သစ်ခွပန်းလေးတွေအကြောင်းသိကောင်းစရာ(past-1)(hlamyothet)

သစ်ခွပန်းလေးတွေအကြောင်း
image

္ဘ့ပန်းလောကတွင် သစ်ခွပန်းသည် တန်ဖိုးအထားဆုံးပန်းဖြစ်ပါသည်။ ဈေးအများဆုံး ပေးရသော ပန်းမျိုးလည်းဖြစ်သည်။ မြန်မာစာပေတို့၌ 'ပင်ဆင့်ပန်းပျံ'ဟု တင်စားခေါ်ဝေါ်ကြသော သစ်ခွပန်းမျိုး ဖြစ်ပါသည်။ကျွန်တော်တို့ ရှေးမြန်မာမင်းများလက်ထက်က သစ်ခွပန်းတစ်မျိုးဖြစ်သော သဇင်ပန်းကို 'ပန်းများဘုရင်'ဟု ခြီးကျူး ခေါ်ဝေါ်ကြပြီးလျှင် တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ထား၍ ပေါ်ဦးပေါ်ဖျား သဇင်တော်များကို ဘုရင်မင်းမြတ်ထံ ဆက်သသည့်အခါ ရွှေထိုး၍ သိုင်းနှင့် ကျိုင်းနှင့် ဝန်းရံဆက်သရလေသည်။ အနောက်ပိုင်း နိုင်ငံများတွင် မျိုးကောင်း၍ ရှားပါးသော သစ်ခွပန်း တစ်အုံတစ်ဖွဲ့ကို ငွေပေါင်း ထောင်သောင်း ချီ၍ ပေးဝယ်ကြသည်။

image
သစ်ခွပန်း လက်ဆောင်ပေးလျှင် အဖိုးတန်ရတနာများ လက်ဆောင်ပေးခြင်းထက် ပန်းလက်ဆောင်ပေးခြင်ကို နှေစ်သက်သည်။ ထိုမျှလောက် အမြတ်တနိုးထားဖွယ်ရာ၊ မက်မောကြဖွယ်ရာ ကောင်းအောင်လည်း အချို့သစ်ခွပန်းများ သည် ထူးကဲလှပ၏။ နုးညံ့သောပျော့သော ပွင့်ဖတ် ပွင့်ချပ်၊ သိမ်မွေ့တင့်ဆန်းသော အရောင်အသွေး၊ သင်းပျံ့ယဉ်ကျေးသောရနံ့တိုဖြင့် ဖြည့်စုံကြပေသည်။ အချို့ သစ်ခွပန်းများသည် ရောင်စုံလိပ်ပြာကလေးများနှင့် ယိုးမှားဖွယ်ရာ ပုံပန်းသဏ္ဌာန် အရောင်အသွေး လှပယဉ်ကျေး ကြပေသည်။ သစ်ခွပင်တို့သည် အောကီဒေစီအီးမျိုးရင်းတွင် ပါဝင်၍ အပင်လောက၌ မျိုးစိတ်မျိုးပြား အများဆုံးသော် အပင်မျိုးဖြစ်သည်။ သစ်ခွထက် မျိုးစိတ်ပိုများပြားသော အပင်နှစ်မျိုးသုံးမျိုးခန့်သာလျှင် အပင်လောကတွင် ရှိတော့သည်ဟု ဆိုကြသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် သစ်ခွမျိုးစိတ်ပေါင်း ထောင်ကြော်နည်းပါးရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း တိုးတက်များပြားလျှက် ရှိလေသည်။
image
အလွန်အေးလွန်းသောဒေသ၊ ပူလွန်းသောဒေသများမှလွဲလျှင် အပူပြင်းသောနေရာနှင့် အပူလျော့ပိုင် ဒေသများ၌ ပေါက်ရောက်သော သစ်ခွမျိုးတို့သည် 'စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဖက်' ဟူသော စာဆိုဆကြီးနေထားသော မြေ၌မပေါက်ဘဲ များသောအားဖြင့် အရိပ် အားကာင်းသော သစ်ပင်ကြီးငယ်တို့၏ ပင်လုံးပင်စည်နှင့် အကိုင်းအခက်များ၌ တွယ်ကပ် ပေါက်ရောက်သဖြင့် သစ်ခွဟူသော အမည်နှင့်လည်း လိုက်ဖက်ပါသည်။
image
အလွန်ပူသောဒေသများတွင် မူ များသောအားဖြင့် သစ်ခွမျိုးတို့သည် ရုက္ခဗေဒအလိုအရ အပူပိုင်းဒေသပေါက် သစ်ခွများနှင့် မျိုးရင်းချင်းတူသော်လည်း မြေ၌ပေါက်ကြသည်။
image
အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင်လည်း မြေပေါက်သစ်ခွမျိုး အတော်အတန်တွေ့ရသည်။မြန်မာနိုင်ငံတွင် ဂမုန်း ဟု အချို့ခေါ်ဝေါ်ကြသော အပင်အချို့သည် မြေပေါက်သစ်ခွမျိုးဝင် များဖြစ်ကြသည်။ သစ်ခွပန်းလေးတို့သည် ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွမျိုးတို့အပြင် သက်မဲ့ပစ္စည်းများ၌ တွယ်ကပ်ပေါက်ရောက်တတ်သော သစ်ခွမျိုးတို့လည်းရှိသေးသည်။ ထိုသစ်ခွမျိုးတို့ မှာမ ပြောပလောက်အောင် လှပခြင်း အသုံးဝင်ခြင်းစသော ထူးခြားမှုမရှိချေ။
image
ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွ နှစ်မျိုးနှစ်စားတွင်လည်း မြေပေါက်သစ်ခွမျိုးတို့သည် ပင်ကပ်သစ်ခွမျိုးတို့ကဲ့သို့ အခိုင်လိုက် အပွင့်များစွာပွင့်သော အမျိုးအစား နည်းပါးပြီးလျှင် အပွင့်သုံးပွင့်မှ လေးပွင့်ခန့်သာ ပွင့်တတ်ကြသည်။ အပွင့်နည်းသလောက် အဖူး အပွင့်ပို၍ ကြီးမားကြရာ အချို့အပွင့်များသည် လက်ဖက်ရည်ပန်းကန်လုံး ခန့် ပမာဏ ရှိကြလေသည်။ အနောက်ပိုင်းသေတွင် ကျော်ကြားသော 'ဖိနပ်သစ်ခွ' အမည်ရှိ အပင်သည် မြေပေါက်သစ်ခွမျိုးဖြစ်၍ ပဖီယိုပီဒီလမ်နှင့် ဆစ်ပရီဒီယမ်မျိုးခွဲများတွင် ပါဝင်လေသည်။ သစ်ခွမျိုးတို့တွင် ပင်ကပ် သစ်ခွမျိုးတို့သည်သာလျှင် ပိုပြီးအဖိုးတန် အရေးပါလေသည်။
image

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ပါစေဗျာ။
Translator >>>> Hla Myo Thet
Credit image>>>Google image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now