အနာဂါတ်​မျိုးဆက်

နုနယ်​နှလုံးသား
အဖြူ ထည်​စိတ်
က​လေးများဘဝဝယ်
ဂရုဏာ၊​မေတ္တာ၊မုဒိသာ
သုံးသွယ်​စိတ်​ထား
အကျင့်​မြတ်​ကိုစွဲ​အောင်
သင်​ကြား​လေ့ကျင့်​ဖွယ်

လူ့တို့​​နေထိုင်
ဤဌာနတွင်
ကြုံ​တွေ့ဆက်​ဆံကိစ္စများ၌
ကိုယ်​နှင့်​လည်းစာ
ကိုယ်​ချင်းစာတရား
လက်​ကိုင်​ကျင့်​သုံးတတ်​​အောင်​ကွယ်
လူ့မမယ်​က​လေး
မျိုးဆက်​က​လေးများအား
ဆရာမိဘ​ပေါင်း၍
သင်​ကြားမယ်​။
ကြီးသူရို​သေ၊
ငယ်​သူညှာတာ
တန်းတူ​လေးစား
ဤသုံးသွယ်​အား
အနာဂါတ်​မျိုးဆက်​များအား
သင်​ကြားမယ်​။
မနာလိုကင်း
ဝန်​တိုနည်း၍
သူတပါးအတွက်​ဝမ်း​မြောက်​ဖွယ်
ချမ်းသာ​စေ​ကြောင်း
မုဒိသာအား
မျိုးဆက်​က​လေးများ
ကျင့်​သုံးဖွယ်​။
ကမ္ဘာ​လောက
သာယာငြိမ်း၍
ထက်​မြက်​မျိုးဆက်​ဖြစ်​​အောင်
လုံ့လဝီရိယစွဲကိုင်​ထား၍
အနန္တဂိုဏ်းဝင်
မိဘဆရာတို့
ညီညာစု​ပေါင်းကြိုးစားစို့ကွယ်​။

အနာဂါတ်​၏ မျိုးဆက်​က​လေးများအားစိတ်​ထား​ကောင်းမြတ်​၊ထူးချွန်​ထက်​မြက်​၍လူ့​ဘောင်​​လောကသာယာ​စေပါ​စေရန်​ဆုမွန်​​ကောင်းဖြင့်
အိအိခိုင်​​ရေးဖွဲ့သည်​။
MSC No.173

image

Credited from google image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center