ဂေါ်သဇင်ပန်းကိုမှပန်ခြင်သူ(past-1)

ဂေါ်သဇင်ပန်းကိုမှပန်ခြင်သူ
image
ညက အားတာနဲ့ စာရေးမလို့ဘာစာရေးရင် ကောင်းလည်း စင်းစာရင်း (၁၀)တန်း ကျောင်းသား ဘ၀က မြန်မာစာထဲမှာပါတဲ့ သဇင်းပန်းလေး အကြောင်းတွေး မိရင်းရေးသားဖော်ပြမိပါသည်။
စိတ်နေမြင့်သူ အိုင်ချင်းထဲက "ပန်ပါရလို ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင် ဟု ပင်ဆင့်ပေါက်သည် ရွက်မြောက်ရိုးတံမှသာတဲ့ " အပိုဒ်ထဲက ဂေါ်သဇင်ဆိုတာ ဘယ်လိုပန်းလည်း၊ ဒီကဗျာလေးဟာ အင်းဝခေတ်က အမည်မသိရှေးစာဆို ရေးဖွဲ့ခဲ့သည့် အိုင်းချင်းကဗျာဖြစ်ပါတယ်။ အထက်တန်းကျကျ အဆင့်အတန်းမြင့်မြင့်ကိုမှ သုံးစွဲလိုရယူလိုသော မိန်းမပျိုလေးတဦး၏ စိတ်နေသဘောကို နှစ်သက်ကြည်နူးဖွယ်ရာ တင်ပြထားတာပါ။ ချစ်ခင်ရသော သူငယ်ချင်းယောင်းမတို့ရေ ပန်းများပန်ရမည်ဆိုလျှင် ပန်းတို့၏ သခင် ပန်းတို့၏ ဘုရင် ဟုတင်စားခံရသော အပင်ခြင်းဆင့်ပေါက်ကာ အရွက်လေးများထောင်လျက် ရိုးတံမှပွင့်သော ဂေါ်သဇင်ပန်း ကိုမှပန်လိုပါသည်။

ဂေါ်သဇင် (or) Maderia vine
image
ဂေါ်သဇင်ပန်း ဆိုတာဘယ်လိုပန်းလည်းမေးစရာပါတယ် ဘာလို့လဲဆိုတော့ အမျိုးမျိုးရှိတာတာကို။ အခုကျွန်နော်ပြထားသောပန်းကိုလည်း အရပ်အခေါ် ဂေါ်သဇင်ခေါ်ပါတယ်။ အပင်အမည်ကတော့ Anredera cordifolia (Ten.) Steenis ဖြစ်ပြီး English names က Madeira-vine or mignonette vine ဖြစ်ပါတယ်ဗျ။ မျိုးရင်းက တော့ Family: Basellaceae ဖြစ်ပြီး ၊ အညာအရပ်က ဂင်ပိတ်နွယ်နဲ့နီးစပ်ပါတယ် ။ အပင်ရဲ့ မူရင်းဒေသက South American ဖြစ်ပြီး ornamental succulent vine ခြံစည်းရိုးတင်ကာ အလှစိုက်သည့် အရည်ရွှမ်းသော အမြဲစိမ်း နွယ်ပင်ကြီးဖြစ်ပါတယ်။ ရွက်သားထူက ဥ ခေါ် tubers များရှိနေပါတယ်။ ဒီဂေါ်သဇင်ပန်း ပန်းပွင့်လျှင် သဇင်ပန်းအလား အလွန်လှပါတယ်၊ ဘုရားပန်းတင်ကြသည်၊ သူဟာ အလွန် ဆေးဖက်ဝင်သော medicinal plant တမျိုး ဖြစ်ပြီး ဒေသခံတို့က အရွက်တွေကို စားသုံးကြပါတယ်။

ဂေါ်သဇင် (သို့) စိန်သဇင်
ဆောင်တော်ကူးပန်း(သို့) ညမွှေးပန်း
image
နောက် ဂေါ်သဇင် တမျိုးကတော့ ဆောင်းရာသီမှာဘဲပွင့်လို့ ဆောင်တော်ကူးပန်း ဒေသအခေါ် ဂေါ်သဇင် သို့မဟုတ် လို့လည်း ခေါ်ကြပါသေးပါတယ်။ ကျွန်တော်အဲ့ အပင်လေးတွေကိုတော့ အိမ်ရှေ့တွေမှာ အမြက်တနိုး စိုက်ပျိုးထားတာလေးကိုတွေ့ရပါတယ်။ ကျွန်တော်တို့ နယ်မှာလည်း အဖွားအိမ်ရှေ့ စိုက်ပျိုးထားပါတယ် တစ်ကယ်ကိုနှစ်သက်ဖို့ ကောင်းပါတယ် အဲ့ပန်းလေးပွင်ချိန်ဆို ညဘက်ကြရင် အရမ်းကိုမွှေးအီ နေတာဘဲ တစ်အျမ်လုံးကို မွှေးကြိုင်နေတာပါဗျာ။ ကျွန်တော်တို့တော်အခေါ် ကတော့အဲ့ပန်းလေးတွေကညမှ မွှေးလို့ ညမွှေးပန်းလို့ ဘဲခေါ်ပါတယ်ဗျာ။ အပင်အမည်ကတော့ Porana volubilis Burm. f. ဖြစ်ကာ Kodeik-sein, Pyinthit-pan, Saung-daw-gu, Sein-thazin အမည်တွင်ပြီး Family: Convolvulaceae (Morning glory family ကန်ဇွန်းမျိုးရင်း ထဲမှာပါဝင်ပါတယ်။ အမည်စုံလင်လှပြီး Bridal creeper, Horse-tail creeper, Snow creeper, MADAGASCAR JASMINE လို့လည်းခေါ်ပါတယ်၊ ပန်းပွင့်လျှင်လည်း အဆုပ်လိုက် ပွင့်တတ်ပြီး အလွန်မွှေးပါတယ်ဗျာ။ ပန်း၏ ပုံကို ပြထားပါတယ် အချို့ကလည်း ကရမက်ပန်း ဟုခေါ်ပြီး ရောထွေးနေတတ်ပါတယ်။ ဒီပန်းတွေကို ဟိုးယခင်က တောသူလေးများခေါင်းပေါ်တွင်ဝေနေအောင် ပန်ကြပါသည်၊ သဘာဝအရ ပေါပေါများများရသောပန်းဖြစ်လို့ တန်ဖိုးအရာမှာလည်း မကြီးပါဘူး။ ၁၀၀ ဖိုးလောက်ဝယ်ရင်ဘဲ တဗန်းလုံးနီးပါး ရသောပန်းလေးတွေပါဗျာ။
image
ဒီပန်းလေးတွေရဲ့ အကြောင်းကို ထက်မန်ဖော်ပြပေးပါအုံးမည်။
အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now