ဓားကိုဖျက်​တာဝါးမျက်​၊ လူကိုဖျက်​တာ အရက်

မ​နေ့က​နေ့လည်​ သူငယ်​ချင်းတစ်​​ယောက်​ နာ​ရေး ​ရေ​ဝေးသုသာန်​လိုက်​ပို့ရတယ်​။ အရမ်းကြီးမရင်းနှီး​ပေမဲ့ ​ခေါ်ထူး​မေး​ဖြေ လမ်းမှာ​တွေ့ရင်​လဲ အမြဲနှုတ်​ဆက်​တတ်​တဲ့သူငယ်​ချင်း ။ အသက်​က (၂၇ )သာရှိ​သေးသည်​။ ကျ​နော်​တို့နဲ့ မတိမ်းမယိမ်း။ လူ့​လောကသက်​တမ်းနှင့်​ချိန်​ကြည့်​လျှင်​ ဘဝရဲ့ ပထမအရွယ်​သာ ​နေရ​သေးတယ်​။ သက်​တမ်း​စေ့​နေရမယ်​ဆိုရင်​ ဘဝမှာ​ရှင်​သန်​ချိန်​​တွေအများကြီးရှိ​သေးသည်​။ အနာဂတ်​​တွေရှိ​နေ​သေးသည်​။ တက်​လမ်း​တွေရှိ​နေ​သေးသည်​။ သူငယ်​ချင်းအတွက်​ စိတ်​မ​ကောင်းဖြစ်​မိသည်​။ ဒါနဲ့ ဘာ​ရောဂါ​ကြောင့်​​သေတာလဲ​မေးကြည့်​​တော့ အသဲအဆီဖုံးတယ်​ဆိုလား အသဲ​ခြောက်​တယ်​ဆိုလားပဲ။ ​သေချာတာက​တော့ အရက်​​ကြောင့်​တဲ့။ အသက်​ကသာ (၂၇ )ရှိ​သေးသည်​။ သူအရက်​​သောက်​သည့်​ နှစ်​​ပေါင်းက ဆယ်​စုနှစ်​တခုနီးပါး။![SScreenshot_2018-07-30-10-28-38-843_com.facebook.katana-01.jpeg

သူငယ်​ချင်း ဘာ​ကြောင့်​အရက်​စွဲသွားလဲ​မေးကြည့်​​တော့ သူ့အလုပ်​အကိုင်​က ကားစပါယ်​ရာ။ ဟိုင်း​ဝေးကားကြီးစပါယ်​ရာ။ နယ်​​တွေထွက်​ရသည်​ ပိုက်​ဆံ​ဖော​ဖောသီသီရသည်​။ မိဘနဲ့​ဝေး​နေသည်​။ ကားသမားအများစုတို့ ထုံးစံအတိုင်း ပိုက်​ဆံ​ဖော​ဖောသီသီရသည့်​အတွက်​ မိဘကွယ်​ရာမှာ ပျက်​စီးချင်​တိုင်းပျက်​စီး​နေသည်​။ လူဆိုတာက အတုမြင်​ အတတ်​သင်​ မဟုတ်​ပါ​လော။ သူ့ဆရာကားသမား​တွေနဲ့ ​ပေါင်းမိရင်း နယ်​စပ်​ အစွန်​အဖျားမြို့​တွေမှာ ကဲချင်​တိုင်းကဲ ​ပျော်​ချင်​တိုင်း​ပျော်​​နေမိ​တော့မှာ​ပေါ့။ ကားနားလို့အိမ်​ပြန်​​ရောက်​တဲ့ ရက်​ပိုင်းအတွင်းမှာ​တောင်​ ဒီ​ကောင်​မ​နေနိုင်​​တော့ဘူး။ ည​နေဆို သူ့မိဘ​တွေသိမှာစိုးလို့ အပုန်းဆိုင်​မှာ သွားသွားကစ်​​နေရသည်​။ မိဘ​တွေကလဲ လက်​ဆုပ်​လက်​ကိုင်​သာ မမြင်​တာ သူ့ပုံစံကြည့်​ပြီး သိ​နေပါသည်​။ အသက်​အရွယ်​နဲ့မမျှ ​ဖောသွပ်​​နေသည်​။ တတ်​နိုင်​သ​လောက်​ဆုံးမ​သော်​လည်း ခနတဖြုတ်​သာ အိမ်​မှာရှိတဲ့အတွက်​ စကား​တောင်​ကြာကြာမ​ပြောလိုက်​ရ ​နောက်​​နေ့နယ်​ထွက်​ပြန်​ရ​တော့သည်​။ မိဘ​တွေမှာလဲ စားဝတ်​​နေ​ရေးအတွက်​သာ ဒီအလုပ်​ကိုခွင့်​ပြု​နေရသည်​။ စိတ်​ပါလွန်းလို့ခိုင်း​နေရခြင်းမဟုတ်​​ပေ။ သိပ်​မကြာပါဘူး ကျန်းမာ​ရေးမ​ကောင်းလို့ အိမ်​ပြန်​နား​နေရတယ်​လို့သတင်း​တော့ကြားသည်​။ ကိုယ်​ကလဲ အလုပ်​မအားတာနဲ့ မ​ရောက်​ဖြစ်​။ ​နောက်​ဆုံး ​သေခါမှ​ရောက်​ဖြစ်​​တော့သည်​။ စိတ်​ထဲ​တော့မ​ကောင်း​ပေ။ ဒီအသက်​ရွယ်​​လေးနဲ့ ဘဝကူးသွားတဲ့သူငယ်​ချင်းကိုကြည့်​၍ ကိုယ့်​မှာ သံ​ဝေဂရ​နေမိသည်​။ ​သေခြင်းတရားဆိုတာ ကြီးသည်​ ငယ်​သည်​ မခွဲခါး၊ ​နေ့မှ​ခေါ်မည်​ ညမှ​ခေါ်မည့်​ ရက်​ချိန်းမ​ပေး အချိန်​မ​ရွေး​ရောက်​လာနိုင်​သည်​။ သို့​သော်​ လူ့ဘဝရတုန်းရခိုက်​​လေး ​ကောင်း​ကောင်းမွန်​မွန်​နဲ့ လူ့သက်​တမ်း​စေ့​နေချင်​သည်​။ အတိတ်​ဘဝအကျိုး​ပေး​ကြောင့်​ အချိန်​မတန်​ပဲ​သေရရင်​​တော့ တမျိုး​ပေါ့​လေ။ ​ကိုယ်​ကိုတိုင်​​​တော့ ကိုယ့်​အသက်​ကို မသတ်​​ချင်​​ပေ။ ​မကင်းနိုင်​တာမှန်​​သော်​လည်း တန်​​ဆေး လွန်​​ဘေး မလွှဲမ​ရှောင်​နိုင်​သည့်​အခါမျိုးမှသာ ​သောက်​ကြပါလို့တိုက်းတွန်းရင်​ လူငယ်​​တွေ အရက်​ထက်​ ကိုယ့်​အသက်​ကို တန်​ဖိုးထားတတ်​ကြပါ​စေ....![Screenshot_2018-07-30-10-22-09-679_com.google.android.googlequicksearchbox-01.jpeg](

Photo-google
@eldestson

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center