တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၇)

အပိုင်း -(၁၇)
...
image
Crd-org-source

Second semester မဖြေခင်မှာတော့ သူငယ်ချင်း အချင်းချင်း ပိုစည်းလုံးလာသလိုပဲဗျ။ ပြီး ပြီလေ ။ ဒါဟာ ကျောင်းသားဘဝ နောက်ဆုံးဖြစ်တော့ Second semester စာမေးပြွဲပီးတာနဲ့ ကျွန်တော်တို့တွေ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်သမိုင်းကိုယ်ရေးရတော့မှာကိုး။ ဒီမှာပြောရဦးမယ် ။ ကျွန်တော်အိမ်က ဆိုင်ကယ် တောင်းတော့ သင်္ကြန်​ပြန်တက်မှပေးမယ်လို့ပြောတာကိုး။ တောင်းတဲ့အချိန်ကျတော့ ပေးပါတယ်။ ကျွန်တော့်မှာ ဆိုင်ကယ် ရပြီးကတည်းက ပသိချောင်းသွားလိုက် တောင်ငူမြို့ထဲသွားလိုက်နဲ့ တစ်နေ့တစ်နေ့ လျှောက်ပဲ သွားတာလေ။ နောက်တစ်ခုက ကျွန်တော်နဲ့အဆောင်က ကောင်လေးတစ်ယောက်အကြောင်း နည်းနည်းပြောပြမယ်။ သူက တစ်ဦးတည်းသောသား။ ရွှေကျင်က အရမ်းချမ်းသာတယ်။ အပိုပြောတယ်လို့မထင်နဲ့ ။ အဲ့ဒီတုန်းက ဖုန်းတွေဆိုတာ သိန်း ၂၀ သိန်း ၃၀တန်တွေလေ။ တော်ရုံလူမကိုင်နိုင်တဲ့အချိန်မှာ သူကဖုန်းကိုင်နိုင်တယ်။ နောက်တစ်ခုက Handset၊ သူက Handset ကို တစ်လ တစ်ခါ အသစ်လဲကိုင်တယ်၊ အဲ့ဒီတုန်းက Nokia ပေါ့ ။ Keypad လေး။ နောက်တစ်ခုက Sony Ericsson လေ ။

image
Crd-org-source

image
Crd-org-source

အဲ့ဒီကောင်လေးက သူကိုင်တဲ့ဖုန်း နည်းနည်းလေး အစင်းလေး မထင်နဲ့ တန်းပြီးတော့ လဲကိုင်တာ။ သူအိမ်ကလည်း ဘာမှမပြောဘူး။ အဲ့ဒီလို ဖြုန်းတာ ။ ကြာတော့ဘာဖြစ်လဲဆိုတော့ လောင်းကစား အကုန်လုပ်တယ်။ တစ်ခါတုန်းကလည်းဘောလုံးပွဲလောင်းတာ ရှုံးလို့ သူ့အိမ်ကတောင် လာပြီး ပေးသွားတယ် ။ နိုင်လို့ကတော့ တောင်ငူမြို့ထဲသွားပြီး လျှောက်ဝယ်တာ၊ အဝတ်အစားတွေဆိုရင် တစ်ခါ နှစ်ခါပဲဝတ်တယ်၊ ပြီးရင် သူများကိုပေးပြစ်တာ။ အဲ့ဒီလို ဖြုန်းတာ။ တစ်နေ့တော့ ကျွန်တော့်ကို သူကခေါ်တယ်၊ အစ်ကို ရယ် အစ်ကို့သူငယ်ချင်းရယ် လိုက်ခဲ့ပေးပါတဲ့ ဆိုပြီး ခေါ်တော့ လိုက်သွားတာပေါ့။ ဘယ်နေရာလဲ ဆိုတော့ ဖဲဝိုင်း ကို ဗျာ။သူ့ကို ဖဲဝိုင်းရိုက်ပေးပါဆိုပြီးခေါ်တော့ ကျွန်တော့သူငယ်ချင်းကတော့ အရမ်းဝါသနာကြီးတဲ့ကောင်ကိုး။ သူရိုက်ပေးမယ် ဆိုပြီး သွားရိုက်ကြတာ။ ပထမတော့ ဖဲဝိုင်းက ဝိုင်းသေးလေး ။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းကြီးလာတာ။ ဖဲရိုက်တဲ့သူတွေကလည်း သူ့လိုမျိုး မိဘ ပိုက်ဆံဖြုန်းတဲ့ကောင်တွေချည်းပဲ ဆိုတော့ လုပ်ချင်သလိုတွေ ဖြုန်းချင်သလိုတွေဖြုန်းကြတာ၊ ဒီလိုနဲ့ ရိုက်ရင်း ရိုက်ရင်း နဲ့ ကျွန်တော့်သူငယ်ချင်းဆီမှာ ပိုက်ဆံတွေ အကုန်ရောက်လာပြီ၊ သူတို့မှာလည်း ပိုက်ဆံတွေမရှိတော့ ပွဲသိမ်းမယ်ဆိုတော့ ရှုံးတဲ့သူတွေက လက်မခံဘူး မသိမ်းရဘူး ပြွဲပီးတဲ့အထိ ကစားရမယ် ဆိုပြီး ဘာတွေ ဖဲဝိုင်းမှာ ထိုးကြတယ် ထင်လဲ။ လည်ပင်းက ဆွဲကြိုးတွေ ၊ လက်စွပ်တွေ ထိုးကြရော၊ နောက်ဆုံး ဆိုင်ကယ် တွေပါ ထိုးကြတာ ။ အဲ့လိုဖဲဝိုင်းကို ကျွန်တော်လည်း တစ်ခါပဲမြင်ဖူးတာ၊ အဲ့ဒီဖဲဝိုင်းမှာ ဆိုကြပါစို့ လက်စွပ်ချွတ်ထိုးတယ်ပေါ့ အဲ့ဒီလက်စွပ်က ဘယ်နှစ်သိန်းတန်တန် ဒိုင်က သူပေးချင်သလောက်နဲ့ တန်ဖိုးဖြတ်လို့ရတယ် ၊ မကျေနပ်ရင် မထိုးနဲ့ပေါ့၊ ဒီတော့ ရှုံးတဲ့ကောင်က မထိုးရင် သူ့ပိုက်ဆံဘယ်ပြန်ရမလဲ ၊ ဖဲသမားတွေပြောတဲ့စကားတစ်ခွန်းရှိတယ်။ ငွေမျောရင် ငွေနဲ့လိုက် ၊ ရေမျောရင် ရေနဲ့လိုက် တဲ့။ ဖဲဝိုင်းထဲမှာလေ ဆြွဲကိုးတွေ လက်စွပ်တွေ ဆိုင်ကယ်သော့တွေ ဆိုတာ ပလူပျံနေတာပဲ။ နောက်ဆုံးလည်းကျရော ကျွန်တော့်သူငယ်ချင်းကပဲ တော်တော်များများနိုင်ပါလေရော။ ပွဲပြီးတော့သူက ဆြွဲကိုးတွေ လက်စွပ်တွေ အကုန်ပြန်ပေးတယ်။ အဲ့ဒီအစား ပိုက်ဆံ ဘယ်နေ့ကို ဘယ်လောက်ပဲပေး ဆိုပြီး ပွဲသိမ်းလိုက်တာပေါ့။ အဲ့ဒါနဲ့အဆောင်ပြန်ရောက်လို့ ပိုက်ဆံရေကြည်တော့ ငွေသားချည်းပဲက ၆ သိန်းလောက်နိုင်တယ်၊ အကြွေးနဲ့ဆို ၈ သိန်းလောက်ရှိတယ်၊ ကျွန်တော်ပြောချင်တာကအဲ့ဒီကောင်လေးက အခု ကျောင်းမပြီးသွားဘူး အိမ်ထောင်ကျသွားပြီလေ။ အမှန်က သူအဲ့ဒီလိုပျက်စီးရတဲ့အကြောင်းက မိဘက တအားအလိုလိုက်လို့ဖြစ်တာ။ တက္ကသိုလ်​မှာ ပုံစံမျိုးစုံတွေ့ရတာ က အတွေ့အကြုံပဲလေ။

image
Crd-org-source

ဒါကြောင့် ဒီ အပိုင်းလေးကို ဖတ်ပြီးရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ မိဘ ဖြစ်လာမည့် သူတွေ က ကိုယ့်သားသမီး ကို မပျက်စီးစေချင်ရင် သိပ်အလိုမလိုက်ကြပါနဲ့ဗျာ။
.......
.......
photo credit by Google ,Facebook and Me
....
....
အပိုင်း( ၁၈)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

H2
H3
H4
3 columns
2 columns
1 column
Join the conversation now