ငှက်ငယ်ကလေးသို့ မှာတမ်း

image

မိခင် ငှက်မကြီးရဲ့ ရင်ငွေ့ကိုလှုံ မေတ္တာကိုခြုံပြီး ပေါက်ဖွားလာတဲ့ ငှက်ငယ်ကလေးရေ. . .

အမွှေးအတောင် မစုံလင် တီတီတာတာ ကျီကျီကျာကျာ အော်မြည်ကတည်းက အစာရှာကျွေးခဲ့တဲ့ ငှက်မကြီးကို သတိမှရသေးရဲ့လား. . .

အရောင်အသွေး စုံလင်စွာနဲ့ ဟိုဟိုဒီဒီ ပျံသန်းနိုင်တဲ့အခါမှာတော့ ငှက်မကြီးရဲ့ ရင်ခွင်ကိုစုံကန် အဝေးကို ပျံသန်းသွားချင်နေပြီပေါ့. . .

အခုဆို ငှက်မကြီးရဲ့ တောင်ပံတွေ အရင်လို မသန်စွမ်းတော့ဘူး ပျံသန်းဖို့ လည်း မဖြစ်နိုင်တော့ဘူးလေ. . .

ငှက်ကလေးမပျံသန်းတတ်ခင်က ငှက်မကြီးခမျာ ပင်ပန်းဆင်းရဲခံပြီး ရှာဖွေကျွေးမွေးခဲ့တယ်နော် အခုငှက်မကြီးအိုမင်းသွားပြီ မပျံသန်းနိုင်တော့ဘူး ငှက်ကလေးပြန်ပြီး ရှာဖွေကျွေးမွေးရမယ်လေ . . .

ကျေးဇူးဆိုတာ သိတတ်ရုံနဲ့ မပြီးဘူး ကျေးဇူးဆပ်တတ်ဖို့ လည်း လိုတယ် ငှက်ကလေးရေ. . .

အချိန်တစ်ခုလောက်ပေးပြီး ငှက်မကြီးအနားမှာ တီတီတာတာ ကျီကျီကျာကျာနဲ့ နွေးထွေးစွာ ပြန်နေပေးဖို့  မျှော်လင့်မိပါတယ် ငှက်ကလေးရေ. . .

Author -@gunapeya
MSC - 181

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center