အဖြစ်ကမနှစ်ကထက် ဆိုးတယ်

မိုးလေးကလည်းအေးတော့ ကျွန်မတို့လိုလူအတွက် ဇိမ်ယူပြီးရင်းယူနေပါတယ်။saveထားသမျှ စာအုပ်တွေ downထားသမျှတွေစာအုပ်တွေနဲ့ ဟုတ်နေတာပါပဲ။ဘယ်လောက်ထိဟုတ်နေလဲဆိုရင် postတောင် ပုံမှန်မတင်ဖြစ်တဲ့အထိပါပဲ။စာတွေသာဖတ်နေတာ တကယ်တမ်းစာရေးတော့ ဘာရေးရမှန်းကို မသိပါဘူး။ဘာရေးရမလဲ စဉ်းစားလိုက် စဉ်းစားမရလို့ စာအုပ်လေးပြန်ဖတ်လိုက် စာအုပ်ထဲမျောပြီး စာရေးဖို့သတိရလို့ phကိုကြည့်တော့ batteryက မရှိတော့ဘူး။ဒီလိုနဲ့ပဲ မနက်ရေးမယ်၊ နေ့ခင်းရေးမယ်၊ ညဘက်ရေးမယ်နဲ့ပဲ ဟိုရွှေ့ဒီရွှေ့လုပ်နေတာ ကြာပါပြီ။

ကျောင်းပိတ်ထားတုန်းလေး postများများတင်ပြီး spကိုရသလောက်စုမယ်လို့ ကြုံးဝါးထားပေမယ့် တကယ်တော့လက်တွေ့နဲ့ တစ်ခြားစီဖြစ်လာပါတယ်။ကျောင်းဖွင့်ရင် မအားတော့မှာသိလို့ ကျောင်းပိတ်တုန်းလေး လှုပ်ရှားချင်ပေမယ့် ရာသီဥတုက ကိုယ့်ဘက်ပါနေတော့ ဘယ်လိုမှ မလှုပ်သာခဲ့ပါဘူး။steemitကို ဝင်လိုက်ရင် သူများတွေ တင်ထားတာတွေ ပြန်ရတဲ့upvoteတွေကို ကြည့်ပြီး အားကျနေရတယ်။ကိုယ့်မှာတော့ တင်သမျှက 1$တောင်မပြည့်။အရင်ကဆို esteemလေး လာvoteတာရယ် minnowsupportလေးရယ်ကြောင့် နည်းနည်းလေးဘဝင်ကျခဲ့ပါတယ်။ဟုတ်တယ်လေ ကိုယ်က ဘာမှဟုတ်တဲ့လူမဟုတ်တော့ သူများတွေလို တင်တိုင်း1$23$ကို မမှန်းရဲပါဘူး။ဒါပေမယ့် minnowsupportလေးရယ် esteemလေးရယ်ကြောင့် ဆိုးတော့မဆိုးဘူးလို့ ပြောရမှာပဲ။အခုတော့ ရင်ဘတ်စည်တီးပြီး ဟစ်ဟစ်ပြီးသာ ငိုလိုက်ချင်တယ်။esteemလေးကလည်း ပျောက်သွားတာကြာပြီ။minnowsupportကလည်း muteတဲ့။ကိုယ်လောက်ဆိုးတဲ့သူတောင် ကိုယ့်လောက်မဆိုးဘူးလို့ ပြောရမလိုဘဲ။

အခုesteemရယ် minnowsupportရယ်ကို ခဏဘေးချိတ်ပြီး nextcolonyကို မဲရပြန်ပါပြီ။ဟုတ်တယ်လေ သူပေးတဲ့voteက သဘောကျစရာကို။ရေးစရာစာတွေ မရှိတဲ့အချိန်မှာ nextcolonyကလtagလေး ဖြည့်ပြီး gameအကြောင်းရေးတာနဲ့ voteတော့ ပျော်မိတယ်။ဒါကြောင့် nextcolonyလေး voteပေးနေသရွေ့ gameအကြောင်းပဲ ရေးလိုက်ပါမယ်။သည်းခံခွင့်လွှတ်ကြကုန်။

 nextcolonyက ကက က lvl    က က  lvllvl rssကက ကက  ကကက  က  ကvoteက  က

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center