ဘယ်လောက်ပဲ များနေပါစေ၊ကို်ယ့်ကို စာရင်းမစစ်ပါဘူးလို့ပဲ ပြောနေပါစေ…အဲဒီငွေဟာ ကိုယ်ပိုင်ငွေ မဟုတ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမှာတော့အားနည်းပြီးသားပါ၊ ဒါ့အပြင် ကိုယ့်ငွေကိုယ်တိုင်သုံးပြီး ငွေကြေးဆိုင်ရာ လွတ်လပ်စွာ အမှီခိုကင်းတဲ့ဘ၀ဆိုတာ ကို်ုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိစေတဲ့ဘ၀တစ်ခုပါ။ ဒါကြောင့် အမျိုးသမီးတိုင်း ပျိုပျို၊အိုအို အလုပ်လုပ်စေချင်တာပါ။
ပြီးတော့အားလုံးကိုလည် လှအောင်နေစေ့ချင်တယ်။
h 3.jpg
Images Credit - Original Source
ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ယူဆနေချိန်မှာ ယုံကြည်မှု ရှိနေတတ်လို့ပါပဲ။ အလုပ်ကို လုပ်ပြီဆိုရင် မရပ်မနေ အလုပ်လုပ်တတ်ကြတဲ့အတွက် ဘယ်လိုအလုပ်မျိုး ဆိုပါစေ၊ ပြီးအောင်လုပ်မယ်ဆိုတဲ့ ဇွဲရှိကြတယ်။ အပင်ပန်းလည်း ခံနိုင်ကြပါတယ်။ အလုပ်တွေ ဖိလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ ဂရုစိုက်ဖို့မေ့နေတတ်တဲ့သူတွေ ရှိပါတယ်။ တကယ်တော့ အလုပ်များပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်သလို ဖြစ်သလို နေထိုင်တဲ့သူ့က ကိုယ့်ကိုယ်ကို ကျေနပ်ယုံကြည်မှု နည်းပါးတတ်သလို သူ့ကို မြင်ရတဲ့အခါ အခြားသူတွေအတွက်လည်း အမြင်မလှစေပါဘူး။ အလုပ်လုပ်နေပေမဲ့ မျက်နှာပြောင်နေတာ၊ ဖြစ်သလို ၀တ်တတ်တဲ့ အ၀တ်အစားတွေ တင့်တယ် သပ်ရပ်မှု မရှိတဲ့အခါ သပ်ရပ်စွာ ၀တ်ဆင်နေသူတွေကြားမှာ ကိုယ်က လုပ်တွေအနိုင်မနင်းနဲ့ မကျွမ်းကျင်တဲ့ပုံပေါ်နေတတ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုနဲ့အထင်မြင်သေးတဲ့ ဆက်ဆံရေးကို ရရှိတဲ့အခါ ကိုယ့်ရဲ့ယုံကြည်စိတ်ချမှုလည်း အားနည်းသွားတတ်ပါတယ်။
လုပ်ငန်းခွင်မှာ သပ်သပ်ရပ်ရပ်နဲ့ပြေပြစ်အောင် ပြင်ဆင်ထားပြီး အလုပ်လုပ်နေတဲ့အမျိုးသမီးတွေက အခြားသူတွေကို စွဲဆောင်မှု တစ်ရပ်ဖြစ်စေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်နေတဲ့အတွက် သူ့ရဲ့ အရည်အချင်းနဲ့နေထိုင်မှုပုံဆန်က ထင်ရှားစေသလို၊ သပ်ရပ်ကျော့ရှင်းမှုက လူတွေအတွက် စွဲဆောင်မှုတစ်ရပ်ဖြစ်စေပါတယ်။
ကိုယ့်ကိုယ်ကိုလည်း လှအောင်ပဲနေပြီး အလုပ်မလုပ်ဘူးဆိုရင်လည်း အမြင်လှပေမဲ့ တကယ်အလုပ်လုပ်ရတဲ့ ကျွမ်းကျင်မှု မရှိ၊ အရည်အသွေး ကျဆင်းသွားတတ်ပါတယ်။ ပြီးတော့ အလုပ်တစ်ခု လုပ်ပြီးတိုင်း ရေသောက်ပါ၊ ပြုံးပါ…ဒါတွေက ကိုယ့်ကိုယ်ကို လန်းဆန်းအောင် အပန်းဖြေနည်းပါ၊ ပြိးတော့ ကိုယ့်ကိုယ်ကို အမြဲတမ်းလှပကျော့မော့နေစေဖို့အတွက် ကိုယ်နဲ့လိုက်ဖက်နဲ့ဝတ်စားဆင်ယင်မှုလေးတွေကို ဂရုတစ်ိုက်ဝတ်ဆင်ပေးပါ။ အ၀တ်အစားဟာ ဘယ်လောက်တန်သလဲဆိုတာ အရေးမကြီးပါဘူး၊အရေးကြီးတာက ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက တင့်တယ်ပြီး လိုက်ဖက်နေဖို့ပါပဲ။
ကျမတို့ အမျိုးသမီးတွေကို စာဖတ်ကြစေချင်ပါတယ်။
h 2 2.jpg
Images Credit - Original Source
ဘယ်လောက်ပဲအလုပ်တွေ များနေပါစေ စာဖတ်ဖို့တော့ အထူး တိုက်တွန်းချင်ပါတယ်။ ကျမအနေနဲ့ ညတိုင်း စာဖတ်ပါတယ်။ လူမှုကွန်ယက်ပေါ်က အကျိုးရှိတဲ့စာတွေ ရှာဖတ်ပါတယ်။ စာအုပ်တွေကိုလည်း ရှာဖတ်ပါတယ်။ စနေ၊တနင်္ဂနွေလို ပိတ်ရက်တွေမှာတော့ စာဖတ်ချိန်သီးသန့်ထားပြီး ဖတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့စာဖတ်ခြင်းကသာ ကျမတို့တွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ရှင်သန်စေတာပါ။ စိတ်ညစ်နေတဲ့သူ စိတ်ဓါတ်ကျနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှင်သန်စေနို်င်တယ်။လမ်းပျောက်နေတဲ့သူက စာဖတ်ပြီး ကိုယ့်လမ်းကိုယ်ရှာဖွေနိုင်သလို၊ အားငယ်တွေဝေနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်တိုးလာစေတာပါ။

ဒါကြောင့် ကျမတို့အမျိုးသမီးတွေက ဒီကနေ့ခေတ်မှာ စူပါမေမေတွေ ဖြစ်ကြရသလို၊ အလုပ်တွေကို လုပ်ရင်း လှအောင်ပအောင်နေရတဲ့မေမေတွေလည်း ဖြစ်လာကြတယ်၊ ပြီးတော့ အမြဲတမ်း ပညာရေးကို ဖြစ်စေတဲ့စာပေဗဟုသုတရှာဖွေရင်းနဲ့လည်း ကိုယ့်အနာဂတ်ကို ရှင်သန်အောင် ပျိုးထောင်နေသင့်တယ်လို့ယူဆမိတယ်။ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ လက်ထဲမှာ ကမ္ဘာကြီးရဲ့ အနာဂတ်ရှိနေလို့ပါပဲ။
အဲဒါကြောင့် အလုပ်တွေလည်း လုပ်ပါ၊ အလှတွေလည်း ပြင်ပါ၊ စာတွေလည်း ဖတ်ပါလို့ တိုက်တွန်းပါရစေရှင်။
ကျေးဇူးတင်ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center