ရပ်ကွက်ထဲက မရှပ်တး

ရပ်ကွက်ထဲက မရှပ်တေး
image
လွန်ခဲ့တဲ့ တစ်ဘက်လောက်က ရှပ်တေးမလေးတို့ အမျိုးတစ်ယောက် ဆုံးသွားခဲ့သည်။ အမေဖြစ်သူက သမီးလေးတစ်ယောက် ထဲရှိပြီး စပ်စုတက်သော လည်း အမျိုးချစ်သူလေးဖြစ်သောကြောင့် “သခင်ဖိုးလှကြီး”လမ်းရှိ့ ဆွေမျိုးနာရေးကို အမေဖြစ် သူက မအားသောကြောင့် သမီးနာရေး လိုက်ပို့လိုက်ပါအုံးနော်လို့ပြောပြီး အလုပ်ကို သွားလေသည်။ “ဟုတ်ကဲ့ အမေ သမီးပို့လိုက်ပါမယ်” မရှပ်တေးကတော့ ၊ အငိုလွယ်၊ အရယ်လွယ်တတ်ပနှင့်။ ရှပ်ပြာ ရှပ်ပြာနဲ့ လိမ်းဖီးပြီး နာရေးအိမ်သို့ လိုင်းကား စီးသွားလေသည်။ သခင်ဖိုးလှကြီး မှတ်တိုင်တွင် စင်းလိုက်ပြီး နာရေးအိမ်နဲ့ ဝေးနေသောကြောင့် ဆိုက်ကားစီးပြီး နာရေးမှာ မိသားစု ကိုစားတ၀ငိုဖို့ ကြိုတွေးနေရင်း ၀မ်းနည်းမိနေသည်။
သူက” ဆိုက်ကားဆရာရေ သခင်ဖိုးလှကြီးလမ်းက နာရေးပို့ပေးရမလဲ” ဆိုက်ကားဆရာကဟ နီးနီးလေးဘဲ ၃၀၀တော့ပေးပါ။ လမ်းကလဲကောင်းတော့ ပြောပြောဆိုနဲ့ ရှပ်တေးမတစ်ယောက် နာရေးအိမ်သို့ ရောက်ပရော။ နာရီကြည့်လိုက်တော့ ၁၂ကထိုးပြီ ။ဘာမပြော ညာမပြောနဲ့ ရှပ်တေးမတစ်ယောက် အိမ်ပေါ်ကိုအပြေးအလွှားတကလိုက်သည နာရေးချချိန်ကလဲ နီးပြီဆိုတော့ လူကြီးတွေက အခေါင်းပိတ်မယ် သား၊ သမီး၊ မောင်နှမ၊ တူ၊ တူမတွေ ကန်တော့ကြတော့လို့ ပြောလိုက်ပါတယ် ။ မရှပ်တေးကလည်း အမျိုးတွေ မကြည့်အား အသုဘကိုလည်း မကြည့်တော့ဘဲ ရောရောင် ငိုပြီး ကန်တော့နေလေသည်။ အားသုဘခေါင်းလဲ ပိတ်ပြီးကြေးစည် အတီးမှာ အမျိုးတွေမျက်နှာ ကြည့်တော့ တစ်ယောက်မှ သူမတွေ့ပေ ။
ငိုလို့လည်း ၀တော့ အဒေါ်အဒေါ် ရွှေပြည်သာက ဒေါ်ကြင်တို့ မရောက်ကြသေးဘူးလားလို့ မေးလိုက်တော့ ဘယ်သူမှမဖြေဘဲ ကြည့်နေသည်။ ဆက်မေးလိုက်သေးသည် ရှမ်းပြည်မှာ တာဝန်ကြနေတဲ့ သူ့ရဲ့သားရော မလာဘူးလားဟု မေးလိုက်သေးသည် ဘူးမှမဖြေကြပြန်သည်။ မရှပ်တေးရဲ့ အမေး နှစ်ခုလုံးကိုဘူးမှ မဖြေတက်ကြပါ။ ပြန်ဖြေတာကတော့ “သြော် အခု ကန်တော့ကြတာ သူ့သမီူတွေ အကုန်ဘဲ” အဲ့တော့ကြမှ မရှပ်တေး မတစ်ယောက် ကဲငါတော့ အသုဘမှားပြီ အခုသေတဲ့ သူကဘယ်သူလဲ ဟင် ရှပ်ရှပ်နဲ့မေးလိုက် တဲ့အခါ လက်သမား မြင့်သောင်းပါ။ ဟင် ဒါဆို ကျီန်မအမ်မှားပြီ ဟိုဘက်လမ်းမှာ အသုဘ ရှိသေးလား၊ ရှိတာပေါ့ ဒီနေ့ အသုဘချဘဲ ၊ အဲ့တော့ကြမှ ငါတော့ အသုဘမှားပြီး တ၀ ငိုလိုက်ပြီ။ ရှက်လိုက်တာ ဆိုပြီ ဆိုက်ကားတစ်စီး ငှားပြီး နောက်တစ်လမ်းထဲ ၀င်လိုက်သည်။

အိမ်ရှေ့သိုရောက်သောအခါ သူ့အမျိုးများ မျက်နှာကို အဲ့တော့မှ မြင်လေတော့သည်။ နောက်ကြနေပြီး မသိမသာလေး အိမ်ပေါ်တက်သွားသည်။ မရှပ်တေးမျက်နှာကတော့ ပြုံးစိစိ နဲ့ အမျိုးတွေက တကြည့်ကြည့် ဖြစ်နေပြီး။ မရှပ်တေး အခုမျ လာရသား။ ငါတို့ကမျှော် နေကြတာ။ ဟာအကိုရယ်၊ ကျွန်မ အဖြစ်က တော့မပြေချင်ပါဘူး။ ဘာဖြစ်လို့တုန်း ညီမရဲ့။ အစ်ကိုရယ် အိမ် ပေါ်ရောက်မှဘဲ တိုးတိုးပြော တော့မယ် ဆိုပြီး အိမ်အပေါ်ထပ်သို့ ရောက်ကော အကြောင်း အဖြစ်ပြက်တွေ ကိုကုန်စင်ပြေတော့မှဘဲ အသုဘလာသော ဆွေတစ်သိုက်လုံးကိုပင်မမှု့တော့ဘဲ ၊ အော် ဖြစ်ရလေ ရှပ်တေးမရယ် ဆိုပြီး ရယ်သံများလွှမ်း ကုန်တော့ လူကြိးတွေက ဟ ဘာဖြစ်ကြတာလဲဟ နင်တို့တွေ အသုဘ အိမ်မှာ ငိုသံမကြားဘဲ ရယ်နေကြတာ ကြားလို့မှ ကောင်းကြသေးရဲ့လား။ ငိုအားထပ် ရယ်အားက ပိုပြီးသန်တဲ့ ရှပ်တေးမ တစ်ယောက် အမျိုးတွေး ကြားမှာ ပြောမဆုံးအောင် ဖြစ်ခဲ့ပါတော့သည်။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now