Share your feeling for someone you loved

သင့်ရဲ့ဘ၀ မှာ ကိုယ် ချစ်မိတဲ့ သူ တယောက်ကို ဖွင့် ပြောခွင့် မရပဲ ချစ်ခဲ့တာမျိုး ရှိခဲ့ဖူးသလား။ ကျွန်တော်က တော့ ရှိခဲ့ဖူးပါတယ်။ သင်လဲ ကျွန်တော့် လိုမျိုး ရှိခဲ့ ဖူးမယ် လို့ ယုံကြည်ပါတယ်။
အဲ့လို ဖြစ်ခဲ့ ဖူး တဲ့ သူတိုင်းမှာ သူ့အတွက် သင်ပြောပြချင်ခဲ့တဲ့ စကားလုံးပေါင်းမြောက်များစွာ ရှိကြမှာပါ။
ဒါပေမဲ့ သူ့ကိုရော အခြား သူများကိုရော သင် ဘယ်တုန်းက မှပြောဖြစ်ခဲ့မှာ မဟုတ်ပါဘူး။
ဒီနေ့တော့ သင် ပြောချင်တဲ့ အဲ့ဒီ စကားလုံးတွေကို ကျွန်တော်ရော အခု ဒီစာကို ဖတ်နေကြမဲ့ သူတွေရော သင်နဲ့ အတူ ထပ်တူ ခံစားပြီး နားထောင် ပေးကြမှာပါ။
ဒီလို အခွင့်အရေးမျိုးကို နောက်တကြိမ် ဘယ်တော့မှ ထပ်ပြီးရတော့မှာ မဟုတ်လို့ သင့်အနေနဲ့ သင့်ရဲ့ခံစားချက်တွေကို သူ့ ကို ပြောပြဖို့ ကျွန်တော့် လိုပဲ comment ပေးပြီး ခံစားချက်ခြင်း မျှဝေ ကြည့်ကြ ပါဆို့။
“ မိုး ဆိုတဲ့ ကောင်မလေး ရေ၊ မင်းကို စ တွေ့ခဲ့တာ ခုနှစ်တန်း နှစ်မှာပေါ့။ နေ့ရက်တိုင်းမှာ မင်းမျက်နှာလေးကို ပဲ မြင်ချင်နေမိတယ်။ မင်းအသံလေးကို ပဲကြားချင်မိတယ်။ မင်းနဲ့ အတူပဲ အချိန်တွေကို ကုန်ဆုံး ချင်ခဲ့တယ်။
ငါမသိခဲ့ ပါဘူး ဒါကို အချစ်ဆိုတာကိုပေါ့။ ဒီလို နဲ့ ရက်ပေါင်းများစွာ ကြာခဲ့ပြီး ဒါဟာ အချစ်မှန်း သိလာတဲ့ တနေ့မှာ ငါဖွင့်ပြောဖို့ ကြိုးစားဖူးပေမဲ့ သတ္တိမရှိခဲ့တဲ့ အတွက် မပြောဖြစ်ခဲ့ပဲ မင်းနဲ့ ဝေးခဲ့ရတယ်။
အခုနေများ မင်းသာ ငါရှေ့မှာ ရှိခဲ့မယ်ဆိုရင် အရင်ကလို မဟုတ်ပဲ သတ္တိရှိရှိ နဲ့ မင်းကို အရမ်းချစ်တယ်လို့ မင်းမျက်ဝန်းလေးကို ကြည့်ပြီး ပြောပြမိမှာပါ။
ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးလေ။ နာဂစ် ဆိုတဲ့ ရက်စက်လွန်းသော သဘာဝ ဘေးအန္တရာယ်ဆိုးကြီးကြောင့် ငါ့ချစ်ခဲ့တဲ့ မင်းဟာ ဘ၀ တပါးကို ကူးပြောင်းသွားပြီလို့ ငါ့သူငယ်ချင်းဆီက ကြားခဲ့ရလို့ပါ။
ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်ဆုတ်ပြီး အခြေအနေ တွေကို ပြန်ပြောင်းပြစ်လိုက်ချင်ပါတယ်။ အခုတော့ နောင်တများစွာနဲ့ ပြန်ပြင်လို့ မရတော့ဘူးလေ။ ’’

သူငယ်ချင်းတို့လဲ မှာ ကျွန်တော်လို့ ရင်ဖွင့်ပြီး ခံစားချက် လေးတွေ အနည်းငယ်သက်သာ ခဲ့မယ်ဆိုရင် comment မှာ ရေးပြီး ဒီစာကို ဖတ်မဲ့သူတိုင်းနဲ့ခံစားချက်ခြင်း မျှဝေ ခံစားကြည့်ကြရအောင်။

broken-heart-quotes-pics-and-sayings-2-cf88f8e4.jpg

Photo Credit - Google Image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now