ရှိတ် ရှိတ် ရှိတ်ကြစို့ ဟေ့

image

my tel ဆင်းကဒ်လေး တစ်ကဒ်ဝယ်သုံးမိပါတယ် ဖုန်းဘေက သုံးလို့ ကိုမကုန်နိုင်ဘူး ဟုသာ ငြီးချင်တော့သည် 4G ထိ လိုင်းတတ်သည်မို့  မိမိနေထိုင် သဲကုန်းမြို့လေးမှာတော့ အများသူငါ my tel သာသုံးကြတော့သည် ကြေငြာဝင်တာတော့မဟုတ်ပါ မီးပျက်တဲ့အခါမျိုးဆိုရင်တော့ လိုင်းကျပြီး တိုင်ပျောက်သွားလေ့ရှိသည် ကျန်သည့်အချိန်ကတော့ ဖုန်းကို သံကြိုးချည်ထားရသည် လိုင်းကောင်းလွန်းတော့ မိုးပေါ်ပျံထွက်သွားမှာ စိုးမိသည် ဒီအပြင် ကံစမ်းမဲကလည်း ခနခန ရှိတ် ခနခနပေါက်ဆိုသလိုပဲ လက်မောင်းကြီးရကျိုးနပ်ပါပေါ့ အရင်က ဆင်းကဒ်သာဝယ်သုံးသည် ရှိတ်ရမှန်းမသိပေ msc chat gp ထဲမှာ ကွီးရွှေတို့  ဒိုမီတို့ ပြောသံကြားတော့မှ application လေးဒေါင်းလော့ဆွဲပြီး ရှိတ်ရသည်
image
my tel ဆင်းကဒ်သုံးသည်မှာ တစ်ပတ်တော့ကျော်ခဲ့ပါပြီ ယခုချိန်ထိ ဖုန်းဘေ ၃၀၀၀ ဖိုးသာထည့်ဖူးသေးသည် package ဝယ်သုံးသော်လည်း တစ်ခါဝင်ကြည့်လည်း မလျော့သေး နှစ်ခါဝင်ကြည့်လည်းမလျော့သေးမို့  သုံးရတာ အင်မတန်မှ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည် ဖုန်းပြောဖို့ မိနစ်တွေ sms တွေပေါက်သော်လည်း ဖုန်းပြောစရာမရှိ စာပို့ စရာမရှိမို့  မသုံးရသည်ကိုပင် နှမြောမိပါသေးသည် share data 100 MB ဆိုင်္ပြးခနခန ပေါက်တာနဲ့ပင် သုံးလေးရက် အသာလေးသုံးလို့ ရနေသည် ယခုဆိုလျှင် my tel မှ ဖုန်းဘေ ၇၀၀၀ ထိမိမိရခဲ့ပါသည် ၃၀၀၀ နှစ်ခါ ၁၀၀၀ တစ်ခါ ပေါက်ပါသည် လိုချင်ရင်တော့ စမ်းကြည့်ကြပါ မိမိရှိတ်တဲ့အခါတိုင်း နှုတ်ကလည်း ၃၀၀၀ ဟူ၍ အော်ပြီးရှိတ်ပါသည် တစ်ခါတစ်လေ ၃၀၀၀ မပေါက်သော်လည်း more 3 shake ဟူ၍ ပေါက်သည် အားမလျော့ဘဲ ဆက်ရှိတ်ပါ ယခုပင်လျှင် တစ်နေ့ တည်း ၁၅ ကြိမ်လောက် ရှိတ်လိုက်ရသည် ၃၀၀၀ ကံထူးပါသည် my tel user များရှိတ်တဲ့အခါတိုင်း မိမိလိုချင်သည့်အရာပေါ့ ဖုန်းဆိုဖုန်း ဘေဆိုဘေ အော်ရင်း အားရပါးရ ဇွဲမလျော့တမ်း ရှိတ်ကြပါလို့ . . .

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center