They Love Me

image

Bot နှင့် ပတ်သက်ပြီး အနည်းငယ် ပြောပြလို၏။ ကျတော် bot သုံးရခြင်းသည် steem power တိုးချင်သော ကြောင့် ဖြစ်၏။ ဒီအတိုင်း ရသည့် SBD ဖြင့် steem ၀ယ်ပြီး power up ရင်ကော ဟု မေးစရာ ရှိ၏။ မရ မဟုတ်၊ ရ၏။ သို့သော် မိမိ SBD အရင်း ပြန်ရပြီး steem power ပြန်ရသည့် အတွက် မဆိုးလှဟု ပြောလို့ ရ၏။ သို့သော် ဈေးကျနေချိန်မှာတော့ bot သည် သေချာပေါက် ရှုံးပါ၏။ နို့ဆိုလျှင် ဘာလို့ bot နေ သနည်းပေါ့။ ရှင်းပါသည် ဒီအတိုင်း power up ခြင်းထက် bot ကနေ တဆင့် power up ကြည့်ချင် သောကြောင့် ဖြစ်၏။ (၂) လလောက် bot ကြည့်ဖို့ ကျတော် စဉ်းစားထား၏။ ပြီးမှ အခြေအနေ၊ အရှုံးအမြတ်ကို တွတ်ကြည့်မည်။

လက်ရှိချိန်ထိ minnowbot တမျိုးတည်းကိုသာ သုံး၏။ တရက်က minnowbot.net, connection loose ဖြစ်ပြီး site error တက်၏။ ပုံမှန်အားဖြင့် မိမိ balance ထဲက bot လျှင် website history ၌ message (၂) ခါပြ၏။ balance ထဲမှ ပမာဏ ဘယ်လောက်ဖြင့် မိမိ upvote လုပ်သည်ကို တခါ၊ ထို bot လုပ်သည့် ပမာဏကို သူတို့ လက်ခံလျှင် လက်ခံကြောင်း၊ လက်မခံလျှင်လည်း လက်မခံကြောင်း refund ပြန်လုပ်ပေး၏။ ထိုရက် က ကျတော် post တခုကို 20 SBD နှင့် bot ဖို့လုပ်၏။ ထိုအချိန်မှာ error ဖြစ်ပြီး ကျတော် bot လုပ်သော ပမာဏသည် balance ထဲမှာလည်း မရှိ၊ refund လည်း မပြန်လာပေ။ upvote လုပ်ထားသော message သာ ရှိ၏။ ထို့ကြောင့် မိမိ steem account သို့ ပြန်သွားကြည့်၏။ refund မ၀င်ပဲ လာများ vote ထားလားပေါ့။ မ vote ထားပေ။ minnowbot.net သို့ ပြန်သွားပြီး sign out လုပ်ပြီး ပြန်ဝင်ကြည့်၏။ Balance လေးက နဂိုအတိုင်းပင်။ 20 SBD ပျောက်နေပြီ။

image

ဖြစ်ဖြစ်ချင်းတော့ နည်းနည်းထူပူသွား၏။ သို့သော် ကျတော့်အသိ ထဲမှာ bot သူများလည်း တခါတလေ ထိုသို့ ကြုံရသည့် အခါမျိုး ရှိကြောင်း ကြားဖူးနားဝ ရှိထား၏။ ပြန်တောင်းလျှင် ပြန်ပေးကြောင်း လည်း သိရ၏။ ခက်သည်က မည်သို့ သွားပြောရမည်ကို စဉ်းစားနေ၏။ နောက်မှ Discord ရဲ့ minnowsupport group မှာ သွားပြောဖို့ သတိရ၏။ ထိုကိစ္စကို ကိုသက် @thatkozaw သိတော့ အနှီကိစ္စမျိုးမှာ အထွေး @aungzawhtwe ကျွမ်းသည် သူ့ဆီသွားပြောဟု ဆို၏။ သို့နှင့် ကျတော်လည်း Discord မှာ မိမိ ဖြစ်စဉ်ကို သွားပြောထားပြီးနောက် အထွေးကို messenger မှ ဆက်သွယ်ရလေတော့၏။ သူက ကျတော့်အား ဖြစ်စဉ်ကို မေးပြီးနောက် အကို သွားပြောထားပြီးပြီလားဟု မေး၏။ ကျတော်ကလည်း သွားပြောထားပြီ ဖြစ်ကြောင်း သူ့အား ပြောပြ၏။

တအောင့်နေတော့ အထွေးပါ Discord chat group ထဲရောက်လာ၏။ သူတင် မဟုတ် @myintlwinsoe နှင့် @thethtooaung တို့ပါ ခေါ်လာ၏။ ထို့နောက် minnowsupport group ထဲ၌ ကြမ်းလေတော့၏။ ကြမ်းသည့် အကြမ်းက ခုခေတ်စကားဖြင့် ပြောရလျှင်တော့ 9 ကျော်၏။ ( အမှန်တကယ်ကို ကျေးဇူးတင်၊ အားကိုးရပါ၏။ ) ရှယ်ကြမ်းနေကြသဖြင့် ကာယကံရှင် ကျတော်က တောင် တားယူနေရ၏။ ဤနေရာ၌ ဟ ... ခင်ဗျားအတွက် ပြောပေးတာ ဘာလို့ တားနေတာလည်း ဟု မေးစရာ ရှိ၏။ ထို Group ထဲမှ Admin, Moderator, Manager တို့သည် ကျတော်တို့ထက် reputation ကော steem power အားဖြင့်ကော မြင့်ကြ၏။ မတော်တဆများ ကျတော့် ကိစ္စကြောင့် သူတို့ အပေါ် တစုံတခု လုပ်လိုက်မည်ကို ကျတော် လွန်စွာမှ စိတ်ပူ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

H2
H3
H4
3 columns
2 columns
1 column
Join the conversation now