အွန်​လိုင်း​ငွေရှာခြင်းနှင့်​ကျွန်​မ

"အချိန်​ပြည့်​လိုင်း​ပေါ်မှာချည်းပဲ။ဘာ​တွေလုပ်​​နေတာလဲ။"
မကြာခဏအ​မေးခံရ​သောစကားများပင်​တည်း။မြန်မာ
ပြည်​၌အင်​တာနက်​စ​ပေါ်ကတည်းကသုံးခဲ့သည်​။အင်​တာနက်​ကိုမိမိသိချင်​​သောအ​ကြောင်းအရာများအား သိရှိရန်​အသုံးချခဲ့သည်​။ဖုန်းအင်​တာနက်​မရခင်​ကတည်း
ကပင်​အင်​တာနက်​ဆိုင်​များသို့သွား​ရောက်​၍မိမိသိချင်
သည့်​အ​ကြောင်းအရာများ၊ပညာရပ်​များကို​လေ့လာခဲ့
သည်​။
ထို့​ကြောင့်​ရပ်​ကွက်​ထဲ၌၁၅၀၀တန်​ဖုံး​လေးမဲ​ပေါက်​​သော
အခါအလွန်​အမင်း​ပျော်​ရွှင်​ခဲ့မိသည်​။ထိုအချိန်​ကစာ​ရေး
သူတို့ပတ်​ဝန်းကျင်​၌ကီးပတ်​ဖုန်းများကိုသာသုံးစွဲသူ
များ​နေ​သေးသည်​။သို့​သော်​စာ​ရေးသူသည်​မရှိမဲ့ရှိမဲ့ပိုက်​ဆံ​လေးနှင့်​touch phone​လေးတစ်​လုံးအားဝယ်​ယူခဲ့သည်​။စာ​ရေးသူအ​ဒေါ်များနှင့်​​ဆွေမျိုးများက
"ဖုန်းပဲ​ပြောရ​တော်​ပြီ​ပေါ့။ဘာလို့များအရစ်​ကရှည်​ချင်​​တယ်​"ဟု​ကောင်းချီး​ပေးကြ​လေသည်​။
သို့​သော်​လျစ်​လျူ ရူ၍အင်​တာနက်​သုံးဖို့ကိုသာစိတ်​​စော
မိသည်​။ထို့​ကြောင့်​အင်​တာနက်​ရ​အောင်​ချိတ်​ပြီးသုံး
ပါ​တော့သည်​။ပထမဦးဆုံးဝယ်​မိသည်​ကTWZဖုန်း
အ​ပေါစားက​လေးဖြစ်​သည်​။ထိုဖုန်းက​လေးဖြင့်​ပင်​blogက​လေးတခု​ထောင်​၍ကိုယ်​​ရေးချင်​သည့်​စာစု​များအား​ရေးတင်​မိသည်​။
ကိုယ်​​ရေးထားသည့်​စာစုက​လေးများအားဦး​လေးဖြစ်​သူအားပြမိသည်​။"အ​ရေမရအဖတ်​မရအလုပ်​​တွေ"ဟု
အတွယ်​ခံရ​တော့သည်​။သို့​သော်​စိတ်​မပျက်​ခဲ့​ပေ။ထိုဖုန်းက​လေးဖြင့်​website​ပေါင်းများစွာဝင်​ကလိရင်းအွန်​လိုင်း၌​ငွေရှာနည်းများကိုဖတ်​မိခဲ့သည်​။
စိတ်​ဝင်​စားလွန်း၍အွန်​လိုင်း​ငွေရှာနည်းနှင့်​ပတ်​သတ်​သည့်​နိင်​ငံခြားwebsiteများကိုပါဝင်​၍​လေ့လာဖတ်​ရှူခဲ့သည်​။ထို့​နောက်​PTC websiteများ၌​ကြော်​ငြာကလစ်​ခြင်းစမ်းလုပ်​ကြည့်​ခဲ့သည်​။
ထိုအချိန်​ကpaidvert;probuxစ​သောPTCဆိုက်​ဒ်​များ​ခေတ်​စားခဲ့သည်​။ထို့​နောက်​websiteတစ်​ခု
၌"​နောင်​​ရေးအတွက်​ဘစ်​ကွိုင်​စုရ​အောင်​"ဟူ​သော
အမည်​ရှိသည့်​​ဆောင်းပါးတစ်​ပုဒ်​အားဖတ်​ရှူမိခဲ့သည်​။
ထို​ဆောင်းပါးအားသ​ဘောကျလွန်း၍BTCနှင့်​ပတ်​သတ်​သည့်​အ​ကြောင်းအရာများအားဆက်​၍ရှာ​ဖွေ​လေ့
လာခဲ့သည်​။
ထို့​နောက်​Free​ပေးသည့်​websiteများ၌claimခဲ့
သည်​။ထို့​နောက်​ရရှိ​သောBTCဖြင့်​ပင်​your freedom planများဝယ်​သုံး၍Youtubeကိုbill
မကုန်​ဘဲကြည့်​ချင်​သ​လောက်​ကြည့်​နိုင်​ခဲ့သည်​။free claimလို့ရ​သောBTC​လေးများအား​ရောင်းချ၍ဖုန်းbillဖိုး​လောက်​ရရှိသည်​ကိုပင်​​ပျော်​​နေခဲ့မိသည်​။
ထို့​နောက်​PTCဆိုက်​ဒ်​များ၌လည်း​ငွေအ​တော်​အတန်​ရင်းနှီးကာလုပ်​ကိုင်ခဲ့သည်​။အကျိုးအမြတ်​လည်းရရှိသင့်
သ​လောက်​ရရှိခဲ့ပါသည်​။
သို့​သော်​စာ​ရေးသူနှင့်​ပတ်​သတ်​​သောအသိမိတ်​​ဆွေ​ဆွေ
မျိုးအသိုင်းအဝိုင်းထဲ၌အွန်​လိုင်း​ငွေရှာနည်းများအ​ကြောင်းကို​ပြောပြရှင်းပြ​သော်​လည်းမည်​သူမှစိတ်​ဝင်​စားခြင်းမရှိခဲ့​ပေ။ထိုသူတို့သည်​COCနှင့်​mobile legend
စ​သောဂိမ်းများ၌မူထမင်း​မေ့ဟင်း​ပျော်​​မွေ့​နေသူများဖြစ်​ကြသည်​ကို​တွေ့ရှိရသည်​။
စာ​ရေးသူ​တွေးမိသည်​။ထိုဂိမ်းများကိုဖုန်းbillအကုန်​ခံ၍​ကစားကြသည်​။အကျိုးရှိသည့်​​လေ့လာမှူမျိုးကိုထိုသူများ
ဘယ်​​ကြောင့်​မလုပ်​ချင်​ကြပါသနည်း။အံသြမိ​ပေသည်​။
စာ​​ရေးသူသည်​လည်းကိုယ်​ပိုင်​အလုပ်​ဖြစ်​သည့်​စာသင်
ခြင်းအလုပ်​ကိုလုပ်​​နေသည့်​သူဖြစ်​သည့်​အ​လျောက်​အားလပ်​ချိန်​များများစားစားရှိလှသူမဟုတ်​​ချေ။
ထိုသို့မအားသည့်​ကြားမှပင်​သင်​တန်း​ကြေးfreeနီးပါး
ဖြစ်​သည့်​forex tradingသင်​တန်းမျိုးကိုအ​ခြေခံ
အဆင့်​​လောက်​တီးမိ​ခေါက်​မိ​စေရန်​အ​ပြေးအလွှားအချိန်​ယူ၍တက်​ခဲ့သည်​။သို့​သော်​စာ​ရေးသူတို့အသိုင်းအဝိုင်းမှ
စာ​ရေးသူအားအထင်​ကြီးခြင်းမရှိခဲ့​ချေ။
၎င်းတို့စိတ်​ထဲ၌အွန်​လိုင်းမှာ​ငွေရှာသည်​ဆိုသည်​မှာ
အလိမ်​အညာ​တွေချည်းသာဟုထင်​မြင်​​နေကြသူများဖြစ်
သည်​​။Steemitအ​ကြောင်းလည်း၎င်းတို့အား​ပြောပြတန်​သ​လောက်​​ပြောပြခဲ့သည်​။သို့​သော်​စိတ်​ဝင်​စားသူအနည်းအကျဉ်းသာရှိသည်​။
စာ​ရေးသူတို့မြန်​မာနိုင်​ငံ၌အွန်​လိုင်း၌​ငွေရှာခြင်းအားလုပ်​ကိုင်​သူသည်​0.001%​လောက်​ပဲရှိနိုင်​​ပေလိမ့်​မည်​။မည်​သို့ပင်​ဆို​စေကာမူထို0.001%၌မိမိပါဝင်​​နေ​ပေ
သည်​။နည်းပညာနယ်​ပယ်​အသစ်​အား​လေ့လာရ​​ကောင်း
မှန်းပင်​မသိသည့်​နိုင်​ငံ၌မိမိသည်​ထိုလူနည်းစု၌ပါဝင်​​နေ
သည်​ကိုဂုဏ်​ယူမိသည်​။
MSC၏leaderအစ်​ကိုဟင်​နရီ​အောင်​​ရေးသား
သည့်​​ဆောင်းပါးတစ်​ပုဒ်​၌MSCသည်​မြန်​မာနိုင်​ငံ၌တရားဝင်​အဖွဲ့အစည်းတခုဖြစ်​လာသည့်​အချိန်​၌ မိမိတို့သည်​မြန်​မာနိုင်​ငံ၏စွန့်​ဦးတည်​ထွင်​သူလူငယ်​များ
စာရင်း၌ပါဝင်​လာနိုင်​သည်​ဟူ​သောအချက်​အားဖတ်​ရှူ့မိ၍ အလွန်​အမင်းအားတက်​မိသည်​။
အစ်​ကိုဟင်​နရီ​အောင်​၏​ဆောင်းပါးများသည်​မြန်​မာsteemit userများအတွက်​အား​ဆေးတစ်​ခွက်​ပင်
ဖြစ်​​ပေသည်​။မည်​သို့ပင်​ဆို​စေကာမူအွန်​လိုင်း​ငွေရှာနည်းများအားရှာ​ဖွေခဲ့၍steemitအ​ကြောင်းသိခဲ့ရသည်​။steemit​ကြောင့်​ပင်​ဆရာတင်​လှိုင်​ဦးကဲ့သို့ဆရာ
မျိုးနှင့်​​တွေ့ဆုံခဲ့၍MSC၏အဖွဲ့ဝင်​ဖြစ်​လာခဲ့သည်​။ဆရာတင်​လှိုင်​ဦး၏သင်​တန်းမှဘဝအတွက်​ခွန်​အား
ဖြစ်​​စေမည့်​အ​တွေးအ​ခေါ်များ၊အသိပညာများစွာရရှိခဲ့
သည်​။ထို့​ကြောင့်​ပရဟိတစိတ်​ကြီးမားသူအစ်​ကိုဟင်​နရီ၊ဆရာတင်​လှိုင်​ဦးစသည့်​ဆရာသမားများသည်​ဘဝအ
တွက်​အဖိုးမဖြတ်​နိုင်​​သောရတနာများဖြစ်​သည်
ဟု​ပြောကြားရင်းဤ​ဆောင်းပါးအားနိဂုံးချုပ်​လိုက်​ရပါ​သည်​။
မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​ကြပါ​စေဟု
ဆု​တောင်းရင်းအိအိခိုင်​​ရေးသားသည်​။

MSC No.173.

image
Credited image from https://www.pexels.com/photo/business-charts-commerce-computer-265087/

H2
H3
H4
3 columns
2 columns
1 column
Join the conversation now